ဘေးကင်းတဲ့ တိရစ္ဆာန်

mgmg(40)
Published in
#steemit
Words
66
Reading
1 min
Listen
Play
8y

ဒီသတ္တဝါတွေက ပုံစံကြည့်ရင်ကြောက်စရာကောင်းပေမယ့် လူကိုအန္တရာယ်မပြုတတ်ပါဘူးတဲ့။ ဘယ်လို အကောင်လေးတွေဖြစ်မလဲ ကြည့်လိုက်ရအောင်နော်..
(၁) လင်းနို့

လင်းနို့တွေကသွေးစုပ်တတ်တယ် စက်ဆုတ်ဖွယ်ကောင်းတဲ့ မျက်နှာပုံသဏ္ဍာန်မျိုးရှိပြီး သစ်ပင်တွေ၊ သစ်ခေါင်းတွေထဲမှာ နေထိုင်ကျက်စားပြီး ညဘက်မှအပြင်ထွက်လေ့ရှိကြပါတယ်။

လင်းနို့တွေကအဓိက အစာကသွေးဖြစ်ပေမယ့်လည်း သူတို့တွေက ကျွဲ၊နွား၊ တိရစ္ဆာန်တွေနဲ့ ငှက်တွေရဲ့ သွေးကိုသာ သောက်သုံးကြ တာပါ။ လူတွေကိုကိုက်တာရှားတဲ့အတွက် အန္တရာယ်မရှိတဲ့ သတ္တဝါဖြစ်ပါတယ်။

(၂) လင်းတ

လင်းတငှက်တွေရဲ့ တိုက်ခိုက်နိုင်မှုတွေ၊ အတောင်ခတ်ပြီး ခြိမ်းခြောက်တတ်တဲ့ပုံစံနဲ့ အသေကောင်တွေကို မြိန်ယှက်စွာနဲ့ စားတတ်တဲ့ပုံစံတွေကြောင့် တစ်ခါတလေ သူတို့ ပုံပန်းသဏ္ဍာန်ဟာ ကောက်ကျစ်စဉ်းလဲတဲ့ ပုံစံဖြစ်တတ်ပါတယ်။

လင်းတတွေမှာချွန်ထက်တဲ့ နှုတ်သီးတွေ၊ ခြေသည်းတွေရှိပေမယ့်လည်း သူတို့တွေကသားကောင်လိုက်တဲ့အခါ ဒါတွေကို အသုံးမပြုကြပါဘူး။

(၃) ငါးလိပ်ကျောက်

အကြီးဆုံးငါးမျိုးစိပ်မှာ ပါဝင်ပြီး ဦးခေါင်းကနေစပြီး ကိုယ်ခန္ဓာအထိကြီးမားတဲ့ ခန္ဓာကိုယ်ပိုင်ထားတဲ့ ငါးမျိုး စိပ်တစ်ခုဖြစ်ပါတယ်။ ငါးလိပ်ကျောက်တွေကို ပင်လယ်ပြင်မှာ ရေငုပ်တဲ့ခါ ပင်လယ်ကြမ်းပြင်မှာ ကူးခတ်နေ တာတွေ့မြင်နိုင်ပါတယ်။

အဲဒီငါးလိပ်ကျောက်တွေက ရေထဲမှာရှိတဲ့သားကောင်ငယ်လေးတွေကို စားသုံးတာဖြစ်တဲ့အတွက် လူကိုအန္တရာယ်မပေးနိုင်ပါဘူး။

ဘေးကင်းတဲ့ တိရစ္ဆာန်​ | Ecency