ကျိုးပဲ့သောအကိုင်းများပိုင်ရှင် သစ်တစ်ပင်
စာသင်ခန်းထဲတွင် အလုပ်ရှုပ်နေသူက မူလတန်းပြဆရာမ ဒေါ်ခင်နှင်း ဖြစ်၏။ ယင်းကျဉ်းကြပ်သော အခန်းလေးကပင် ဒေါ်ခင်နှင်း၏ ဘဝအစိတ်အပိုင်း ရုံးခန်း ဖြစ်၏။ ထိုအခန်းနှင့် မျက်နှာချင်းဆိုင် အခန်းကား ကျောင်းအုပ်ကြီးရုံးခန်း ဖြစ်၏။ ဘေးချင်းကပ်လျှက်ရှိနေသော အခန်းကား ဆရာမဒေါ်လေးဝါ၏ ပထမတန်း ဖြစ်၍ ကျန်တခန်းကား ဆရာမဒေါ်ခင်မြ၏ တတိယတန်းဖြစ်၏။ ပထမတန်း ဟိုဘက်ကပ်ရက်တွင် KGတန်း ရှိ၍ တတိယတန်းကပ်လျှက်တွင် စတုတ္ထတန်းရှိ၏။ အခန်းဟု ဆိုသော်လည်း နယ်ကျောင်းဖြစ်သောကြောင့် စာသင်ခန်းသီးသန့် မရှိပေ။ အတန်းသာ ခွဲထား၏။
၂
ဒေါ်ခင်နှင်းသည် ကျောင်းတက်ခေါင်းလောင်းမထိုးမီ သင်ပြမှုပုံစံ စာအုပ်ကိုင်၍ တစ်နေ့စာ သင်ခန်းများ၏ သင်ပြမှုပုံစံရေးလျှက် အလုပ်ရှုပ်နေ၏။ CCA နှင့် ကလေးများ၏ လှုပ်ရှားနိုင်မှု၊ သင်ခန်းစာ ရည်ညွှန်းချက်များ ၊ ရည်ရွယ်ချက် ပေါက်မြောက်စေမည့် လုပ်ငန်းစဉ်များကို ချိန်ဆရေးဆွဲနေ၏။ ဒေါ်ခင်နှင်းသည် မိမိစာအုပ်များနှင့် အလုပ်ရှုပ်နေခိုက်တွင် အပြင်မှကလေးများ၏ ဆော့သံ၊ အော်ဟစ်သံများကို အတိုင်းသားကြားရ၏။ ''ခွေးသူတောင်းစား ငါ့ကိုဘာလို့ တွန်းတာလဲ '' ဟူသောအသံသည် ကလေးများ ကစားရာဆီမှ ထွက်ပေါ်လာ၍ ဒေါ်ခင်နှင်းနားထဲ သံရေပူနှယ် စီးဝင်သွား၏။ ဝမ်းမနာသော်ငြား မိမိသားတွေပဲမို့  ခေါ်၍ချော့ရ၏။ ဆုံးမရ၏။ ရိုက်၍ကားမဖြစ်။ အသားနာလျှင် ကလေး ပိုစိတ်ကြမ်းမည်စိုးသကဲ့သို့  ရိုက်လျှင် မိဘများ၏ အမျက်ကို ချိန်ဆရ၏။ အထက်၏ မရိုက်ရ အမိန့် ကို နာခံရ၏။
၃
ကျောင်းတက်ခေါင်းလောင်း ထိုးချေပြီ။ ဆော့ကစား၍ ချွေးတရွှဲရွှဲ ကျနေသော ကလေးများ ရေပေါက်မှလွှတ်သော ရေများနှယ် ပြေးဝင်လာကြ၏။ တွန်းကြတိုက်ကြ ဆူညံကြဖြင့် နိုင်ငံတော်အလံ အလေးပြုရန် ပြင်ကြ၏။ နိုင်ငံတော်အလံကို စည်းစနစ်ကျစွာ အလေးပြုတတ်ရန် သင်ထားသော်လည်း လိုက်နာသူများသာ လိုက်နာကြ၏။ ကျောင်းအုပ်ဆရာကြီးသည် ရှေ့ဆုံးမှ စံပြပြုလုပ်လိုက်နာပြသော်လည်း လှုပ်ရှားတွန်းထိုး ဆော့နေသော အပြုအမူများကို နောက်မှ ဒေါ်ခင်နှင်း မြင်နေရ၍ စိတ်မချမ်းသာဖြစ်မိ၏။ ဆရာပေမို့  သင်ပြဆုံးမရပေအူးမည်တည်း။
၎
တောရွာလေး၏ မူလတန်းကျောင်းဖြစ်သောကြောင့် ဘာသာကွဲမရှိချေ။ အားလုံး ဗုဒ္ဓဘာသာများ ဖြစ်၏။ ထို့ ကြောင့် တစ်ကျောင်းလုံး ဘုရားရှိခိုး ကြသည်။ လေးတန်းကျောင်းသား၊ ကျောင်းသူများ မှ ဦးဆောင်တိုင်ပေး၍ အငယ်များမှာ လိုက်၍ရွတ်ဆို ပူဇော်ကြသည်။ ဘုရားရှိခိုးချိန်တွင် တည်ငြိမ်စွာ ရှိခိုးရမည်ဟု သင်ထားသော်လည်း ကလေးတို့ ၏ သဘာဝ အတိုင်း အချို့မှာ တွန်းတိုက်ဆော့ကစားလျှက် ရှိလေ၏။ ဤသို့  ယဉ်ကျေးမှုမရှိခြင်းသည်လည်း ဆရာမ၏ တာဝန်သာဖြစ်သည်။ ဆုံးမရပေဦးမည်တည်း။
