မောင်တိုးတက် ဘဝတစ်လျှောက်တွင် တွေ့ဆုံကြုံကြိုက်ရသည့် gathering တွေက အမျိုးစုံလှပါသည်။အခြေခံပညာအထက်တန်းကျောင်းတုန်းက သူငယ်ချင်းများနှင့် တွေ့ဆုံသည့် gathering၊ ဆိုင်ကယ်ကလပ်မှ သူငယ်ချင်းများနှင့်တွေ့ဆုံသည့် gathering၊ ငယ်သူငယ်ချင်းများနှင့် ပြန်ဆုံလျှင် ပြုလုပ်သည့် gathering စသည် သဖြင့်ဖြစ်သည်။
သို့သော် ဒီတစ်ခါ ကြုံကြိုက်မိသည့် gathering သည် ဆန်းကြယ်လှသလို ရင်လည်းခုန်ရပါသည်။ ဆန်းကြယ်သည်ဟုဆိုရရာတွင် မိမိတို့ အွန်လိုင်းပေါ်မှာသာ ခင်မင်ခွင့်ရသည့် မိတ်ဆွေအပေါင်းအသင်းများကို အပြင်တွင် တွေ့မြင်ရမည်ဖြစ်သည်မဟုတ်လား။ ဤသည်ကား Myanmar Steemit Community ၏ gathering ပင်ဖြစ်သည်။
စာရေးသူမောင်တိုးတက်အနေဖြင့် ယခင် ရန်ကုန်၊မန္တလေး gatheringများကို ဘက်ဂျက်အခြေအနေအရကော၊ စာမေးပွဲများဖြေနေရသည့် ကျောင်းသားတစ်ယောက်ဖြစ်နေခဲ့သည့်အတွက် ကြောင့် အရောက်မလာနိုင်ခဲ့ပါ။ သို့သော် ဒီတစ်ခါ gathering မှာမှု မိမိတို့ မြန်မာပြည်၏ အလယ်ဗဟိုဟု ပြော၍ရသော နေရာတွင်သာမက၊ မြန်မာတို့၏ အလေးအနက်တန်ဖိုးထားရသော နှလုံးသည်းပွတ်ဖြစ်သည့် ပုဂံရှေးဟောင်းနယ်မြေတွင် တွေ့ဆုံကြမည်ဖြစ်သောကြောင့် အတော်ပင် သဘောကျနှစ်ခြိုက်မိပါသည်။
ထိုအရာထက် နန်းစံသည့် အရာသည်မရှိတော့ပါ။ ထို့ပြင် သွားရလာရအဆင်ပြေသည့်အပြင် စားစရိတ်သောက်စရိတ်မပူရသည့်အတွက် gathering သို့လာရန် ဘက်ဂျက်အခြေအနေအတွက်လည်း များစွာအဆင်ပြေပါသည်။ ထို့ကြောင့် ကျွန်တော်မောင်တိုးတက် အနေနှင့် gathering သို့လာရန် ဆုံးဖြတ်ထားသလို ပြင်ဆင်ထားပါသည်။ သို့သော် အခက်အခဲတစ်ခုရှိသည်မှာ မိမိသည် ယခုမှ ကျောင်းပြီးသူ အလုပ်ရှာနေရသူဖြစ်သောကြောင့် အလုပ်များစွာလျှောက်ထားနေရသည်ဖြစ်ရာ gathering ရက်မတိုင်ခင်ကပင် လျှောက်ထားသည့် အလုပ်များနှင့် ပက်သက်၍ ခရီးလွန်ဖြစ်နေမှာကို ကြောက်ခြင်းဖြစ်သည်။
သို့သော် မိမိသည် MSC မှ မိတ်ဆွေအပေါင်းအသင်းများနှင့် လွန်စွာတွေ့ဆုံချင်သောကြောင့် ထိုအခက်အခဲများကို တတ်နိုင်သမျှရှောင်ကွင်းကာ အရောက်လာရန်ကြိုးစားပါမည်။လူတို့သည် မိမိတို့လုပ်ချင်သည့်အရာများကို မိမိတို့ကျန်းမာနေစဉ်၊အသက်အရွယ်မှ ခွင့်ပြုနေသေးချိန်၊စွမ်းဆောင်နိုင်သေးချိန်တွင်သာ လုပ်ခွင့်ရှိကြသည်မဟုတ်ပါလား။ထို့ကြောင့် MSC members အပေါင်းအားလည်း ပုဂံ gathering တွင်အတူတကွစည်းလုံးညီညွတ်စွာ ပါဝင်ကြစေရန် တိုက်တွန်း အပ်ပါသည်။
written by @mgtoetat
photos by @mgtoetat
MSC-073
post on busy