ခရီးသွားမယ်​ဆိုရင်

Words
109
Reading
1 min
Listen
Play
8y

ခရီးထွက်ရတာ သိပ်ကိုပျော်စရာကောင်းတဲ့ အရာတစ်ခုပါ။
မရောက်ဖူးသေးတဲ့ နေရာဒေသသစ်တွေရဲ့ အလှအပ၊ ယဉ်ကျေးမှု၊ အစားအစာတွေကို ခံစားသိရှိရတဲ့အတွက် ဗဟုသုတတွေလည်းရနိုင်ပါတယ်။

“ခရီးသွားခြင်းက ဘဝဆိုတဲ့စာအုပ်မှာ စာမျက်နှာတွေအများကြီး ဖတ်နေရတာနဲ့တူပြီး ခရီးမထွက်ဘဲနေခြင်း ကတော့ စာမျက်နှာတစ်ရွက်ကိုသာဖတ်တာနဲ့တူပါတယ်” ဆိုတဲ့ဆိုရိုးလေးလည်းရှိပါတယ်။

ဒါကလည်းအမှန်ပါပဲ ဘာကြောင့်လဲဆိုရင် ခရီးထွက်ခြင်းက လူတွေကို အတွေ့အကြုံရင့်ကျက်စေပြီး ဒေသန္တရ ဗဟုသုတများစွာရရှိနိုင်ပြီး လူတွေနဲ့လည်း အဆက်အဆံကောင်းတွေရရှိနိုင်ပါတယ်။

ကဲ ထားပါတော့ ခရီးသွားခြင်းအရေးပါမှုကိုပြောပြီးသွားပြီဆိုတော့ ခရီးသွားတဲ့အခါ မပါမဖြစ်ဆောင်သွား သင့်တဲ့ အသုံးအဆောင်လေးတွေကို WowBox တို့က ပြောပြပေးချင်ပါတယ်။

(၁) ပြည်တွင်းခရီးသွားမယ်ဆိုရင်တော့ မှတ်ပုံတင်၊ ပြည်ပခရီးသွားမယ်ဆိုရင်တော့ နိုင်ငံကူးလက်မှတ် ဒါတွေက မဖြစ်မနေဆောင်ထားသင့်ပါတယ်။ ခရီးသွားတဲ့အခါ အရေးကြီးတဲ့စာရွက်စာတမ်းတွေနဲ့ ပိုက်ဆံတွေ၊ ဘဏ်ကတ်တွေကို ကိုယ့်အိတ်တွေရဲ့ လုံခြုံတဲ့နေရာမှာ သိမ်းထားပါ။

(၂) အပျော်ခရီးထွက်တဲ့အခါ ရောက်တဲ့နေရာတိုင်းကို မှတ်တမ်းတင်ဖို့ အတွက်ဖုန်း၊ ကင်မရာနဲ့ အားသွင်းကြိုး တွေကအရေးကြီးပါတယ်။ အရေးပေါ်အသုံးပြုနိုင်ဖို့ Power Bank တွေကိုလည်းယူဖို့ မမေ့ပါနဲ့။

(၃) ရေချိုးခန်းသုံးပစ္စည်းတွေ ဆိုရင်သယ်ရတာလေးလို့ မယူချင်ကြပါဘူး။ ကိုယ်လိုအပ်တဲ့အချိန်မှာ သုံးနိုင်ဖို့ဆိုရင် မျက်နှာသစ်ဆေး၊ ရေချိုးဆပ်ပြာရည်၊ခေါင်းလျှော်ရည်၊ စတာတွေကို ဘူးသေးတွေမှာ ခွဲထည့်ပြီး ခရီးသွားတဲ့အခါပေါ့ပေါ့ပါးပါး သယ်သွားနိုင်ပါတယ်။

(၄) လက်သန့်ဆေးရည်နဲ့ Wet တစ်ရှူးတွေက ခရီးသွားတဲ့အခါတကယ်အသုံးလိုတဲ့ပစ္စည်းတွေဖြစ်ပါတယ်။ ဒီအရာတွေကို အသုံးပြုပြီး အလွယ်တကူ ကိုယ်လက်သန့်စင်နိုင်ပါတယ်။

(၅) ရေသန့်ဘူး ဒါကလည်းလိုအပ်ပါတယ်။ ခရီးကြမ်းတွေသွားတဲ့အခါ ရေသယ်သွားတော့ အမောဖြေဖို့ သောက်သုံးနိုင်ပါတယ်။

(၆) အရေးပေါ်ဆေးဝါးတွေလည်း လိုအပ်ပါတယ်။ သောက်သုံးနေကျဆေးဝါတွေနဲ့ အရေးပေါ်ကုသနိုင်တဲ့ ဆေးဝါးတွေကို ဆောင်သွားသင့်ပါတယ်။

(၇) ပေါ့ပေါ့းပါးပါးဖြစ်စေမယ့် ဖိနပ်တစ်ရံလောက်ဆောင်သွားသင့်ပါတယ်။ ဒါမှသာ သွားရလာရ အဆင်ပြေစေပြီး ခရီးမှာလည်း ဖိနပ်ကြောင့်ဒုက္ခရောက်မှာ မစိုးရိမ်ရတော့ပါဘူး။

ခရီးသွားမယ်​ဆိုရင်​ | Ecency