https://www.freeimages.com/photo/expectation-1367050
မင်းမရှိနေတဲ့ငါ့ရဲ့ဘဝ
မနက်ဖန်များစွာမှာ
အထီးကျန်ခြင်းများစွာနဲ့
မျှော်လင့်နေရတယ်။
မင်းအနီးအနား ငါမရှိတဲ့အခါ
အခြားသောလူတစ်ယောက်ရဲ့
ရင်ခွင်ထဲမှာ ရှိနေမလားဆိုတာ
တွေးပြီးတော့ စိုးရိမ်နေမိတယ်။
မင်းမရှိတော့ ငါ့ရဲ့အသဲနှလုံးတွေကွဲ
မင်းထွက်ခွာသွားတော့
ငါ့အနာဂတ်တွေက ဝေဝါးလို့နေ
နာကျင်နေတဲ့ လူတစ်ယောက်ရဲ့
ခြေလှမ်းများက တစ်လှမ်းခြင်းပါ။
ငါရဲ့ဝေဒနာများ မင်းမသိ
ဒီလမ်းပေါ်က ခြေရာတွေ
ပျောက်ဆုံးသွားလည်း ရှာဖွေမိ
မင်းခြေလှမ်းတွေ ဟောင်းမသွားပေမယ့်
ငါရဲ့မျှော်လင့်ချက်ဆိုတာ နှောင်းခဲ့ရတယ်။
ချစ်ခြင်းများကို ကန့်သတ်လိုက်သော ချစ်သူရင်ခွင်ဟာ
ငါ မြတ်နိုးမှုနဲ့သာ တန်းဖိုးထားလိုက်ပါရစေ။