https://www.freeimages.com/istockphoto/file?id=299904748&path=photo/word-disclosure-composed-of-wooden-letters-gm1131980879-299904748&function=search&location=right&keyword=disclosure&page=1&sharedid=disclosure&getty=1131980879
ရင်နာနေကြသလား လွတ်လွတ်လပ်လပ် ခံစားလိုက်ကြပါ။
ရင်နာစရာတွေ့ကြုံနေရသမျှတွေကို လိမ်ညာဖုံးကွယ်ပြီး နေထိုင်နေမယ်ဆိုရင် အခြေအနေဟာ ဆိုးတာထက်ကို ပိုပြီးဆိုးရွားသွားနိုင်ပါတယ်။
တငွေ့ငွေ့နဲ့ ရင်ထဲပူလောင်နေတာမျိုးက အဆုံးမသတ်နိုင်အောင်ဖြစ်နိုင်ပါတယ်။ အဲဒီ့အတွက် ကိုယ့်ဟာ လူသားတစ်ယောက်သာဖြစ်ပြီးခံစားချက်ရှိတဲ့သူမို့ ခံစားချက်ကို ဖွင့်ထုတ်ပြမှသာ ရင်ထဲပေါ့သွားမှာဖြစ်ပါတယ်။
ရင်ထဲလေးပင်နေပြီး ဘာကိုမှ မလုပ်နိုင်မယ့်အစား ရင်ထဲပေါ့သွားပြီး လုပ်စရာရှိတာကို ရဲရဲဆက်လုပ်နိုင်ပြီး ဘဝကိုရှေ့ဆက်နိုင်တာပိုကောင်းပါတယ်။
ဒါကြောင့် မိမိတို့ရဲ့စိတ်ထဲမှာ ခံစားချက်တွေကို သိမ်းဆီးထားမယ့်အစား ဖွင့်ဟချလိုက်ပါ။
စိတ်တွေဟာ လမ်းဆန်းပြီးတက်ကြွလာပါလိမ့်မယ်။