Happy time

mgmg(40)
Published in
#esteemapp
Words
158
Reading
1 min
Listen
Play
8y

အတွေးတွေထဲမှာ ပျော်ရွင်မှုနဲ့ဝမ်းနည်းမှု ဘယ်လိုအရာကို တွေးတောနေပါသလဲ။
လူတွေရဲ့ ဦးနှောက်က ငယ်ရွယ်စဉ်ကတည်းက ဖြတ်သန်းလာခဲ့တဲ့ ဘဝရဲ့အတွေ့အကြုံတွေအပေါ်မူတည်ပြီး အလေ့အကျင့်တွေ ရရှိခဲ့ပြီးဖြစ်ပါတယ်။

အသက်အရွယ်ကြီးရင့်လာတဲ့အထိ ဦးနှောက်ရဲ့သင်ကြားမှုဟာ ရပ်တန့်မသွားပါဘူး။ ပျော်ရွင်မှုတွေရရှိဖို့ ကောင်းတဲ့အတွေးတွေကစပြီး ဦးနှောက်ကို လေ့ကျင့်ပေးရမှာ ဖြစ်ပါတယ်။

ပထမဦးဆုံးစလုပ်ရမှာကတော့ ကိုယ်ရှိခံစားရတဲ့ ကောင်းတဲ့အရာတွေကို တွေးပြီးဆယ်မိနစ်ခန့် ကျေးဇူးတင်ပါ။ ဒီဘက်ခေတ်လို တိုးတက်နေတဲ့ခေတ်ကြီးမှာ လူတွေက အလုပ်တွေအပေါ်ပဲ အာရုံစိုက်လာကြပြီး ကျေးဇူး တင်တတ်ဖို့ မေ့လာကြပါပြီ။ ကိုယ်လက်ခံရရှိထားတဲ့ ကောင်းတဲ့အရာတွေအတွက် အမြဲကျေးဇူး တင်ပေးဖို့ သတိရပါ။

အခက်အခဲတွေကြုံလာရပြီဆိုရင်လည်း ကိစ္စမရှိပါဘူး ငါလုပ်နိုင်ဆိုတဲ့ကောင်းတဲ့ အတွေးတွေနဲ့ ဘဝကိုရှေ့ ဆက်သွားပါ။

အရှိကိုအရှိအတိုင်း အဖြစ်ကိုအဖြစ်တိုင်း လက်ခံပါ။ ဒါပေမယ့် ကောင်းတဲ့ဘက်ကပဲ များများတွေး ခေါ်တတ်ပါစေ။ ဖြစ်လာတဲ့ပြဿနာတွေ အပေါ်လက်ခံဖြေရှင်းပြီး ပျော်ရွှင်မှုတွေနဲ့ နီးစပ်လာအောင် ထပ်မံ ကြိုးစားလုပ်ဆောင်ကြည့်ပါ။

သူတစ်ပါးရဲ့ အောင်မြင်မှုတွေအပေါ်နှိုင်းယှဉ်ပြီး ကိုယ့်မှာတော့ သူများတွေလို မဖြစ်လာဘူးဆိုပြီး အလိုလို စိတ်ဓာတ်ကျဝမ်းနည်း မနေပါနဲ့။ ကြိုးစားချင်တဲ့ ကောင်းတဲ့အတွေးအခေါ် နည်းလမ်းတွေသာ စဉ်းစားပါ။
စိတ်ခွန်အားရစေမယ့် စာကောင်းပေကောင်းတွေကို ရွေးချယ်ဖတ်ရှုဖို့ မမေ့ပါနဲ့။ ကိုယ့်ရဲ့ ဦးနှောက်ထဲမှာ စဉ်းစားတွေးခေါ်လိုက်တဲ့ အလေ့အကျင့်တွေက တကယ့်လက်တွေ့ဘဝမှာ လည်းပြောင်းလဲ ဖြစ်ပေါ်လာနိုင်ပါတယ်။