ပရလောကသားများ(1)

Words
415
Reading
2 min
Listen
Play
9y

image
face book photo

                        ကျွန်တော်ငယ်စဉ်အခါက ကိုရင်ဝတ်ရင်းကြုံ  တွေ့ရတာလေးပေါ့ဗျာ။ အဲ့အချိန်က စွန်ဝူခုန်းကား ကြည့်ကောင်းနေ ချိန်ပေါ့။ည( ၈ )နာရီ သတင်းအပြီး ဝူခုန်းဇတ်လမ်း အလာစောင့်နေ ချိန် ရွာကလူတွေ အိမ်ကိုရောက်လာကြတယ်။အောင်ဇော်ဖြိုး တ       ယောက် အပမှီလို့တဲ့ အဲ့ဒါ ဘုန်ကြီးကျောင်း သွားမလို့ ဆိုပြီး အိမ်မှာလှည်းထားကာ ဘုန်းကြီးကျောင်းသွားဖို့ ပြင်ဆင်နေကြတာတွေ တွေ့ တော့ စူးစမ်းစိတ် ထိန်းမရ 

"သားလဲလိုက်မယ်"
အမေက ဒေါသတကြီးဖြင့်
"ဘယ်ကိုလိုက်မှာလဲနေခဲ့ ငါပြောမကောင်းရှိတော့မယ်"
"ဟား သားကြည့်ချင်လို့ပါဆိုမှပဲ"
"တယ်ဒီကောင်လေးတော့လား"
ဆိုကာရိုက်မယ်အလုပ် အဒေါ်လုပ်သူကဝင်တားလေသည်။
"ကဲပါအေ ခေါ်လာခဲ့ပါ"ဆိုကာ အဒေါ်လုပ်သူမှာ ပြာပြာသလဲ အထုပ်ဆွဲကာ ဆိုက်ကားရှေ့မှ အောင်ဇော်ဖြိုး ကိုတင်ကာ သူက နောက်ကပိုက်လျှက် ထွက်သွားသည်။ ကျွန်တော်တို့ သားအမိသားအဖလဲ နောက်ကနေ စက်ဘီးဖြင့် မိသားစု သုံးဦးလိုက်ခဲ့သည်။ အောင်ဇော် ဖြိုးသည်ကား ဘာစကားမျှ မပြောတော့ မျက်လုံးလေး ကလည်လည်နဲ့ ခန္နာကိုယ်သည်လဲ ပျော့ခွေနေသည်။ ဟီး ---ဟီး----နဲ့ ငြီးနေလိုက်တာ ဘုန်းကြီးကျောင်း ရောက်တဲ့အထိပင်ငြီးနေသည်။
ဖေဖေ ဒီကောင်ဘာဖြစ်နေတာလဲ
နေမကောင်းတာပါကွာ"
ကျွန်တော့်စိတ်ထဲ သိပ်တော့ ဘဝင်ကမကျလှပေမဲ့ အဖေ့ကို ကြောက်၍သာ အသာငြိမ်နေလိုက်ရသည်။ အောင်ဇော်ဖြိုး ဆိုသည်
ကား အမေ့ အမရဲ့သား ညီကိုတစ်ဝမ်းကွဲ တော်သည်။ ဒီကောင်က ပြောမရ ဆိုမရ ပြဿနာကောင်လေ။ ခုကျတော့လဲ တခြားစီပင် ဖြစ် ၍နေလေသည်။ ဒီအတွက် ကျွန်တော် စိတ်ဝင်စားနေရခြင်းပင် ဖြစ် သည်။ကျောင်းရောက်တော့ ဘုန်းဘုန်းက ဒီအချိန်ကြီး ဘာဖြစ်လာကြတာလဲ ဟုမေးလေတော့သည်။ဒေါ်ဒေါ်ကလဲ ငိုသံပါကြီးဖြင့် အောင် ဇော်ဖြိုးလေ နွားကျောင်းပြီး ပြန်လာတာအကောင်းသားပါ ။ထမင်းစား ပြီး အိမ်ရှေ့အထွက်မှာမှ မြေကြီးမှာလူးပြီး ဝူးတူးဝါးတား တွေပြောနေ တာ အဲ့ဒါနဲ့ ဘုရားစင်ပေါ်က ပရိတ်ရေ ယူတိုက်လိုက်တာ နည်းနည်း ငြိမ်သွားတော့ လှည်းဆင်ပြီး ထွက်လာခဲ့တာပါဟု လျှောက်တင်လေ သည်။
image
google photo
ဘုန်းဘုန်းကပြုံးပြီး အောင်ဇော်ဖြိုးကိုကြည့်လျှက်
"ငေ် မင်းဘာလုပ်ခဲ့လဲ "
