❤👌😍 ချစ်​တဲ့သူကို အားပေးပါ ❤👌😍

Words
218
Reading
1 min
Listen
Play
8y

❤👌😍 ချစ်​တဲ့သူကို အားပေးပါ ❤👌😍





❤ ကိုယ့်​ချစ်​သူကို အားပေးခြင်းဟာ သူ့အတွက်ရောကိုယ့်အတွက်ပါ

အကျိုးများစေပါတယ်​ ❤



သူ့ကို အားပေးတဲ့အတွက်

 သူဟာ အလုပ်မှာ

ပိုမိုအောင်မြင်လာနိုင်သလို

စိတ်ပိုင်းဆိုင်ရာမှာလည်း

လုံခြုံစိတ်ချမှုကို ခံစားရစေပါတယ်👌✌



ကိုယ်သူ့ကို ဘယ်လောက်ချစ်သလဲ

ဘယ်​​လောက်​ တန်ဖိုးထားသလဲ ဆိုတာကို ပြသရာရောက်တဲ့အတွက်

ကိုယ့်အပေါ် မြတ်နိုး တွယ်တာမှုကလည်း ပိုအားကောင်းလာစေပါတယ် 👫



သူ စိတ်ညစ်နေတဲ့ အချိန်မှာ

အားပေးခြင်းက

 သူ့ကို ဖိအားတွေ အဆိုးတွေထဲကနေ ဆွဲထုတ်လိုက်သလို ပါဘဲ

သူ စိတ်ဓါတ်ကျနေချိန်မှာ 😶😑အားပေးလိုက်တာကတော့

သူ့အတွက် ရှင်သန်ဆေးပါပဲ 💊💊⏳



ဒါကို အများစုက သိထားကြပေမဲ့

တကယ်တမ်း

အမှားတစ်ခုခုကြောင့်ဘဲဖြစ်ဖြစ်

အဆင်မပြေမှု

တစ်ခုခုကြောင့်ပဲ ဖြစ်ဖြစ်

စိတ်ဓါတ်ကျနေတဲ့သူကို အားပေးဖို့ထက် အပြစ်တင်ခြင်းကိုပဲ 

မမေ့မလျော့ လုပ်တတ်ကြပါတယ် 👈👊



အားငယ်နေချိန်မှာ

စိတ်ညစ်နေချိန်မှာ

ဝမ်းနည်းနာကျင်နေချိန်မှာ

ချစ်တဲ့သူ ဆီက အပြစ်တင်တာမျိုး

ကြုံလိုက်ရရင်.......🍁🍁



 ဒါပေမဲ့

ကိုယ့်ကိုယ်ကိုပဲအားတင်းပြီး

ပြန်ရှင်သန်ရတာပါပဲ 🙇‍♀️🙋‍♀️



ဘာကြောင့်ပဲ ဖြစ်ဖြစ်

အားငယ်နေချိန်မှာ ချစ်သူရဲ့အားပေးစကားသံကိုတော့

လူတိုင်း ကြားချင်

ပိုင်ဆိုင်ချင်ကြပါတယ် 🤦‍♀️💁‍♀️



 သူ စိတ်အားတက်ကြွနေချိန်မှာ

 အားပေးတာက သူ့ဘ၀ အတွက်လှေခါးထောင်ပေးလိုက်သလို

တဟုန်ထိုး ပျံသန်းနိုင်လိုက်တဲ့

သိန်းငှက်လို အောင်မြင်မှုတွေ

ရရှိသွားစေနိုင်ပါတယ် 💫💫💫✨



ကိုယ့်ရဲ့အောင်မြင်မှုကို ၀မ်းသာအားရ လာပြောတတ်တဲ့ချစ်သူကို

ဝမ်းသာအားရ ကြိုဆိုပြီး

အားပေးဂုဏ်ပြု လိုက်ပါ 👍🏻💋

အဲဒီလိုမဟုတ်ဘဲနဲ့

အင်းမလုပ် အဲမလုပ်  မသိချင်ယောင်ဆောင်နေလိုက်တာမျိုး မပြုသင့်ပါဘူး 🌸🌸



သူ့ရဲ့အောင်မြင်မှုအတွက်

ချီးကျုး ၀မ်းသာပေးခြင်းဟာ

သူ့ကို အားပေးလိုက်သလို