၅
ဤသို့ နှင့် ဘုရားရှိခိုးပြီးသော အခါတွင် စာသင်ချိန်မှဖဲ့၍ '' ယဉ်ကျေးစွာဘုရားရှိခိုး သင့်ကြောင်း၊ နိုင်ငံတော်အလံအား ရိုသေစွာ အလေးပြုသင့်ကြောင်း၊ နိုင်ငံတော်သီချင်းပါ စာသားများသည် လေးနက်သောကြောင့် ဂရုပြုဆိုသင့်ကြောင်း'' ကလေးများနားလည်စေရန် သင်ကြားဖူးသောအရာများကို ထပ်မံရှင်းပြရ၏။ ဤသို့ နှင့် စာသင်ချိန်မှာ ပဲ့ရ၏။ ကျောင်းတက်သည့် လူစာရင်းစစ်၍ လက်မှတ်ထိုးရ၏။ သင်ကြားရေးသည် အရေးကြီးသောကြောင့် စာသင်ရ၏။ ဒုတိယတန်း ဖြစ်လင့်ကစား မူလတန်း အထက်ဆင့်သို့  အခြေခံကောင်းပါစေရန် သေချာကျနစွာ သင်ရ၏။ မြန်မာဘာသာမို့  ပေါ့လျော့၍ မရ။ မြန်မာစာ မြန်မာစကားသည် ခက်ခဲ နက်နဲလွန်းသောကြောင့် သေချာကျနစွာ လက်ရေးလက်သားမှ စ၍ သတိပြု သင်ကြားရ၏။ လေ့ကျင့်ခန်းများနှင့် အိမ်စာများကို စစ်ဆေးရ၏။ အိမ်စာလုပ်မလာသော ကလေးအချို့ကို တွေ့ရသည်။ ''ကစားနေသောကြောင့်ဟု မပွင့်တပွင့် ဝန်ခံကြ၏။ ဒေါ်ခင်နှင်း ရိုက်နှက်ဆုံးမ၍မရ။ အတ္တစိတ်မပါပဲ အပြုသဘောဆောင်ကာ ချော့၍ ဆုံးမရ၏။ ရှေ့ရက်များတွင်လည်း ထိုနည်းတူ ဆုံးမခဲ့ပါသည်။
၆
နယ်စာသင်ကျောင်းတွင် ဘာသာဖြင့် တာဝန်မခွဲ။ အတန်းပိုင်အဖြစ်သာ တာဝန်ခွဲကြသောကြောင့် အားလပ်ချိန် ဟူ၍ ဒေါ်ခင်နှင်းတွင် မရှိချေ။ ကလေးများကိုသာ ဆယ်မိနစ်ခန့် အနားပေး၏။ ကလေးများ နားချိန်တွင် ဆရာနေ့ စဉ်မှတ်တမ်း ရေးရ၏။ သင်ထောက်ကူများ ပြင်ဆင်ရ၏။ ဘေးအတန်းတွင်မူ ဆရာမဒေါ်လေးဝါသည် သူမ၏ ကျောင်းသားများ စာမကျက်လာသောကြောင့် ဆူပွက်လျှက် ရှိပေ၏။ ''ကလေးတို့  နင်တို့ ဟာ သည်လိုသာ စာမကျက်ရင် ခက်နေပြီ။ ဆရာဆိုတာ သင်တာပဲ တတ်နိုင်တယ်။ လိုက်ကျက်ပေးလို့ မရဘူး။ မင်းတို့ တွေ စာမကျက်လို့  စာမရ ရင် စာမေးပွဲဖြေနိုင်ကြမှာ မဟုတ်ဘူး။ စာတတ်မှာ မဟုတ်ဘူး။ စာမတတ်ပဲ အတန်းတက်ရင် ဒုက္ခတွေ ရောက်ကြလိမ့်မယ်။ ငါတတ်အောင်သင်ပေးပါရက်နဲ့ ဘာလို့ စာမလုပ်ချင်ကြတာတုံး။ ငါ စာသင်တာမရှင်းလို့ လား မရှင်းရင်ပြောကြစမ်းပါ ငါထပ်သင်ပေးမယ် နင့်တို့ မိဘတွေရဲ့ အပစ်တင်ဝေဖန်မှုတွေတော့ မယူပါရစေနဲ့'' ဟူသော စကားသံများ ဒေါ်ခင်နှင်း နားသို့ ဝင်ရောက်လာလေတော့သည်။
၇
KGတန်းမှ အတန်းပိုင်ဆရာမဒေါ်ဇင်မိုး၏ စကားသံများကိုလည်း ကြားရ၏။ ''သမီးရယ်ဘာလို့  စာသင်ခန်းထဲ ဝမ်းသွားတာလဲ။ သွားချင်ရင် ဆရာမပြော၊ ဆရာမခွင့်ပြုမှာပေါ့။ လာ လာ ဒါတွေပေနေတာ ရေအရင်ဆေးပစ်ရမယ်။
