မုန်တိုင်းညကို ကျော်ဖြတ်ခြင်း

Words
106
Reading
1 min
Listen
Play
8y

3FF4192B-F734-4165-B394-00254671D866.jpeg

ပြီးခဲ့သည့် May 29-30 က မြန်မာနိုင်ငံကမ်းရိုးတန်းသို့ အနီရောင်အဆင့်မုန်တိုင်း(cyclone)ငယ် (Deep Depression) ဝင်ရောက်တိုက်ခတ်မှုကို ခံစားခဲ့ရသည်ကို အားလုံးအသိပင်ဖြစ်ပါသည်။မုန်တိုင်း တိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံ၏ အနောက်ဘက်ရခိုင်ကမ်းရိုးတန်းနှင့် ဧရာဝတီတိုင်းဒေသကြီးတွင်သာမက မုန်တိုင်းဖြတ်သန်းရာတစ်လျှောက် တစ်နိုင်ငံလုံး မိုးသက်လေပြင်းကျရောက်ခြင်း၊မိုးကြီးခြင်းများကို ကြုံတွေ့ခဲ့ရသည်။

ကျွန်ုပ်နေထိုင်သည့် မကွေးတိုင်းဒေသကြီးသည်လည်း မုန်တိုင်းဖြတ်သန်းရာလမ်းကြောင်းတွင် ပါရှိသောကြောင့် မကွေးမြို့သည် မုန်တိုင်းတိုက်ခတ်သည့်ဒဏ်ကို ထိုနည်းတူစွာ အတော်တန်ခံစားခဲ့ရပါသည်။ မုန်တိုင်းမတိုက်ခင် လေဖိအားနည်းရပ်ဝန်းဖြစ်သည်နှင့်ပင် May 28 ရက်လောက်ကတည်း တနေကုန်မိုးဆွေ၍ရွာပါတော့သည်။ May 29 ရက်နေ့တွင် မိုးလေးဝသ နှင့် social media များမှ မုန်တိုင်းရှိသည်ဟုကြေငြာပြီး ညနေပိုင်းအထိ မကွေးတွင် ပုံမှန်သွားလာလှုပ်ရှားကြဆဲ၊အပြင်သို့အလည်အပတ်ထွက်ကြဆဲသာဖြစ်သည်။

863E49B3-E430-4058-8202-97A3A28726EA.jpeg

သို့သော် ည 7 နာရီနောက်ပိုင်းတွင်မှု မိုးရွာသွန်းမှုနှင့်အတူ တစ်ချက်တစ်ချက်လေပါပါလာတော့သည်။ လျှပ်စစ်မီးလဲ လာလိုက်ပျက်လိုက်နှင့်ဖြစ်လာသလို ချာလည်ပတ်ရမ်းစပြုလာပါသည်။ လေလည်းအတန်ငယ်ကြမ်းလာသလို အပင်ကြီးများ၏ယိမ်းထိုးသံကြီးများကိုအတိုင်းသားကြားရလာပါသည်။ ည 9 နာရီလောက်တွင်လျှပ်စစ်မီးလုံးဝပြတ်တောက်သွားခဲ့ပြီး လေပိုကြမ်းလာသဖြင့်ပြတင်းတံခါးများကိုလုံအောင်ပိတ်ထားသော်လည်း မလုံသောနေရာများမှ မိုးရေများဝင်လာခဲ့သည်။

ထို့ကြောင့် ထိုမိုးရေဝင်ရောက်မှုကို တားပြီးသန့်ရှင်းရေးလုပ်ရ ပါတော့သည်။ထိုမှတဆက်တည်း စာရေးသူ ည 1နာရီအိပ်ယာဝင်သည့်အချိန်ထိ လေလည်းအတော်ပင်ကြမ်းသလို မကွေးမြို့ကို မုန်တိုင်းဖြတ်ကျော်ချိန်တွင် 1 နာရီ မိုင် 60 နီးပါးဟု နောက်ပိုင်းမှသိခွင့်ရခဲ့သည်။ မနက်အိပ်ယာနှိုး၍ရောင်နီလာသည့်အချိန်တွင် မိမိအိမ်ရှေ့မှ ရဲယိုပင်မှာ လေဒဏ်ကြောင့် မြေပေါ်သို့ညွှတ်ကျနေသကဲ့သို့ အိမ်ဘေးသရက်ပင်မှသရက်သီးများမှာ ပင်ယံထက်မစံတော့ဘဲ မြေမှာသက်ဆင်းကြရသည်ကို တွေ့ရပါတော့သည်။

E7C952B1-A70C-44FF-9726-0ACCDFC6BFB4.jpeg

ထို့ပြင် တမြို့လုံးလဲ အမှိုက်သရိုက်များ၊အပင်ကြီးများပြိုလဲမှု၊ဓာတ်တိုင်များပြိုလဲမှု အတိဖြင့်မြင်ခဲ့ရပါသည်။ ထိုအချင်းအရာများကို မြင်သောအခါ ယခုကဲ့သို့ ကြာကြာစာမဖွဲ့နိုင်ပဲ အမှိုက်များရှင်းရန် တံမြက်စည်းကြမ်းကိုကိုင်ကာ ဪ..မုန်တိုင်းညကိုကျော်ဖြတ်နိုင်ခဲ့ပြီပေါ့လားဟုသာ တွေးလိုက်မိပါသည်။

written by mgtoetat@mgtoetat
photos from google
MSC-073

မုန်တိုင်းညကို ကျော်ဖြတ်ခြင်း | Ecency