ရေဘေးဒုက္ခ နှင့် မြွေအန္တရာယ်

Words
104
Reading
1 min
Listen
Play
8y

045717F6-EC95-4CD4-BDFC-FDCB5A2F1A19.jpeg

လွန်ခဲ့တဲ့ရက်အနည်းငယ်က မြန်မာတစ်နိုင်ငံလုံးတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဘေးကို ကြုံတွေခဲ့ရသည်မှာ အားလုံးအသိပင်ဖြစ်ပါသည်။ဤသည်မှာ မိုးရာသီတိုင်းကြုံတွေ့နေရသော အစဉ်အလာတစ်ခုကဲ့သို့ပင်ဖြစ်နေပါသည်။ရေအနိမ့်ပိုင်း ဒေသများတွင်သာမက ရေမြင့်ဒေသများတွင်မှာပါ ရေဘေးကို ကြုံတွေ့နေရသည်။ဤသည်မှာ မှားယွင်းသော ရေထုတ်စနစ်များကြောင့်ပင်ဖြစ်ပါသည်။

ရေထုတ်စနစ်ကို မှန်ကန်စွာ ဖောက်လုပ်ထားမှုမရှိခြင်း၊ရေထုတ်မြောင်းများကောခြင်း၊ အမှိုက်သရိုက်များစုပုံခြင်း စသည်တို့ကြောင့် မိုးရေအများစုသည် မြင့်ရာမှ နိမ့်ရာသို့ မစီးဆင်းနိုင်ဘဲ လမ်းမများထက်ပေါ်သို့ ရေလျှံလာခြင်းဖြစ်သည်။လမ်းမများ ပေါ်သို့ ရေလျှံလာသောအခါ တော်ရုံနှင့် ရေပြန်မဆင်းနိုင်တော့ပေ။ထိုချိန်တွင် ရေကြီးရေလျှံမှုများကို ကြုံတွေ့ရတော့သည်။

75132C8A-DCB7-4980-9455-137688EC3F92.jpeg

ရေဘေးဒုက္ခ(flood)ကို မြို့ပေါ်ထက် အများဆုံး ခါးစီးခံရသည်မှာ လယ်ယာစိုက်ပျိုးရေးကဏ္ဍပင်ဖြစ်ပါသည်။ ရေကြီးလျှင် လယ်များ၊ယာများ ရေလွှမ်းခံခြင်းကြောင့် သီးနှံများပျက်စီးပြီး တောင်သူလယ်သမားများ ထိခိုက်မှုကို အနည်းနဲ့အများခံစားရပေသည်။ထို့အပြင် တိုင်းပြည်အတွက်လည်း ကြီးမားသော နစ်နာဆုံးရှုံးမှုကြီးများကို ခံစားရပေမည်။ ထိုကဲ့သို့ ရေကြီးရေလျှံချိန်တွင် အလွန်ပင် အန္တရာယ်များသည်မှာ အမှန်ပင်ဖြစ်ပါသည်။

မီးကြိုးများ ပေါက်ပြဲခြင်းလျှပ်စစ်အန္တရယ်၊ ရေထဲတွင် မိမိကဲ့သို့ ရေဘေးဒုက္ခခံစားနေရသည့် မြွေ(snake)၊တိရိစ္ဆာန်တို့၏ အန္တရာယ်၊ ရေမြင့်တက်လာခြင်း ဘေး စသည့်တို့ကို သတိပြုမိနိုင်ရန်လိုအပ်ပါသည်။ အကောင်ပလောင်လေးများဖြစ်သည့် မြွေ၊ကင်း စသည်တို့သည် သူတို့နေထိုင်ရာများသို့ရေဝင်သောကြောင့် ပိုမြင့်သည့် လူတို့ ရေဘေးရှောင်နေသည့် အမြင့်ပိုင်းသို့ ရောက်ရှိလာနိုင်ပါသည်။
93161B10-417B-401B-BA2A-0B45CFBADEBF.jpeg

ထို့ကြောင့် အသင်ရေဘေးအန္တရာယ်နှင့် ကြုံ့တွေ့နေရပြီဆိုလျှင် ဤသည်ကို သတိထားဆင်ခြင်နိုင်ရန်လိုအပ်ပါသည်။ ထို့ပြင် ရေလွှမ်းပြီဆိုလျှင် ရေနိမ့်ပိုင်းတွင် ဆက်လက်၍ဖက်တွယ်မနေသင့်ဘဲ ချက်ခြင်းပင် အမြင့်ပိုင်းသို့ထွက်ခွာရန်လိုအပ်ပါသည်။ထိုမှသာ အခြား ကယ်ဆယ်ရေး၊လူမှုကူညီရေးအသင်းအဖွဲ့တို့၏ အရေးပေါ်အကူအညီပေးမှုကို လက်ခံနိုင်သကဲ့သို့ အခြား အကူအညီလိုအပ်နေသူများကိုလည်း အကူအညီပေးနိုင်မည်ဖြစ်ပေသည်။ steemit ပေါ်ရှိ MSC members များလည်း ရေဘေးမှ ကင်းဝေးစေကြောင်းဆုတောင်းလိုက်ပါသည်။

written by mgtoetat@mgtoetat
photos by mgtoetat@mgtoetat
MSC-073

ရေဘေးဒုက္ခ နှင့် မြွေအန္တရာယ် | Ecency