ခုမှကြောက်မနေနဲ့တော့ ကျောင်းရောက်နေပြီပဲ ငါကိုကြည့်ပြော ဘာကြောက်စရာမှာ မလိုတော့ဘူးဟု မိန့်လေသည်။ထိုအခါမှတပည့် တော် ဗီဒီယိုကြည့်မလို့ သွားတာ အိမ်အထွက်ရောက်တော့ အဝတ်အစား စုတ်စုတ်ပြတ်ပြတ်နဲ့ လူတယောက်ကို တွေ့လိုက်တယ်။သား က အိမ်ကအထွက် သူကအိမ်ရှေ့ကဖြတ်သွားတယ် ။သားတောင် ဒါ ဘယ်သူကြီးလဲလို့ စိတ်မှာတွေးမိလိုက်တယ်။ သားလဲ ဗီဒီယိုရုံဘက်လဲသွားရော နောက်ကလက်နဲ့လှမ်းပုတ်လိုလှည့်ကြည့်လိုက်တာ
ဟို-------ဟို------------
"ဟ့ကောင် ဆက်ပြောလေ"
"ဟို ဟိုလေ"
image
photo google
မျက်နှာမှာ အ အနာတွေနဲ့ရီပြတယ်။ သား ကြည့်နေတုန်း အရပ်ကြီးကရှည်သွားတယ်။ သားကြောက်ပြီးပြေးတာအိမ်ကိုမရောက်နိုင်ဘူး။ သားသတိရတော့ အမေတို့နဲ့ လှည်းပေါ်မှာဆို၍ ပြောလေသည်။
"အင်း တော်သေးတာပေါ့ ကွာ"
တော်ယုံ လန့်ပြီးသေသွားနိုင်တယ်နော်ဟုဆိုကာ ရွာပြင်တွင် လူစည်းကမ်း ပါးစပ်စည်းကမ်း ရှိကြရန် မိန့်လေသည်။အောင်ဇော်ဖြိုးမှာ ပါး စပ်ဆော့သောကြောင့် ဤသို့ ဖြစ်ရကြောင်း ရှင်းပြကာ
"ဟုတ်တယ်မလားဟေ့ကောင်"
"ဟုတ်ပါတယ်ဘုရား" ဟုပြောလေသည်။အောင်ဇော်ဖြိုးသည် နွား
ကျောင်းအပြန် မင်းသူ မရှိ၍ ညဗီဒီယိုသွားကြည့်ရန် တယောက်ထဲဟုတွေးကာ နွားသိမ်းအပြန် သုဿန်နဘေး ယူကလစ်ပင်အောက်နားမှာ နားရင်း ညအဖေါ်မရှိ၍ အဖေါ်ရှိရင်ကောင်းမယ်ဟုတဦးတည်း ရေရွတ်ကာ အနီးရှိ ကိုင်းပင်ကိုချိုးကာ နွားမောင်းရင်းပြန်ခဲ့မိသည်
ကို ပြောပြလေသည်။ထိုအခါ ဆရာတော်မှ
"အေး မင်းကလဲ ညံ့နေတယ် "
ကိုရင် ဝတ်ရမယ်ဟု ဆရာတော်က မိန့်ကြားလေသည်။ကျွန်တော်က တော့ အောင်ဇော်ဖြိုး
ကိုကြည့်ကာ ရီနေမိသည်။ထိုညအတွက်တော့ အောင်ဇော်ဖြိုးတို့သားအမိသားအဖတွေ ဘုန်းကြီးကျောင်းတွင်ပင် အိပ်မည်ဟုဆိုကာနေရစ်ခဲ့တော့သည်။ အပြန်လမ်းတွင်တော့ အောင်ဇော်ဖြိုးပြော
သော စကားအား ကြားယောင်ကာ တွေးကြော်နေမိနေမိတာ အမှန်ပါ။အိမ်ပြန်ရောက်တော့ မမက အမေ့အား အကျိုးအကြောင်း မေးသေည်။ ကျွန်တော်ကတော့ ရေအဝသောက်ကာ ငြိမ်သက်စွာပင် ထိုင် နေမိပါတော့သည်။ဒါကိုဖေဖေကသိနေသည်နှင့်တူသည်။
ဟေ့ကောင်လာ ဘုရားရှစ်ခိုး"
ကျွန်တော်လဲ ဘုရားရှိခိုးလိုက်ချိန်တွင် ကြောက်စိတ်နဲနဲ ပျောက်သွားသည်။ဒါပေမဲ့အိပ်ရာဝင်တော့ စဉ်းစားမိသေးသည်။ခဏပါ နောက် တော့လဲ နှစ်ခြိုက်စွာ အိပ်ပျော် သွားပါတော့သည်။
မနက်ရောက်တော့ မျက်နှာသစ် ထမင်းကြမ်းစားပြီး အ ဖေနှင့်အတူ ဘုန်းကြီးကျောင်းသို့ ပြန်လာခဲ့ပါတယ်။ကျောင်းရောက် တော့ အောင်ဇော်ဖြိုး သင်္ကန်းဝတ်ရန် လူကြီးတွေ အလုပ်ရှုပ်နေကြ လေသည်။
" ဟေ့ကောင် မင်းပြောတာတကယ်လား"
