နီဟာ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေဖို့ သဘာဝရဲ့ ဆေးစွမ်းတစ်လက်လို့ ပြောနိုင်ပါတယ်။
ဥနီလို အစားအစာတွေကတော့ ဘေးဥပါဒ်မရှိတဲ့အပြင် ဥနီဖျော်ရည်မှာဆိုရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကိုပါ ပါဝင်ပါတယ်။
ဥနီဖျော်ရည်ရဲ့ ကောင်းကျိုးတွေကတော့ ဖန်ခွက်တစ်ဝက်ခန့် ဥနီဖျော်ရည်တစ်ခွက်မှာ ၁၀၅ ကယ်လိုရီဝန်းကျင်ပါဝင်ပြီး ပိုတက်စီယမ်၊ ကယ်စီယမ်၊ ဗီတာမင် အေ၊ ဗီတာမင် ဘီ၊ ဗီတာမင် စီ၊ ဗီတာမင် အီး တို့အပြင် ဖောလိတ်ဓာတ်လည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။
ဥနီဖျော်ရည်မှာ သဘာဝအယ်ကာလိုင်းပစ္စည်းတွေ ပါဝင်တာကြောင့် ရင်ပူခြင်းကို ဖြစ်စေနိုင်တဲ့ ပိုလျှံနေတဲ့ အစာအိမ်အတွင်းမှ အက်ဆစ်ဓာတ်ကို ချေဖျက်နိုင်စွမ်း ရှိပါတယ်။ ရင်ပူခြင်းကို သက်သာစေဖို့ ပန်းသီး၊ သခွားသီးနဲ့ အခြားအက်ဆစ်ဓာတ် ပါဝင်မှုနည်းတဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကိုလည်း စားသုံးပေးနိုင်ပါတယ်။