အားလုံးသိကြသည့်အတိုင်းပင် မနေ့ညက ကမ္ဘာ့ဖလားရဖူးသည့် နာမည်ကျော်ပြင်သစ်အသင်းနှင့် ခြေတက် ခရိုအေးရှားအသင်းတို့ ဗိုလ်လုပွဲကို အကြိတ်အနယ်ယှဉ်ပြိုင်ကစားသွားကြသည်။ စာရေးသူကျွန်တော် မောင်တိုးတက် ခန့်မှန်းမိသည့် အတိုင်းပင် ပြသစ်အသင်းမှ ခြေစွမ်းအသာဖြင့် ခရိုအေးရှားအသင်းသို့ ဂိုးများစွာသွင်း၍ ကမ္ဘာ့ဖလားဆုကို ရယူပိုင်ဆိုင်သွားသည်။ အားလုံးသိကြသည့်အတိုင်းပင် ပြင်သစ် ဘောလုံးအသင်းတွင် ပရီးမီးယားလိဂ်၏ နာမည်ကြီး ကလပ်များမှ အားကစားများစွာပါဝင်သောကြောင့် ခရိုအေးရှားအသင်းအနေဖြင့် ပြင်သစ်ဘောလုံးအသင်း၏ တိုက်စစ်နှင့် ခံစစ်ကို မယှဉ်နိုင်သည်မှာ အဆန်းမဟုတ်ချေ။
အထူးအဆန်းဖြစ်သည်မှာ ခရိုအေးရှားအသင်းသည် ဂိုးများစွာသွင်းယူခြင်းခံခဲ့ရသည့်တိုင် အနိုင်မခံ အရှုံးမပေးဘဲ အားကစားစိတ်ဓာတ် အပြည့်ဖြင့် နောက်ဆုံး မိနစ်အထိ ပြင်သစ်ဘောလုံးအသင်းကို ယှဉ်ပြိုင်ကစားသွားခဲ့သည်။ဘောလုံးပိုင်ဆိုင်မှုတွင် ခရိုအေးရှားအသင်းသည် ခြောက်ဆယ်ရာခိုင်နှုန်းထိရရှိထားသောကြောင့် နောက်ဆုံးမိနစ်ထိ ပြင်သစ်အသင်းကို ချေပဂိုးများ ပြန်သွင်းရန် ကြိုးပမ်းအားထုတ်ခဲ့ကြောင်းထင်ရှားပါသည်။
လေးဂိုးထိ အသွင်းခံရသည့်တိုင် မျက်နှာတချက်မမှဲ့ဘဲ ဘောလုံးသမား ဆယ့်တစ်ယောက်လုံး နောက်ဆုံးမိနစ်ထိ ချေပဂိုးရရှိရန် စည်းစည်းလုံးလုံးကစားသွားခဲ့ကြသည်။ဤသည်မှာ အားကစားဆိုသည်မှာ အနိုင်ရခြင်းထက် ယှဉ်ပြိုင်ခြင်းကသာအဓိကကျကြောင်း သက်သေပြသွားသည့် အားကစားစိတ်ဓာတ်ပင်ဖြစ်သည်။ ထို့ကြောင့် ပြင်သစ်အသင်းမှ ကမ္ဘာ့ဖလားရသကဲ့သို့ ခရိုအေးရှားအသင်းသည်လည်း ပရိသတ်ကပေးသည့် လေးစားမှု၊အားကျမှု၊နှစ်ခြိုက်မှုတို့ကိုလည်းရရှိခဲ့ပေသည်။
ပြီးခဲ့သည့်ရက်အနည်းငယ်က MMA ကမ္ဘာ့ ကိုယ်ခံပညာပေါင်းစုံ အတိုက်အခိုက်ပြိုင်ပွဲတွင် အောင်လအန်ဆန်း နှင့် ဂျပန်လူမျိုး ကန်ဟာစီဂါဝါ တို့ထိုးသတ်ခဲ့ကြသည်။ အားလုံးသိကြသည့်အတိုင်းပင် စတင်ထိုးသတ်ကတည်းက သူတပြန်ကိုယ်တပြန်ဖြင့် ထိုးသတ်ခဲ့သော်လည်း သုံးချီအရောက်တွင် နှစ်ယောက်စလုံးခြေကုန် လက်ပန်းကျခဲ့ကြသည်။သုံးချီကတည်းက အောင်လအန်ဆန်းသည် ပြိုင်ဘက်ကို ပွဲသိမ်းအနိုင်တိုက်ခိုက်နိုင်သော်လည်း ငါးချီထိ အပါခေါ်ခဲ့သလို ဂျပန်လူမျိုး တိုက်ခိုက်ရေးသမားမှာလည်း ငါးချီအထိရေကုန်ရေးခန်း အဆုံးထိတိုက်ခိုက်(fight)သွားပါသည်။
ပြိုင်ပွဲ၏အဆုံးတွင် ဂျပန်လူမျိုး ကန်ဟာစီကို အနိုင်ရရှိခဲ့သော်လည်း ချက်ချင်း အောင်ပွဲမခံဘဲ ထိုင်လျက် မိမိပြိုင်ဘက်အားထမ်းထုတ်သွားသည်အထိ အရိုအသေ(give respect) ပေးနေသည်မှာ လေးစားစရာကောင်းသော အားကစားစိတ်ဓာတ်ပင်ဖြစ်သလို အဆုံးထိ အရှုံးမပေးဘဲ တိုက်ခိုက်သွားသော ဂျပန်တိုက်ခိုက်ရေးသမား ကန်ဟာစီ၏ အားကစားစိတ်ဓာတ်မှာလည်း လေးစားဖွယ်အတိဖြစ်ပါသည်။
written by @mgtoetat
photos from google
MSC-073
post on busy