ဘောင်းဘီလည်း လျှော်ပစ်ရမယ် ''ဟူသောစေတနာစကားသံများ ဒေါ်ခင်နှင်းနားသို့  ဝင်လာသကဲ့သို့  ''ဆရာမ သူ့ ကိုယ်က နံတယ် သူထိုင်တဲ့နေရာကလည်း နံတယ်ဆရာမ''ဟူသော ကလေးများ၏ ပွင့်လင်းလှသော စကားသံကိုလည်း ကြားရသည်။ထို့ နောက် အတန်းထဲတွင် သန့်ရှင်းရေး လုပ်နေသော ဆရာမ ဒေါ်ဇင်မိုးကို ဒေါ်ခင်နှင်း လေးစာမှုအပြည့်ဖြင့် ကြည့်လိုက်မိလေတော့သည်။
၈
ဤသို့ ဖြင့် နောက်တစ်ဘာသာသင်ရန် ဒေါ်ဇင်နှင်း ပြုလုပ်ရ၏။ ကျောင်းသား၊ ကျောင်းသူများမှာ ဆရာ၏ သင်ကြားမှုဖြင့် လန်းသောပန်းများ ဖြစ်သောကြောင့် ပေါ့လျော့၍မရ။ အင်္ဂလိပ်စာသည် ယခုအခါတွင် တစ်ကမ္ဘာလုံး သုံးသော စာပေ(International language) ဖြစ်သောကြောင့် အခြေခံကောင်းရန်လိုအပ်၏။ အမြစ်ခိုင်မှသာ အပင်မယိုင်လဲမည် ဖြစ်သည်။ အခြေခိုင်အောင်ပြုလုပ်ရမည်မှာ ဆရာ့တာဝန်သာ ဖြစ်သောကြောင့် လခစား ဆရာဘဝ စေတနာပါပါဖြင့် တာဝန်ကြေအောင် ထမ်းဆောင်ရမည်ဖြစ်သည်။
တတိယတန်းတွင်မူကား ဆရာမဒေါ်ခင်မြနှင့် ကျောင်းသားများ၏ အသံကိုကြားရ၏။ ဆူညံမှုနှင့် လှုပ်ရှားမှုများကို မြင်လိုက်ရ၏။ သုံးတန်းကျောင်းသူတစ်ဦး မူးလဲသောကြောင့် ဖြစ်၏။စိတ်ပူ၍မေးနေသော ဆရာမ၏ စကားသံကြောင့် ကျောင်းအုပ်ကြီးနှင့် ဆရာမများ အားလုံး စုရုံးရောက်ရှိလာကြ၏။ မေးကြ မြန်းကြ ပြုစုကြနှင့် ဆေးတိုက်ကြ၏။ သက်သာသောအခါ ကျောင်းအုပ်ကြီးနှင့် ဆရာအများတိုင်ပင်၍ အနားယူစေရန် ကျောင်းသူကို အိမ်ပြန်ပို့ ကြသည်။ သိပ်မကြာမီ '' ဖရဲသီးနဲ့ ဘဲဥ မတည့်ဘူးဆိုတာ မသိကြဘူးလား။ စားချင်ရာ စားတော့ ခုလိုဖြစ်ပြီ ။ ဆရာမက ဆေးတိုက်ပြုစုယုံအပြင် ရောဂါကူခံပေးလို့ မရဘူး။ အစားအစာတွေကို သတိထား စားကြစမ်းပါ '' ဟူသော ဂရုဏာဆူသံ ကိုကြားရ၏။
၉
ဤသို့ဖြင့် ထမင်းစားကျောင်းဆင်းချိန်သို့ ရောက်လာခဲ့သည်။ ဒေါ်ခင်နှင်း ထမင်းစားရန် ပြင်ဆင်နေချိန်တွင် သူမ ဒုတိယတန်း တွင်းမှ ငိုသံကြားရ၏။ ငိုနေသော တပည့်ကို မေးမြန်းရာ ဗိုက်ဆာကြောင်းနှင့် အိမ်တွင် ထမင်းမရှိ၍ ထမင်းချိုင့် မပါကြောင်း သိရှိရသည်။ ဒေါ်ခင်နှင်း သူမစားမည့် ထမင်းချိုင့်မှ တဝက်ခွဲကြွေးပြီးလျှင် အငိုတိတ်စေလိုက်သည်။ ထမင်းစားပြီးသောအခါ အတန်းထဲတွင် ပြေးလွှားဆော့ရန်နှင့် ထိခိုက်တတ်ကြောင်း ပြောပြ၍ ရန်မဖြစ်ရန်မှာကြားပြီး ဆော့ခိုင်းလိုက်၏။ နားချိန်တွင် ဆရာမှတ်စု နေ့စဉ်မှတ်တမ်းကိုင်ကာ သင်ကြားမှုများကို ဒေါ်ခင်နှင်း ရေးနေလေသည်။ ထိုအချိန်တွင် ကျောင်းသားများ အုပ်စုဖွဲ့ဝင်လာကြ၏။ တပည့်ကျောင်းသူက ငိုနေလေသည်။ ဆော့ကစားစဥ်ရန်ဖြစ်၍ တပည့်မောင်ကျော်သန်းမှ လက်သီးဖြင့်ထိုးလိုက်၍ နှုတ်ခမ်းပေါက်သွားကြောင်း သိရှိရ၏။ ချော၍ဆုံးမသည်ကို လက်မခံပဲ ယောက်ျားလေးမှ မိန်းကလေးကို လက်ပါသော မလုပ်သင့် မကောင်းသောစရိုက်ဆိုးကို ဆုံးမရပေဦးမည်။မရိုက်ရမှန်း သိသော်လည်း ချော့ဆုံးမ၍ မရသောကြောင့် ရိုက်ရ၏။ မိဘများ အချင်းချင်း မပြေလည် ဖြစ်ခြင်းမှ ကင်းစေရန် ကြားမှ အမုန်းခံဆုံးမရ၏။ မောင်ကျော်သန်းနှင့် သူ၏မိဘများ အမုန်းခံရမည် သိသော်လည်း တပည့် လူကောင်းဖြစ်ရန် ရိုက်ရ၏။ မုန်းပေဦးတော့ ဆုံးမရမည်မှာ ဆရာတာဝန်ဖြစ်သောကြောင့် စေတနာဖြင့် ဆုံးမလိုက်ရလေတော့သည်။
၁၀
ကျောင်းပြန်တက်သောအခါ စာသင်ရန် ပြုလုပ်နေစဉ် ကျောင်းအုပ်ကြီးမှ '' ဆရာမတို့  ရုံးခန်းကို အစည်းအဝေး ကြွကြပါဦး။ ဆွေးနွေးစရာလေးတွေ ရှိလို့ ပါ'' ဟူသောကြောင့် အစည်းအဝေး တက်ရန်ပြင်ရ၏။ ကလေးများအား ရေးစာပေးပြီးလျှင် ရန်မဖြစ်ရန် စကားမများရန် ငြိမ်သက်စွာ စာရေးရန်မှာကြားပြီး အစည်းအဝေး တက်ရ၏။ ကျောင်းအုပ်ဆရာကြီးမှ မြို့နယ်ပညာရေးမှူး၏ တစ်လစာ မိန့်ခွန်း စီမံချက်များကို ဆွေးနွေးလေသည်။ ''ဆရာမတို့  ထူးခြားဖြစ်စဉ်တွေမဖြစ်ရေးနဲ့ ကလေးတွေ ကျောင်းချိန်ပြင်ပမှာ အန္တရာယ် မဖြစ်စေရေးက ကျွန်တော်တို့ တာဝန်ဘဲဖြစ်တယ်။ ဒါ့ကြောင့် ဒီကိစ္စတွေ မဖြစ်ပွားဖို့  ကြိုတင် ကာကွယ် ကြရမယ်။ နိုင်ငံရဲ့အမျိုးသားကောင်းတွေဖြစ်လာမယ့် သူတွေမို့  ဘက်စုံဖွံ့ဖြိုးရေးဘာသာတွေကို သေချာသင်ကြားပေးဖို့  ပညာရေးမှူးက သေချာမှာပါတယ်။ ဆရာမတို့  ခုလက်ရှိသင်ထားတဲ့ တစ်ပတ်စာ သင်ကြားမှု lesson planကို ကျွန်တော်လေ့လာချင်ပါတယ်။ ကျွန်တော့်ဆီ ပို့ ပေးကြပါ။ '' ဟူသော အနုနည်း အမိန့် များကို ပညာဖြင့်နူးညံ့စွာ ပြောဆိုဆွေးနွေးကြ၏။
၁၁
အစည်းအဝေးပြုလုပ်နေစဉ် တပည့်များ စုရုံး လာကြသဖြင့် မေးမြန်းရ၏။ ''ဆရာမ ဖူးဖူး သေးပေါက်သွားရင်း ချော်လဲတာ နဖူးကွဲသွားပြီ'' ဟူသော စကားကြောင့် ဒေါ်ခင်နှင်း ခေါင်းမူးသွားရ၏။ သို့ သော် မူးနေ၍မဖြစ်။ ဖူးဖူးကို ချော့၍ ဆေးထည့်ရ၏။ ဆေးတိုက်ရ၏။ သွေးများကို ဆေးကြောပေးရ၏။ ကျောင်းအုပ်ကြီးနှင့် တိုင်ပင်၍ မိဘများကို အခေါ်လွှတ်ရ၏။ မိဘများ ရောက်လာသောအခါ '' ဆရာမ ကျွန်မသမီးကို ဘယ်လို လုပ်လိုက်တာလဲ။ ကျွန်မသမီးကို အိမ်မှာ လက်နဲ့တောင်ရွယ်တာ မဟုတ်ဘူး။ ခုလိုဖြစ်တာကောင်းသလား။ ဆရာမဖြစ်ပီး ဆရာမလို မနေတတ်ဘူးလား။ လူစိတ်မရှိဘူးလား။ နိုင်ငံတော်လစာ စားပီး ဘာလုပ်နေလဲ။ ရှင်ကျွန်မသမီးကို ဒီလိုဖြစ်အောင် ရိုက်တာ တိုင်မယ်။ ပညာရေးမှူးဆီ တိုင်ကို တိုင်ရမယ်။'' ဟူ၍ ပြောဆို၏။
