Tamarind Flower Salad ( Part -3)

Words
78
Reading
1 min
Listen
Play
7y

မန်ကျည်းပွင့်သုပ် ( အပိုင်း- ၃ )

Hello , all steemit member.

ဒီနေ့ steemit မှာ post တင်မှာကတော့ မန်ကျည်းပွင့်သုပ်
ဖြစ်ပါသည်

xioiao4ra3.png

မန်ကျည်းပွင့်လေးများ သည် မန်ကျည်းရွက်နုလောက် အချဉ်ဓာတ် မရှိပါ

မန်ကျည်းပွင့်လေးများသည် မွှေးကြိုင်သော ရနံ့ရှိပြီး ချဉ်ဖန် အရသာ ရှိပါသည်

မန်ကျည်းပွင့် လတ်လတ် ဆတ်ဆတ်အပွင့်လေးများ အား ဒီအတိုင်း အသုပ်သုပ်၍ ၄င်း ထောင်၍ ၄င်း ချက်၍ ၄င်း စားကြသလို

မန်ကျည်းပွင့်လေးများ အားရေနွေးဖျော ပြီးမှ အသုပ်သုပ်စားလည်းရပါသည်

မန်ကျည်းပွင့်လေးများအား လ္ဘက် ငရုတ်သီးစိမ်း တို့နှင့် ရောထောင်း၍ လ္ဘက်သုပ် ကဲ့သို့ သုပ်၍လည်း စားလို့ရပါသည်

တစ်ချို့ ကမန်ကျည်းပွင့်လေးများအား ဆားနှင့်နယ်သိပ် လေလုံအောင် ထား၍ နှစ်ပေါက် ထား၍ စားသောက်ကြပါသည်

nsvpqga0it.jpg

တောရွာများတွင်တော့ မန်ကျည်းပွင့်လေးများအား ဆားနှင့် မာထင်နေအောင် နှစ်ပေါက်သိပ်ထားပြီး စားချင်သည့် အချိန်မှ လိုအပ်သလောက် ယူပြီး ထောင်း ကြော် ချက် သုပ် အမျိုးမျိုး ပြုလုပ်စားကြပါသည်

mamamyanmar@mamamyanmar

Tamarind Flower Salad ( Part -3) | Ecency