https://www.freeimages.com/istockphoto/file?id=348675453&path=photo/mature-counselor-listens-compassionately-to-unrecognizable-female-client-gm1207514066-348675453&function=search&location=right&keyword=psychology&page=1&sharedid=psychology&getty=1207514066
စိတ်၏ ခံစားမှုတို့သည် လူတစ်ယောက်၏ ဆုံးဖြတ်ချက်ရဲ့ အကျိုးသက်ရောက်မှု ရှိစေတဲ့အတွက်ကြောင့် ခံစားချက်များကို သိစေဖို့ရန်မှာ အဓိကကျပေသည်။ဒါမှာ မှားနေတဲ့အမှားကို နောက်ထပ် မလုပ်မိတော့ပဲ မှန်မှန်ကန်ကန် ဆုံးဖြတ်လာနိုင်မှာပါ။ခံစားမှုများကိုသိသည့်အခါ ထိုအသိများကိုအသုံးပြု၍ ဆီလျော်မှန်ကန်သောတုံ့ပြန်မှုများဖြင့် တုံ့ပြန်နိုင်မည်။ သို့မှသာ ဒေါသထွက်ခြင်း စိုးရိမ်ကြောင့်ကြခြင်း ဝမ်းနည်းခြင်းစသည့် မကောင်းသောစိတ်ခံစားမှုများကို ထိန်းနိုင်မည်။ ကူညီပံ့ပိုးသော တက်ကြွသောအခြေအနေ ပတ်ဝန်းကျင်လိုအပ်မှုကိုသိရုံဖြင့် လုံလောက်မှုမရှိပေ။ မည်သို့အခြေအနေကို ရယူဖန်တီးရမည်ကိုပါ သိဖို့လိုပေသည်။ အခြားသူတို့ကို စိတ်ခွန်အားပေးနိုင်ရန်မှာ ထိုသူတို့ကို နားလည်မှုရှိပြီးမှ ထိုနားလည်မှုကို သင့်လျော်စွာအသုံးပြုနိုင်မည်။ သို့မှသာ အခြားသူများ၏ စိတ်ခံစားမှုကိုနားလည်မှုရှိပြီး မှန်ကန်စွာချဉ်းကပ်နိုင်မည် ဖြစ်သည်။အခြားသူများ၏ စိတ်ခံစားမှုကိုသိရှိနားလည်ပြီး ကိုယ်ချင်းစာနာမှုကို ပြသနိုင်ခြင်း အခြားသူများ၏ယုံကြည်မှု ပါဝင်မှုနှင့် အလေးထားမှုကိုရရန်မှာ သူတို့၏စိတ်ခံစားမှုကို နားလည်ပြီးမှန်ကန်စွာ တုံ့ပြန်နိုင်မှုပင်ဖြစ်သည်။လူတစ်ယောက်နဲ့တစ်ယောက်ဟာ စကားပြောဆက်ဆံလိုက်တိုင်းမှာ စိတ်၏ခံစားမှုဆိုတာ အသွားအပြန် ဖြစ်ပေါ်စမြဲဖြစ်သည်။သို့ပေမယ့်လည်း ထိုခံစားမှုမှပို၍ကောင်းသောဆက်ဆံမှုများရရှိလာနိုင်ပါတယ်ဟု ရေးသားတင်ပြလိုက်ပါတယ်။