ဒေါ်ခက်နှင်း ပြန်မရှင်းပြနိုင်။ ကြောက်၍ငိုနေသော ဖူးဖူးကို ချော့၍မိဘလက်အပ်၍ စာအုပ်များကို သိမ်းပေးနေလေ၏။ ဆူညံစွာ ပြောဆိုနေသော ဖူးဖူးမိခင်အား ကျောင်းအုပ်ကြီးမှ ''ညီမ သေချာမသိသေးခင် ဒီလောက် မပြောသင့်သေးပါဘူး။ ဖူးဖူးက သေးပေါက်သွားရင်း ပြေးလို့ ဖြစ်သွားတာပါ။ ဆရာမ ဒေါ်ခင်နှင်းကလည်း မပြေးဖို့  အမြဲဆုံးမ ရှာပါတယ်။ သူလည်း သူ့ တပည့်မ ခုလိုဖြစ်လို့  စိတ်မကောင်း ဖြစ်နေရှာပါ။ '' ဟု ကြားဝင်ဖြေသိမ့် ရှာသော်လည်း ''အို ဒါကတော့ ကျောင်းအုပ်ကြီးရယ် သူဆရာမပဲ သူတာဝန်ယူသင့်ပါတယ်။ ကျွန်မသမီးက နှဖူးကွဲသွားရတာ''ဟူသော စကားကြောင့် ဒေါ်ခင်နှင်းမနေသာတော့။ '' ဟုတ်ပါတယ် အစ်မ ကျွန်မ လိုအပ်ချက်ကြောင့်ဖြစ်တာပါ ကျွန်မတပည့် ခုလိုဖြစ်တာ စိတ်မကောင်း ဖြစ်မိပါတယ် တောင်းပန်ပါတယ်ရှင်''ဟု ပြောလိုက်မှသာ အတန်ငယ်ငြိမ်သွားလေတော့သည်။ ဖူးဖူးတို့  သားအမိပြန်သွားသောအခါ ကျောင်းအုပ်ကြီးနှင့်ဆရာမ များမှ ဒေါ်ခင်နှင်းအား'' ဆရာမ အပစ်မှ မဟုတ်တာ ဆရာမရယ် ဖြစ်တတ်ပါတယ် အားမငယ်ပါနဲ့ ကျွန်တော်တို့ လည်း ရှိပါတယ်'' ဟူသော အားပေးစကား သံများကို ကြားရ၏။ ဤသို့ဖြင့် အစည်းအဝေးလည်း ပြီးဆုံး ခဲ့ရလေ၏။
၁၂
ထို့ နောက် ကျောင်းဆင်းချိန် ရောက်လာရ၏။ တပည့်များအား စာကျက်ရန်၊ ရထား လမ်းပေါ်မဆော့ရန်၊ လမ်းပေါ်တွင်မဆော့ရန် နှင့် လမ်းဘေးမှ ကပ်သွားရန်၊ ရန်မဖြစ်ရန်၊ ရေထဲ ချောင်းထဲ ဆင်းမဆော့ရန်၊ တွင်းများ မနှိုက်ရန်၊ သစ်ပင်မတက်ရန်၊ လူစိမ်းများခေါ်သည့်နောက် မလိုက်ရန်နှင့် ကျွေးသောအစားအစာမစားရန်၊ ဘုရားရှိခိုးရန် စသောရန်ပေါင်းများစွာ သေချာမှာကြားပြီး ပြန်လွှတ်လိုက်လေ၏။ ထို့ နောက် အတန်းစစ်၍ ကျောင်းမှ ဆယ်မိုင်ခန့် ဝေးသော အိမ်သို့  ဒေါ်ခင်နှင်း လေးကန်စွာ ဆိုင်ကယ်မောင်း၍ ပြန်ခဲ့ရလေသည်။
အိမ်ရောက်သောအခါ လက်မှဆွဲခြင်းချ ခြေပစ်လက်ပစ် ထိုင်နေလေတော့သည်။ ဒေါ်ခင်နှင်း ၏ အမျိုးသားဖြစ်သူမှ ချီထားသော သားကို သူမအနား လာချရင်း ထိုင်လေသည်။ သားလေးသည် စကားတတ်လွန်သော ၃နှစ်ကျော် အရွယ်ဖြစ်၏။ သားပေးသော အနမ်းကြောင့် ဒေါ်ခင်နှင်း အမောပြေရ၏။ သို့ သော် သားနှင့်စကားပြောသောအခါ
သား။ ။မေမေ ကျောင်းဆရာမ မလုပ်ပါနဲ့တော့။
နှင်း။ ။ဘာလို့ လဲ သားရယ်။
သား။ ။ဟင်းရွက်လိုက်ရောင်းတဲ့ အဒေါ်ကြီးကပြောတယ်။ ဆရာမတွေက နေရိပ်ထဲထိုင် လစာညာယူနေတာတဲ့။ အိမ်ရှေ့တိုက်အိမ်က လူကြီးကလည်း ပြောတယ် ဆရာမဆိုတာ လစာတစ်ပဲခြောက်ပြားနဲ့ ပြည်သူ ကို ကျွန်ခံနေရတဲ့ ပြည်သူ့ ကျွန် အဆင့်မရှိဘူး ပိုက်ဆံလည်း မချမ်းသာဘူးတဲ့ မေမေ ။ သားသားအလုပ်လုပ်ပြီး ရှာကျွေူးပါ့မယ်မေမေ ကျွန်မလုပ်ပါနဲ့တော့။
