ပျဉ်းမနားပြပွဲမှအမှတ်တရများ
တကယ်ပျော်မိပါတယ် စာမူမပို့ ပေမယ့် ခုလိုပရိတ်သတ်ဆီရောက်သွားတာကြည်နူးမှုတခုပါပဲ
ထို့အတူ ပရိတ်သတ်လက်ခံပေးမှုကိုလည်းကျေးဇူးတင်ကြောင်းပြောချင်ပါတယ်
ပထမလက်ရာနဲ့မတူပဲ ပုံစံသစ်လိုင်းသစ်လေး အစကို လက်ခံပေးလို့  ကျေးဇူးလည်းတင်ပါတယ်
အနုပညာလမ်းလျှောက်ခဲ့တဲ့ နှစ်များစွာမှာ ကာတွန်းလောက ကို ပိုပျော်ခဲ့ပါတယ်
meechit
hfs
မနေ့က အဖမွေးနေ့ မှာကဗျာတင်ဖို့ ပျက်ကွက်ခဲ့ပါတယ် ယခုပူးတွဲတင်ပေးပါရစေ
မြန်မာ့စနေ
မြန်မာစစ် မြန်မာချစ်ရဲ့သမိုင်း
တိုင်းရင်းသားဖြစ် ဆင်မြန်းလို့ 
အပေါ်ပင်နီ ဖျင်ကြမ်းဟ
တယောစွပ်ကျယ် သွေဖယ်ပြခဲ့
ရွှေတောင်လုံချည် ပင်နီအကီင်္ျနဲ့
ဇာနည်ဖွားအဖဟာ ထင်ရှားခဲ့။
သက္ကလပ်ရှောင် Lပတ်ကားတိုက်ပုံမဆောင်သူ သမိုင်း
ီရိုးရာဖျင်ကြမ်း ဆင်မြန်းဂုဏ်ယူလို့ 
သမ္မဂ္ဂကြွေးကြော်သံကြား 'အိုးဝေ'ဖွား
စနစ်မုန်းလည်း အယူမမှား
အင်္ဂလိပ်စာ ထိုးထွင်းလိုက်စား
လက်နက်သဖွယ်သဘောထား
အသွားသွေး ဘက်စုံဖောက်စား
အဖမြန်မာ့စနေ ထူးချွန်မှု
ယနေ့တိုင်ဂုဏ်သတင်း ပြီးဆုံးခြင်းမရှိခဲ့။
ဓမ္မကထိကအလား ပါဋ္ဌိပါဌ်သားကိုးကားလို့ 
ဗဟုသုတဖြန့်ဝေ အနားမနေသူရဲ့ဟန်
အိမ်တော်ရာထီး လက်ဆွဲလမ်းလျှောက်
'ငါ့မြင်းငါစိုင်း ညောင်ကိုင်းရောက်ရောက'်ဆို
ဆုံးဖြတ်ချက်ပြတ်သား စကားမမှားတဲ့
ဘာမထီဇာနည်ဖွား အဖဂုဏ်သတင်း
ကမ္ဘာပတ်မွှေးပျံ့ရင်း ခုထိပေါ့ မဟောင်းဘူး။
ကြမ်းခင်းကိုချစ် ခြုံစောင်ပစ်လို့ 
နိုင်ငံရေးသမား ဘဝကြမ်း
ထောင်နှုတ်ခမ်းလမ်းလည်း သူမကြောက်
စစ်ချီသံတွေနဲ့ လေချွန်ရှောက်ခဲ့
လွတ်လပ်ရေးအတွက် ကမ္ဘာပတ်
တိုင်းရင်းသားလည်း သူမလှပ်ခဲ့ဘူး
လွယ်အိတ် နဲ့ဓားလွယ် ကချင်ပြည်နယ်က သက်သေထူလို့ ။
ဖေဖေါ်ဝါရီ ၁၃ရဲ့ နိဒါန်း
တိဟိတ်ဖွားတဲ့ အာဇာနည်က
လွတ်လပ်ရေး အတွက်ဆို
ဒုက္ခကိုသာ ချစ်မြတ်နိုးခဲ့ပေါ့
ရှာမှရှားတဲ့ နံပါတ်တစ်
မူယာမာယာမပါ အာဏာမသုံး
ကြည်တိုက်မှ ဆေးသောက်မယ့်
ဖြူစင်နှလုံးသား မျှော်လင့်ခြင်းကြယ်က
အနာဂတ်မှာ စာရေး
မြန်မာကို အလှပေးချင်ခဲ့ ။
(မျှော်လင့်ချက် မပြည့်ဝခဲ့ဘူး။)
အမှန်တရားအတွက် နှုတ်မဆွံ့ ခဲ့သူ
မောင့်ဘက်တန်ရဲ့''Politics is the Refuge of Scoundrels''မိန့် ခွန်း
ညစ်ထပ်ထပ် ကာကီဝတ်စုံနဲ့
စကားလက်နက် ပြတ်သားထက်ခဲ့
အိုရီရင့်ကလပ်နဲ့ ခွေးကြား
ဒွိဟိတ်နဲ့ တိဟိတ်စကား
သက်သက်ခါးခါး ဖျော်သောက်ခဲ့တဲ့
သေနတ်ပြောင်းဝက လွတ်လပ်ရေးငှက်။
လွတ်လပ်ရေးငှက် နှလုံးသား
ဇူလိုင် ၁၉မှာ ကျည် ၁၃ချက်ထား
တော်မီဂန်း စတင်းဂန်းကိုင်
ပုဇွန်ဥာဏ် ပိုင်ရှင်တွေ
ရတနာဖြုန်း မြန်မာနှလုံးသုဉ်းခဲ့ရ
နိုင်ငံနစ်နာလို့  သရဖူကြွေကျခဲ့ရ
ပြည်သူနှလုံးသည်းပွတ် ကြွေညွှတ်ခဲ့ရ။
(ပြောင်းဝမှအသိုက်ပျက်စီး အိမ်ကြီးပြိုခဲ့ရ)
ထိုနေ့အစထား အဖသွေးသားများဟာ
ကပေါက်တိ ကပေါက်ချာ
ဖရိုဖရဲ ကသမ်းကယမ်း
ကမန်းကတမ်း ကတိုက်ကရိုက်
အဖမဲ့သား ရေနည်းငါးများဖြစ်
ကမ္ဘာအနှံ့ လေလွင့်ရစ်ပေါ့
ယနေ့ထက်တိုင် မပြောင်းဘူး
အဖဂုဏ်သတင်း ချီတက်ခြင်းများ
ယခုထက်တိုင် ကြွေညိုးခြင်းမရှိခဲ့
သွေးစဉ်ဆွေဆက် ကြည်ညိုလေးစား
သွန်သင်ဆုံးမချက်များနဲ့
မြန်မာအသဲ ထင်စွဲဆဲပါ အဖစနေ။
အလွမ်းဝေ မျက်ရည်ကြွေလို့ 
ကြေးသွန်းရုပ်ကြည့် ရင်နာမိခဲ့
ပန်းကုံးစွပ်ဆဲ သည်နေ့တွေထဲမှာ
ပစ္စုပ္ပန်အရေး ရတက်မအေးတိုင်း
တမ်းတလွမ်းဆွတ် ထပ်ခါထပ်ခါ ဦးညွှတ်မိပေါ့ အဖရေ။
ဖြိုး (ကျုံပျော်)