 စိတ်ခွန်အားကို အမြင့်ဆုံးရောက်အောင် ဆွဲတင်ပေးလိုက်တာပါပဲ 🌈🌈💫



သူ့ကို လုပ်ငန်းခွင်မှာရော

မိသားစုအရေး မှာရော

လူမှုရေးမှာပါ အကောင်းဆုံး သူ

အတော်ဆုံး သူတစ်ယောက်

ဖြစ်စေချင်တယ်ဆိုတဲ့ ကိုယ့်ရဲ့ ဆန္ဒကို ပြောရင်းနဲ့အားပေးတာက

 ပိုပြီး ထိရောက်စေပါတယ် 🌠🎆🎇



ကိုယ့်အနေနဲ့သူ့ရဲ့ အနာဂတ်ကို ဘယ်လောက်တောင်

အလေးထား တန်ဖိုးထားသလဲ ဆိုတာကို

သူ့ကို သိစေရာ ရောက်တဲ့အတွက်  သူရဲ့အတ္တမာနကိုလည်း

 မြှင့်တင်ပေးရာ ရောက်သလို

 ကိုယ့်ကိုလည်း

 ပိုမို ယုံကြည်လာပါလိမ့်မယ်

အဲဒီလို နည်းလမ်းမျိုးနဲ့သူ့ရဲ့ ချစ်ခင်မြတ်နိုးမှုကိုလည်း

 ပိုမို ရရှိစေပါတယ် 👩‍❤️‍💋‍👩💐



 အချို့ကတော့

သူ့အောင်မြင်မှုအတွက် သူ့ကို အားပေးချီးကျူးနေရင်းနဲ့တောင်မှ

ကိုယ့်ကိုယ်ကို

 ကိုယ်ရေသွေးမို့မမေ့တတ်ပါဘူး  ☺️☺️



ချစ်သူရဲ့ချီးမြှောက်မှုကို

 ခံစားနေရချိန်မှာ ကိုယ်ရေသွေးလို်က်တဲ့ချစ်သူရဲ့စကားဟာ ကိုယ့်အတွက် ဘာမှ မဟုတ်တော့သလို ခံစားစေနို်င်တဲ့အတွက် သတိထားပြီး ရှောင်သင့်တယ်လို့လည်း မြင်မိပါတယ် 🎀🎀



ဘာကြောင့်ပဲ ဖြစ်ဖြစ်သေချာတာ တစ်ခုပြောရရင်တော့အားပေးတာဟာ အပြစ်တင်တာထက်တော့

ပိုကောင်းပါသေးတယ် 👍✌🤩



တကယ်လို့များ ကိုယ်က

ချစ်သူရဲ့အားပေးစကားကို

လိုချင်ပေမဲ့ မရခဲ့ဘူးဆိုရင်လည်း

ကိုယ့်ကို အားပေးတတ်စေဖို့

ချစ်သူကို လေ့ကျင့်ပေးပါ👍🏻👍🏻🏆



စိတ်ညစ်နေတယ် အားပေးပါဦး ဆိုတာမျိုးနဲ့သူ့ဆီက အားပေးစကားထွက်လာအောင်

ကြိုးစားသင့်ပါတယ် 🧚‍♀️



ကိုယ့်​ရဲ့ အောင်မြင်မှုကို

သူ့ကို မျှဝေချင်တဲ့အခါ

အောင်မြင်မှု့ကို မျှဝေပါမယ်

ချီးကျူးဂုဏ်ပြုပါ ဆိုတာမျိုးနဲ့

တောင်းဆိုပါ 🏅🙂





တကယ်လို့များ

ဘ၀မှာ အားပေးတတ်တဲ့ချစ်သူ

ဘ၀လက်တွဲဖော်ကို

ရရှိထားတယ်ဆိုရင်တော့

သူ့ကို တန်ဖိုးထားပြီး ပိုချစ်ပါနော် ❤️👍🏻❤️😍



😇 အား​ပေးခြင်းဆိုတာ

ဘ၀မှာ အလိုအပ်ဆုံး

ဆေးဝါးတစ်ခု 💊💊⏳

ဖြစ်နေတဲ့အတွက်ကြောင့်ပါ 😇


Follow me

mamaeainjal@mamaeainjal

image

❤👌😍 ချစ်​တဲ့သူကို အားပေးပါ ❤👌😍 | Ecency