ကြက်ခြေထောက်သုပ်
Hello , all steemit member.
ဒီနေ့အတွက် menu ကတော့ ကြက်ခြေထောက်သုပ် ဖြစ်ပါသည်
ဒီရက်ပိုင်း ရာသီဥတုက သာသာယာယာ ရှိနေသည့်အတွက် အစားမျိုးစုံအောင် ပြုလုပ်စားသောက်ရင်း အစားအသောက် post ဘဲတင် လိုက်ပါသည်
ကြက်ခြေထောက် ကို အသုပ်သုပ်စားကြရာတွင် ပါဝင်ပစ္စည်းများနှင့် ပြုပ်လုပ်ပုံ ကို မူတည်၍ အသုပ်ပြုလုပ်ပုံ လည်းကွဲပြားပါသည်
ကြက်ခြေထောက် ထိုင်းစတိုင်သုပ်
ကြက်ခြေထောက် အစပ်သုပ်
ကြက်ခြေထောက် အချိုသုပ်
ကြက်ခြေထောက် ဗမာသုပ်
စသည်ဖြင့် ပြုလုပ်နည်း ပါဝင်ပစ္စည်း များ ကွဲပြားသလို အရသာလည်း မတူ ကွဲပြားပါသည်
အခါတိုင်းကြက်ခြေထောက်သုပ် ကို ထိုင်းစတိုင် သုပ်စားဖြစ်သည်ကများပါသည်
စားရဖန်များတော့ ကြက်ခြေထောက်ထိုင်းစတိုင်သုပ် ကို ညှီးငွေ့လာပါသည်
ထို့ကြောင့် ဒီနေ့ရဲ့ ကြက်ခြေထောက်သုပ် ကိုတော့ ပုံမှန်သူပ်နေကြနည်းလမ်းအတိုင်းမသုပ်ဘဲ အိမ်၌ ရှိသောပါဝင်ပစည်း္စများ ထည့်၍ သုပ်သည့်အတွက် ကြက်ခြေထောက်သုပ် ထိုင်းစတိုင် တရုတ်စတိုင် မဟုတ်တော့ ဘဲ မမစတိုင် ဖြစ်သွားပါသည်
ပါဝင်ပစ္စည်းများ
- ကြက်ခြေထောက် ၇ ချောင်း
- ခရမ်စချဉ်သီး ၁ လုံး
- ကြက်သွန်နီ ၁ လုံး
- ကြက်သွန်ဖြူ ၃ မွှာ
- ဂျင်းလက်တစ်ဆစ်
- ငရုတ်သီးစိမ်း ၅ တောင့်
- ပဲငပ်အချို ဟင်းစားဇွန်း ၁ ဇွန်း
- ခရမ်းချဉ်သီးဆော့ ဟင်းစားဇွန်း ၂ ဇွန်း
- ပဲတီချဉ် ဟင်းစားဇွန်း ၂ ဇွန်း
- အပ်မှို အနည်းငယ်
- ကြွက်နားရွက်မှို အနည်းငယ်
- ဆီ ဟင်းစားဇွန်း ၁ ဇွန်း
- ဆား အနည်းငယ်
- ငံပြာရည် ဟင်းစားဇွန်း ၁ ဇွန်း
- အရသာမှုန့် အနည်းငယ်
- သံပုရာသီး ၁ လုံး
ပြုလုပ်နည်း
အရင်ဆုံး ကြက်ခြေထောက်များအား ရေစင်အောင် ဆေးကြော၍ ဆား အရသာမှုန့် ဂျင်းကြက်သွန်ဖြူ တို့ထည့်၍ နူးအိသည်အထိ ပြုပ်ပါ
ခရမ်းချဥိသီး ကြက်သွန်နီ ငရုတ်သီးစိမ်း လှီးထားပါ
အပ်မှို ကြွက်နားရွက်မှိုမျာူအားလရေစင်အောင်ဆေးပြီး အနေတော် ပိုင်းထားပါ
ကြက်ခြေထောက်များနူးအိ ပါကံ သုံးပိုင်းခန့်ပိုင်း နယ်မည့်ပုဂံတွင် ထည့် ပါဝင်ပစ္စည်းများအားလုံးထည့်နယ် ပေးပါ
အပေါ့အငံ မြည်း၍ သုံးဆာင်နိုင်ပါပြီ