မန္တလေး စီးပွားရေးဖိုရမ်
Hello , all steemit member.
ပြီးခဲ့သည့် နိုဝင်ဘာလ ၉ - ၁၀ -၁၁ ရက်က မန္တလေးမြို့ တွင် ကျင်းပ ခဲ့သည့် ၂၀၁၈ ခုနှစ် မန္တလေး စီးပွားရေးဖိုရမ် ပြပွဲ သို့သွားရောက်လေ့လာခဲ့သည် တို့အားရေးသားလိုက်ပါသည်
၂၀၁၈ မန္တလေးစီးပွားရေးဖိုရမ် (Mandalay Bussiness Forum 2018) ပြပွဲ ကို မန္တလေးမြို့ သိပ္ပံလမ်း နှင့် ၆၉ -၇၂ ကြားရှိ Mandalay Convention Centre ( MCC ) တွင် ၃ ရက်တာ ကျင်းပခဲ့ပါသည်
စီးပွားရေး ဖိုရမ်ကြီးဖြစ်မြောက်ရေးအတွက်
မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန နှင့် စီးပွာူရေးလုပ်ငန်းရှင်များ ပူးပေါင်း စီစဉ်ခဲ့ကြခြင်း ဖြစ်သည်ဟု သိရှိရပါသည်
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် ပြည်တွင်းလုပ်ငန်းရှင်များအကြားဆက်သွယ်မှု မြှင့်တင်ရန် စသည့် ကောင်းမွန်သော ရည်ရွယ်ချက်များဖြင့် ပြုလုပ်ကျင်းပ ခဲ့ကြခြင်း ဖြစ်ပါသည်
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို မြှင့်တင်ပေးရန်၊ ပိုမိုကောင်းမွန်သော ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်တစ်ရပ် ဖြစ်လာစေရန် နှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များကို အလားအလာရှိသော နိုင်ငံခြား ရင်နှီးမြှုပ်နှံသူများနှင့် ချိတ်ဆက်ပေးရန် ကျင်းပခဲ့ခြင်းဖြစ်သည်
ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု စီးပွားရေး ဖွံ့ဖြိုးစေမည့် အခွင့်အလန်းများ တိုးတက်လာစေပြီး အလုပ်အကိုင် အခွင့်အလမ်းများလည်း ပေါ်ထွန်းလာစေပါသည်
စီးပွားရေး လုပ်ငန်းရှင်များသာမက အနာဂတ်လူငယ်များပါ လေ့လာသင့်သော
ပြပွဲ တစ်ခုလည်းဖြစ်ပါသည်
စက်မှု စိုက်ပျိုးရေး လယ်ယာသုံး ပြခန်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများ ပြခန်း SME ပြခန်း စားသောက်ထုတ်ကုန်ပြခန်း ကား ပြခန်းများ ပါဝင်သော ပြခန်း ပေါင်း (၂၂၅)ခန်း ပါဝင်ပြသထားသည်ကို တွေ့မြင်လေ့လာ ခဲ့ရပါသည်
ယနေ့တွင် ၂၀၁၈ မန္တလေး စီးပွားရေးဖိုရမ် ပြပွဲ ကြီး အောင်မြင်စွာ ပြီးစီးသွားးခဲ့ပါသည်