🌠 🎆 အလိုအပ်ဆုံးအရာ 🎆🌠
ဘာတွေပျောက်ဆုံးပါစေ
ကိုယ်ပိုင်ဆိုင်ထားတဲ့ ရိုးသားခြင်းလေး
မပျောက်ဆုံးပါစေနဲ့
ဘာတွေပဲ အရောင်လွင့်သွားပါစေ
ကိုယ့်ဖြူစင်ခြင်းလေး
မပျယ်လွင့်သွားပါစေနဲ့
ဘာတွေက ခလုတ်ဖြစ်ဆူးခြစ်နေပါစေ
ကိုယ့်လမ်းလေး အလှမ်းမပျက်ပါစေနဲ့
ဘာအခက်အခဲတွေ ရှိနေတွေ့နေပါစေ
ကိုယ့်ကြိုးစားမှုတွေ မရပ်တန့်မိပါစေနဲ့
တစ်ပါးသူ ကိုယ့်ကို ယုံကြည်လာစေဖို့
မတိုက်တွန်း မပြောဆိုပါနဲ့
ကိုယ့်ကိုယ် ယုံကြည်နိုင်အောင်သာ ကျင့်ကြံနိုင်ရင်
လူအများလေးစားယုံကြည်မှုတွေ ကိုယ့်ထံပါး
ဝပ်တွားခယလာပါလိမ့်မယ်
ကပြောင်းကပြန်လောကမှာ
တချို့သောသူများ
ဟန်ဆောင်မှုတွေဖုံးလွှမ်း
မျက်နှာပန်းလှနေကြလည်း
ဘယ်သူမသိသိ ကိုယ့်အကြောင်းကိုယ်သာ
အသိဆုံး ဖြစ်ကြသည်မို့
သူတစ်ပါးလေးစားဖို့ထက်
ကိုယ့်ကိုယ်လေးစားနိုင်ဖို့
သူတစ်ပါးယုံကြည်မှုထက်
ကိုယ့်ကိုယ်ယုံကြည်နိုင်ဖို့
သူတစ်ပါးကြည်ညိုဖို့ထက်
ကိုယ့်ကိုယ်ကြည်ညိုနိုင်ဖို့
ိ🌄⛺🎡 ကိုယ့်အကြောင်းကိုယ်သိ
ပြန်စစ်ကြည့်တဲ့အခါတိုင်း
လိပ်ပြာသန့်သန့်
အသက်ရှု ရှင်သန်နိုင်ဖို့သာ
အလိုအပ်ဆုံးပါလေ 🌄⛺🎡