ကိုယ့်‌အကြိုက်‌ သူ့အကြိုက်‌

mahaw(59)
Published in
#myanmar
Words
165
Reading
1 min
Listen
Play
8y

FB_IMG_1524973561560.jpg

မင်္ဂလာပါချစ်‌မိတ်‌‌ဆွေ အ‌ပေါင်းတို့။ ‌ရှေးတုန်းက ကဗျာ‌တွေဟာ ဖတ်‌ရတာစည်းစည်းပိုင်‌ပိုင်‌ရှိလှတယ်‌။ ကဗျာ‌ရေနည်း ကဗျာအ‌ကြောင်းကိုပိုသိရင်‌ ပိုဖတ်‌လို့‌ကောင်းပါတယ်‌။ ဥပမာ ‌ဒွေးချိုး ‌လေးချိုးကဗျာ‌တွေမှာ ချီသံကဘယ်‌လို ချသံကဘယ်‌လို ကာရန်‌ကဘယ်‌လို စသဖြင့်‌သိ‌တော့ ကဗျာကို ဖတ်‌ရတာ ပိုအနှစ်‌သာရရှိလှပါတယ်‌။ ထိုကဗျာ‌ရေးနည်းရဲ့စည်းကမ်း‌လေးသိထား‌တော့ ကဗျာကိုထို‌ပေတံနဲ့ တိုင်းပြီး ‌ကောင်း၏ မ‌ကောင်း၏ မှန်‌၏ မမှန်‌၏ ဆုံးဖြတ်‌ကြတယ်‌။ ဒါ‌ပေမယ့်‌ တကယ့်‌နာမည်‌ကြီးသွားတဲ့ ကဗျာ‌တွေဟာ စည်းကမ်းနဲလွတ်‌‌နေတာ ‌တွေ့ရတတ်‌ပါတယ်‌။ ‌ရှေး‌ခေတ်‌ကဗျာကိုဘဲ ‌ပြောတာပါ။ ဘာကိုသတိထားမိ‌စေလည်းဆို‌တော့ popular ဖြစ်‌ခြင်း ၊နာမည်‌ကြီးခြင်း ကတစ်‌ပိုင်း ကဗျာစည်းကမ်း ကတစ်‌ပိုင်း ‌တွေ့ရပါတယ်‌။ တစ်‌ချို့ကဗျာ‌တွေဟာ ကဗျာအ‌ရေးအသားပိုင်း ‌တော်‌‌တော်‌‌ကောင်းပါတယ်‌ ၊စည်းကမ်းနဲ့လည်းညီတယ်‌ ။ဒါ‌ပေမယ့်‌ လူကြိုက်‌မများဘူး၊ တစ်‌ချို့သိ‌တောင်‌မသိဘူး။ ‌တွေးမိတာက နာမည်‌ကြီးတာ၊လူကြိုက်‌များတာနဲ့ ကဗျာစည်းကမ်းဆိုတာ မတူဘူးဆိုတာဘဲ။ အရည်‌အ‌သွေးကို စည်းကမ်းနဲ့တိုင်းတာမှားလား မှန်‌လား။ လူ‌တွေအများကြိုက်‌ရခြင်းဟာ ဘာ‌ကြောင့်‌လဲ။

1477740029811.jpg

crd.org.source

ယခု‌နောက်‌ပိုင်း ‌ခေတ်‌သစ်‌‌မော်‌ဒန်‌ကဗျာ‌တွေ ‌ပေါ်ထွက်‌လာကြ‌တော့ ကျွန်‌‌တော့်‌အ‌တွေးကို မှန်‌ကန်‌‌စေတာ ပို‌တွေ့ရတယ်‌။ ဂန္ဓဝင်‌ကဗျာသမားနဲ့ ‌ခေတ်‌သစ်‌ကဗျာအကြား စကားစစ်‌ပွဲ‌တွေ ဖြစ်‌လိုက်‌ကြတာ မနည်းမ‌နောပါ။ ဂန္ဓဝင်‌က‌ဗျာ‌တွေကို လူငယ်‌‌တွေဖတ်‌မရသလို ‌ခေတ်‌သစ်‌ကဗျာကိုလည်း လူကြီး‌တွေလိုက်‌မမှီပါဘူး။ ကိုယ့်‌အခံ‌လေး‌တွေနဲ့ ခံစားဖတ်‌‌တော့ ထိတာ မထိတာ‌တွေဖြစ်‌လာတာ‌ပေါ့။ ကိုယ့်‌အခံ‌လေးနဲ့ ထိရင်‌ ‌ကောင်းတယ်‌ ၊ ကိုယ့်‌အခံ‌လေးနဲ့ မထိရင်‌ မမှီရင်‌ မ‌ကောင်းဘူးဖြစ်‌သွား‌ရော။ က‌ဗျာ‌ကောင်းခြင်း မ‌ကောင်းခြင်းကို ကိုယ့်‌အခံနဲ့ ဆုံးဖြတ်‌တိုင်းတာကြတာများပါတယ်‌။ ကိုယ်‌မကြိုက်‌တိုင်း ကိုယ်‌မမှီတိုင်း‌မ‌ကောင်းပြောရင်‌ ခ‌လေးဆန်‌ပါတယ်‌။
SNAG-036.jpg
crd.org.source