"မမေးနဲ့ကွာ ကြောက်ရတဲ့ကြားထဲ"
" အေးပါကွာ မမေးတော့ပါဘူး"
ကျွန်တော်သည် အောင်ဇော်ဖြိုး ရုပ်ကလေးကြည့်ကာ ရီနေမိတော့ သည်။ရုပ်ကလေး ကြည့်လိုက် ရီလိုက်နှင့် အစသပ်၍ပင် မရတော့ပါ။ ဗိုက်တွေတောင် အတော်နာနေလေပြီ။ သူကကျွန်တော့ကို စိတ်တော့ဆိုးနေသည် ။ဒါပေမဲ့လဲ မျက်နှာငယ်လေးဖြင့်
ကျော်ကျော် မင်းပါဝတ်ကွာ"
"ဟာ ဝတ်ချင်ပါဘူးကွာ"
"လုပ်ပါကွာ မင်းကလဲ"
သေချာကြည့်တော့ရုပ်ကလေးကသနားစရာပင်ကောင်းလှသည်။ နို့မို့ဆို တဆက်မှမတည့်ပဲ အမြဲရန်ဖြစ်နေကြတဲ့ ကျွန်တော်တို့ဟာ ခု တော့လဲ ညီကိုအရင်းကြီးတွေ ဆိုတော့ သနားမိသည်က အမှန်ပင် ဖြစ်သည်။
image
photo google
"လုပ်ပါကွာ မင်းကလဲ"
" ဖေ့ဖေ့ပြောလိုက်ဦးမယ်"
ဖေဖေကတော့ ဘာပြောကောင်းမလဲ နှစ်ခါပင်မပြောလိုက်ရ တခါထဲ ခွင့်ပြုလိုက်သည်။ဒီလိုနဲ့နှစ်ဦးသား ကိုရင်ဘဝ ရောက်ရှိသွားတော့ သည်။ အောင်ဇော်ဖြိုး ဆိုသည်အောင်ဇော်ဖြိုးဆိုသည် အရွယ်နှင့် မလိုက်အောင်ဆိုးလှသည်။ကြွက် မြွေ ကြက် ဝက် အမဲ ခွေး ပေါ်တိုင်းပါသည်။ ဘာသားမှမရှောင် အိမ်ကလဲ ပြောမနိုင် ဆိုမနိုင် ပြန်မပြော နားမထောင် ခုတော့လဲ ငြိမ်ကျနေတာပဲ။
ဒီလိုနဲ့ ကျွန်တော်တို့လဲ ဆံချ ကိုရင်ဝတ်ကာ ဆွမ်း ဘုန်းပေးပြီး ကျောင်းပေါ်တက်ကာ ဆရာတော် ထံ လာသော လူနာများအား ဆရာတော် ကုသပေးနေပုံ များကို အံအားသင့်စွာ ငေးမော့ ကြည့်ရှုနေမိတော့သည်။ ဆရာတော်သည်ကား သိုက်ဆက်များအား
ကုသပေးခြင်း စုန်းတိုက် ကဝေတိုက် များအား ကုသပေးခြင်းမျိုးများ
ဖြင့်ကုသပေးနေသည်။ကျောင်းမှာနေမှ ဒါတွေကို သေချာသိရတော့သည်။ကျောင်းဝင်းအတွင်း သိုက်နန်းများစွာရှိလေသည်။ သိုက်ဆက်ရှိသူများက ပွဲလာပေး ကြသည်။
image
photo google
တနေ့ ရောက်ရှိလာသောသူကား ကျွန်တော့်တို့ ရွာ အသွား ကွမ်းကြီးရွာထိပ်တွင်ရှိသော မကျီးသုံးပင်အောက် လယ်သည်
ကောက်စိုက်လာသူ ထဲမှ တနှစ် တယောက်သေဆုံးလေ့ရှိသည်။ဒီ နှစ်မှမသေခင်လေး ကျောင်းသို့ရောက်ရှိလာလေသည်။ ဘုန်းဘုန်းလဲ ရောက်ရှိလာသော လူနာအား ဘုရားဦးတိုက်ခိုင်းကာ လူနာခေါင်းကိုလက်ဖဝါးဖြင့်အုပ်ကာ ပါးစပ်မှာကျွန်တော်တို့မသိသော စကားများဖြင့် ရွတ်ဖတ်နေသည်။ထို အချိန်တွင် အလာတုန်းက ထမ်းတင်ရသောလူနာသည်ထထိုင်ကာ တကိုယ်လုံးတုန်ခါလျှက် မျက်လုံးကြီးပြူးပြီး ဆရာတော်အား စူးစူးကြည့်လျှက် ----------

အပိုင်း(၂) ဆက်လက် ဖတ်ရှုအားပေး ကြပါဦးခဗျာ
ရေးသားသူ - msc - 042
mgmgaung@mgmgaung

ပရလောကသားများ(1) | Ecency