သားဖြစ်သူ စကားကြားရပြီးနောက် ဒေါ်ခင်နှင်း မျက်ရည်ဝဲစွာ သူမအမျိုးသားဖြစ်သူကို ကြည့်မိလေသည်။
အိမ်ထောင်ဦးစီးတစ်ယောက်အနေဖြင့် စီးပွားဥစ္စာပြည့်စုံအောင်ရှာပေး၍ ဇနီးဖြစ်သူ လိုအပ်ချက်မရှိ စိတ်ချမ်းသာစေရန် အရာရာ ဖြည့်ဆည်းပေးပါသော်လည်း ဝါသနာနှင့် ကလေးများအပေါ်ထားသော သံယောဇဉ်အကြောင်းပြ လစာမလောက်မငှ ယူ အလုပ်မထွက်နိုင်သူ ဇနီးသည်ကို အကြည့် လွှဲသွားသော ခင်ပွန်းဖြစ်သူ၏ စိတ်ကို ဒေါ်ခင်နှင်းမှ လွဲ၍ မည်သူသိနိုင်ပါအံ့နည်း။
သြဘာခင်
ကိုယ်တိုင်ရေးသားကြောင်းနှင့် မည်သည့် စာစောင်မှပေးပို့ ခြင်းမရှိကြောင်း ဝန်ခံအပ်ပါသည်။
Meechit
Hfs2
MSC109
Busy in the classroom, it is a primary school teacher Daw Khin Hnin. The blot is inevitably Khin Hnin life of Israel is part ိတ် office. The room and the front room, but it is the principal's office. Part, with side-by-side is the rest were teachers of the aunt's premier Khin Mya is the third teacher. And first on getting KG third adjoining the fourth grade. Room, but no private schools because classrooms. The class divide.
2
Khin Hnin school before the bell with you. တစ်နေ့စာ type of lessons you are busy. CCA and the range of motion in children Lesson References The process aims to achieve a draw against him. Khin Hnin while busy with his books, the sound of children playing outside Heard a cry. Why push '' Why me ခွေးသူတောင်းစား 'leaked' from the sound of children playing in hot water came Khin Hnin rang manner of spins. Despite the body of his so called meat. Smoothness. . . Wright. If the child will be more violent over ကဲဲ့ weigh the parents' anger. Do not obey the order type of the above.
3
School bell. The play of children who ate the sweat dripping wet they come running manner to release the water. Push them to fight noise with their national salute him. Line system to salute the national follow you to those who have followed him. The school moved to follow the first model for the acts playing push Khin Hnin see later. Unhappy. Because you must not Raul.
4