သီချင်း‌လောကမှာလည်း ဒီလိုပါဘဲ။ သီချင်းက ပိုသိတာ‌စေပါတယ်‌။ ‌ရှေးလူကြီး‌တွေ ‌ယခုဆို‌နေတဲ့ ‌ရော့ခ်‌တို့ ရပ်‌တို့ ကိုလိုက်‌မှီဘူး‌လေ။ လိုက်‌မမှီတိုင်း မ‌ကောင်း‌ပြောလို့မရဘူး‌လေ။ သူတို့မှာလည်း သူတို့စည်းကမ်း သူတို့ပညာရှိကြတာဘဲ။ ကမ္ဘာ‌ကျော်‌‌အောင်‌‌တောင်‌ လူကြိုက်‌များကြတာပါ။ ကိုယ်‌ခံစားလို့မရတိုင်း မ‌ကောင်းဘူး ‌ပြောလို့မရဘူး‌လေ။ ကိုယ့်‌အခံနဲ့ကိုယ်‌က ဆုံးဖြတ်‌ကြတာကိုး။ ကဗျာတစ်‌ပုဒ်‌ ၊ သီချင်းတစ်‌ပုဒ်‌ ၊ သရုပ်‌‌ဆောင်‌တစ်‌‌ယောက်‌ ၊ စာ‌ရေးဆရာတစ်‌‌ယောက်‌ ၊‌ပေါက်‌ခြင်း ‌ကျော်‌ကြားခြင်း အများလက်‌ခံခြင်း ကြည်‌ညိုခြင်း‌တွေဟာ ပရိတ်‌သတ်‌ရဲ့အလုပ်‌ပါ။ အတုနဲ့ အစစ်‌ခွဲတာလည်း ပရိတ်‌သတ်‌ အလုပ်‌ပါ။ ကြက်‌ဖသီချင်း‌တောင်‌ ဆိုလိုက်‌ချင်‌တယ်‌။ အဓိကဆိုလိုချင်‌တာက အ‌ကြောင်းအရာတစ်‌ခုကို ကြိုက်‌ မကြိုက်‌ခြင်း ဟာ ကိုယ့်‌အခံနဲ့ တိုင်းတာမှု‌တွေ‌ကြောင့်‌ပါ။ မကြိုက်‌တာကို‌ပြောလို့ရ‌ပေမယ့်‌ မ‌ကောင်းဘူးလို့ ‌ပြောလို့မရပါဘူး။ ရိုးရိုးယဉ်‌ယဉ်‌ မြန်‌မာဆန်‌ဆန်‌‌လေး ကြိုက်‌‌ပေမယ့်‌ ‌ခေတ်‌သစ်‌ပျို‌မေ‌တွေလည်း တစ်‌မျိုးဆွဲ‌ဆောင်‌မှုရှိပါတယ်‌။ ကဗျာ စာ‌ပေ ဂီတမှာ ‌ခေတ်‌သစ်‌ကိုလက်‌မခံရင်‌ ‌ခေတ်‌သစ်‌လှပျိုဖြူ‌လေး‌တွေကိုလည်း လက်‌မခံနဲ့‌ပေါ့‌နော်‌။ရယ်‌စရာ‌ပြောတာပါ။
ကြိုက်‌ခြင်း မကြိုက်‌ခြင်း ၊‌ကောင်းခြင်း မ‌ကောင်းခြင်းဟာ သုံးစွဲသူ ခံစားသူ အခံဖြင့်‌ ဆုံးဖြတ်‌ကြခြင်းသာ ဖြစ်‌ပါတယ်‌လို့‌ပြောကြားရင်း နိဂုံးချုပ်‌လိုက်‌ပါတယ်‌။

MSC-228
mahaw@mahaw

ကိုယ့်‌အကြိုက်‌ သူ့အကြိုက်‌ | Ecency