ငါးပြားတန်ခေတ်

Words
45
Reading
1 min
Listen
Play
9y

FB_IMG_1484498227222-picsay.jpg

ကလေးတွေ ခဏအနားပေးတဲ့အချိန် မုန့်စားနေကြတယ်..

စားတဲ့အရာတွေကို ကြည့်လိုက်တော့ အချဉ်တွေ၊ အစပ်တွေချည်းပဲ..

အထူးသဖြင့် ရခိုင်သင်္ဘောသီးသုပ်..

နောက်ပြီး အငန်တွေလည်း အတော်စားကြတယ်..

ကျွန်တော်တို့ ငယ်ငယ်တုနိးက စားလေ့ရှိတဲ့ မုန့်အများစုက ဒီနေ့ခေတ်မှာ မရှိကြတော့ပေ..

ငါးပြားတန်မုန့်ဝယ်စားလို့ရတဲ့ ခေတ်ကို ပြန်သတိရမိတယ်..

မိဘတွေက အပြင်မုန့်တွေ မစားခိုင်းဘဲ၊ အိမ်ကနေ မုန့်တွေထည့်ပေးလိုက်တာပါ..

ကျောင်းရောက်ရင်တော့ အိမ်ကမုန့်တွေထက် ဝယ်စားရတဲ့ မုန့်ကို ပိုနှစ်သက်ခဲ့တယ်..

သူငယ်ချင်းတွေ တစ်ယောက်နဲ့တစ်ယောက် စကြ၊နောက်ကြနဲ့ မုန့်လုစားရတာတွေ ပြန်တွေးလိုက်ရင် ကြည်နူးစရာ ကောင်းလှပါတယ်..

အခုလို အသက်အရွယ်မှာ သူငယ်ချင်းတွေ စုံစုံလင်လင်နဲ့ မုန့်လုစားလိုက်ရရင်ဖြင့်...။

mgmgkse@mgmgkse
MSC-011

ငါးပြားတန်ခေတ် | Ecency