Because of the village's primary school is no split. All Buddhists. Thus, a church in the whole school. Four students, The small pillars leading to her students recite after the offer. You must be reasonably stable at the church worship have been natural to play some တွန်းတိုက် guests. This culture is also responsible for her absence. Most will not.
5
Pieces and the church from the time when they have finished school. '' Should be polite church Should honor the national salute, The text of the national anthem should be serious attention '' The children learn to understand and explain things further. This lesson and rubble. School, was signed by the audit.. Learning and teaching is important. Yet, despite the second primary is sure to be a step above basic. Myanmar is so lax.. Myanmar because it is too difficult SPECIALTY deep carefully observed since the handwriting was taught. Check the exercises and homework. Some babies do not taken. '' Due to play in the flowers that they bloom. Khin Hnin not be beaten.. Ego was not the most positive and smoothness.. There was no end date in the same way.
6
The responsibility of school projects. As a class assignment, because there is no free time 'Khin Hnin. Children are given only around ten minutes. When children diary. Preparing teaching aids. Class, the teacher who feeds her aunt's students have been boiling. '' If you feed only loss is already difficult. If you could afford it. You can feed it. You can not feed on the exam will not be able to. Not literate. Will come illiteracy classes faulty suffering. Why I Teach days they want to block. The lesson I try to talk မရှင်းရင် I will teach you to let me take their point of fan criticism '' voices joined Khin Hnin.
7
KG အတန်းပိုင်ဆရာမ Daw Zin Moe's voice heard. '' Why is my daughter stomach inside the classroom. A teacher want to say, Allow teachers time. These should wash water.
The pants should be washed as it enters into the voices readiness Khin Hnin '' by his own teacher who vacant teacher '' He heard the voice of the children's beautiful open're cleaning in the class. Then Mrs. Daw Zin Khin Hnin full view.
