ခန္ဓာကိုယ်​ထိန်းသိမ်းမယ်

Words
162
Reading
1 min
Listen
Play
8y

ကိုယ်ခန္ဓာအလေးချိန် ထိန်းသိမ်းနိုင်မယ့် နည်းလမ်းကောင်းအချို့ကို ဝေမျှပေးလိုက်ပါတယ်။

(၁) တစ်နေ့ကို မိနစ် 20-30 လမ်းလျှောက်ပါ။ (သို့) ခြေလှမ်း 2000 လျှောက်ပါ။

(၂) ပန်းသီးစားပါ။ ပန်းသီးမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်းရှိလိုအပ်တဲ့ စွန့်ပစ်ပစ္စည်းတွေကို အလွယ်တကူစွန့်ထုတ်နိုင်ပြီး ခန္ဓာကိုယ်တွင်းအဆီပိုတွေ သိုလှောင်စေခြင်းမရှိတဲ့အတွက် ကိုယ်အလေးချိန်တက်မလာအောင် အထိရောက်ဆုံးကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် ပန်းသီးမှာပါဝင်တဲ့ ဗီတာမင် C က နှလုံးရောဂါ၊ ကင်ဆာရောဂါ ဖြစ်နိုင်ခြေမှ လျှော့ချပေးနိုင်ပါတယ်။

(၃) ပြုပြင်ထားတဲ့အဆီတွေပါတဲ့ အစားအသောက်တွေကိုရှောင်ပါ။ ဥပမာ- မာဂျရင်းထောပတ်၊ ကွတ်ကီးမုန့်၊ ကိတ်မုန့်၊ အာလူးချောင်းကြော်

(၄) ယမကာသောက်သုံးမှုမလွန်ပါစေနဲ့။

(၅) အချိန်မှန်မှန်စားပါ။ မနက်စာကို မဖြစ်မနေစားပါ။

(၆) အဆီဖယ်ထားတဲ့ ဒိန်ချဉ်သောက်ပါ။

(၇) ဆားစားသုံးမှု လျှော့ချပါ။

(၈) အညိုရောင်ပေါင်မုန့်၊ ဆန်လုံးညို၊ အခွံချွတ်မထားတဲ့ ကောက်နှံနဲ့လုပ်ထားတဲ့ ကွေကာ၊ အုတ်ဂျုံမှုန့် စတဲ့အစားအစာတွေမှာ အာဟာရဓာတ်များကြွယ်ဝပြီး အမျှင်ဓါတ်ပါဝင်မှုမြင့်မားတာကြောင့် ကိုယ်အလေးချိနိထိန်းရာမှာ များစွာအထောက်အကူပြုပေးနိုင်ပါတယ်။

(၉) ရေဓာတ်ဖြည့်တင်းပါ။ ခန္ဓာကိုယ်က ဇီဝဖြစ်ပျက်မှုကောင်းမွန်စေဖို့အတွက် ရေက အလွန်အရေးကြီးပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ်လုံလောက်နေခြင်းကြောင့် အစာခြေစနစ်ကောင်းစေပြီး ကိုယ်အလေးချိန်လျော့ကျစေတဲ့အပြင် အသားအရေကိုကြည်လင်စေပါတယ်။ တစ်နေ့လျှင် ရေရှစ်ဖန်ခွက် ဒါမှမဟုတ် ဆယ်ဖန်ခွက်သောက်ပြီး ရေဓာတ်ယူနိုင်ပါတယ်။

ခန္ဓာကိုယ်​ထိန်းသိမ်းမယ် | Ecency