Hog plum and Fish Paste Curry ( Part -2)

Words
75
Reading
1 min
Listen
Play
7y

ဂွေးသီးငပိတစ်ချက် (အပိုင်း- ၂)

Hello , all steemit member.

ဒီနေ့ ရာသီစာ ဂွေးသီးငပိတစ်ချက်လေး ပြုလုပ်စားသောက်ရင်း post တင်လ်ုက်ပါသည်

ဂွေးသီးနုနုလေးများကိုတော့ ဂွေးသီးထောင်း ဂွေးသီးငပိချက်တို့ကို ဟင်းလျာအနေနဲ့ စားရင် ထမင်းစားမြိန်စေပါတယ် ချဉ်ချဉ်စပ်စပ်လေးလုပ်စားရင်လည်း တကယ်ပင် အရသာရှိပြီးလူကြိုက်များတဲ့ အသီးဖြစ်ပါတယ်

ဂွေးသီးအမှည့်ဆိုရင်တော့ မီးကင် မီးဖုတ်ပြီး ငရုတ်သီးနဲ့ ထောင်း ဂွေးသီးအချဉ်ပေါင်းလုပ်စားကြပါတယ်

ကျမတို့ အရပ်ဒေသ မှာတော့ ဂွေးသီးအချဉ်ပေါင်း ဆိုသသည်မှာ နာမည်ကြော် စားစရာတစ်ခု ဖြစ်ပါသည်

ဂွေးသီးငပိတစ်ချက် မရေးသားခင် ဂွေးသီး၏ ကျန်းမာရေးကောင်းကျိုး များကို ရေးသားပါမည်

IMG_20190706_104602.png

ဂွေးသီး စားခြင်းဖြင့် ရရှိစေနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

  • နှစ်လုံးရောဂါဖြစ်ပွါးမှု့ကိုကာကွယ်ပေးနိုင်ပါတယ်

  • မျက်စေ့ အမြင်အာရုံကို ကြည်လင်စေပါတယ်

  • ကိုယ်ခံအားစနစ ကိုကောင်းမွန်စေပါတယ်

  • အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးစေပါတယ်

  • ဆီးချို သွေးချို ဖြစ်ပွားမှုလျှာ့ကျစေပါတယ်

  • သွေးအားနည်းရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်

  • ဘက်တီးရီးယား ၀င်ရောက်ခြင်းကို ကာကွယ်ပေးပါတယ်

  • ထိခိုက်ရှနာတာ ကို သက်သာစေပါတယ်

  • အရိုး နှင့် သွားများကို ခိုင်မာစေပါတယ်

mamamyanmar@mamamyanmar

Hog plum and Fish Paste Curry ( Part -2) | Ecency