8
The next training with Daw Zin snow. students, Any teacher with fresh flowers. Slacker. English is now used worldwide because it is literature (International language) of the basic need to. Only the strong roots stem Yai. Established it and say to them, because it is the teacher's responsibility to make life will be ready to carry out dutiful.
The third, however, Mrs. Khin Mya and students are heard. Noise and saw movement. A third grade because of drunkenness is concerned.. Ask her voice teacher, the principal and the teachers were all gathered. They suddenly they were washed with care. Line consulted when the principal and teachers. ကျောင်းသူကို sent home to rest. Very soon '' watermelon oval know not allergic. I say it is to eat. In addition to the medical care she believes can not help me. Try food cautious '' compassion boiling heard.
9
This came to dinner with graduates. While preparing dinner Khin Hnin she heard a second within crying. She raised questions about the disciples who are hungry because there are no rice at home and being a valley of rice. Khin Hnin he would not eat lunch after a penalty from half crying States. When eaten by software running in class and gave instructions to tell it hurt. Trend of the play back. The diary notes in his hand while learning Khin Hnin. At that time, students were grouped influx. Disciples from school crying. While trying to play more than his disciples Maung Than learn to be followed by the fist lips. The most slippery. Do not accept girls to boys will not be the most evil character.. But he could not coax. Despite parents to each other without being solved and the most hated. Maung Kyaw Than and his disciples must hate their parents to be a good man. I hate because it is assigned ဆုံးမရမည် ready to go after them.
10
While to go back to school when school principal and the teachers' office, the meeting came. Discuss a little closer '' to attend the meeting. Children write letters to trend, after attending a meeting in order to compose quietly. The school district was discussed a month, the captain of the educational speech projects. Consecutive UN General Assembly resolutions' unique process and is not dangerous to children outside of school hours is not our responsibility. So, these issues should not prevent the outbreak. Men who would not be good because the country carefully ဘက်စုံဖွံ့ဖြိုးရေး education is sure to teach. Teachers currently teaching every week you'd like to learn the lesson plan. I send this to me. '' Peaceful means and dialogue in order for the tender.
11
While meeting with the disciples gathered to ask him. '' Slip-go badly yet been broken down because of the words '' Khin Hnin dizzy. However, stayed drunk. Badly to add smoothness.. Dispensary. Blood was washed. The principal and counselor. Parents send him. When the parents' teachers, my daughter how to do it. My daughter is not in her hand and a knife. I'm so good. Teachers do not already know. Do not have a heart. The salary is already doing. My daughter to make this pillar Reuters. Education must be pillars of the pillars. ''. '
She can explain the hard snow. Afraid. 'S badly - nor the hands of parents.. He is being carried away books. Noise speak badly maternal sister to the principal '' you knew before was not so sure yet. Become badly run is still around. Khin Hnin has not always run to the teacher. He and his disciples, I'm so sorry. Despite intervention, '' console '' This is my principal teacher who should be responsible. My daughter had to go on a split because of the words '' Khin Hnin sunny. '' Of course, my sister needs a disciple because I am so sad to say sorry, '' said the somewhat static air. Badly and her mother went back to the principal and teachers from Khin Hnin 'no' from the teacher ဆရာမရယ် levels are small and we heard a noise, '' encouraging '. This was the end of the meeting.
12
Then came time school. To feed the disciples, Train to play on the street, On the road and onto the street to play, The trend, Stick to play down, The pit itself, Boards tree Do not go လူစိမ်းများ and meals to eat, The church was releasing a number to make reservations. Then, in grade school, about ten miles from home. Khin Hnin have been driving that long..
Draw from when they came to the house and sat down. Khin Hnin-up of the former National and sat down beside her. After child is 3 years old. A kiss Khin Hnin regain one's breath. However, when speaking with
son. The primary school teacher. I do not do that.
Snow. . Why, my son.
son. . Vegetable sellers elderly said. The teachers are sitting in the shadow salary. The teacher told the front pushed a six plates and the public servant salary level civil servants were not there to save money. I'll find work ကျွေူး servants may not do.
Son Khin Hnin tears after watching her ex.
Completed by the head of the family, a စီးပွားဥစ္စာ gave his wife, there is no requirement to assure everything fulfill your hobbies and sound against children should be able to pay to go to work and did not have enough money, he turned away her husband's mind, except Khin Hnin who might not know how.
AWBAR KHIN