လွမ်းဆွေးဖွယ်ကောင်းသော အချစ်ဇာတ်လမ်းလေးတွေ ဖတ်ရ ကြားရ မြင်ရရင် သူ့ရဲ့ရသက တစ်မျိုးဘဲနော်။ အလွမ်းရသ ကူးစက်စေသလိုဘဲ။ ဥပမာ ဗျာ တစ်ဝဂူ အကြောင်း ဖတ်ရရင် နားထောင်ရရင် ရင်ထဲမှာ သနားပြီး တနုန့်နုန့်ခံစားနေရတယ်။ နွေဦးရဲ့ တပေါင်းလညနေစောင်း တွေဆို ဘာကို လွမ်းမှန်းမသိ စိတ်ကိုမောဟိုက်စေတယ်။ နောက်ပြီး နေဝင်ချိန်ကို တကူးတက စောင့်ကြည့်တဲ့သူတွေကို အံ့သြမိတယ်။ သဘာဝဆေးရောင်စုံ တိမ်ပန်းချီကြားထဲမှာ နှုတ်ဆက်ထွက်ခွာနေတာကို ထိထိမိမိ စိုက်ကြည့်နိုင်တဲ့အစွမ်း မရှိတာတော့အမှန်။ အဲ့ဒါကြောင့် နေဝင်ချိန်ဆို ကျွန်တော်မကြည့်ဘူး။
ဆွေးမြည့်ရမယ့် အချစ်ဇာတ်လမ်းတွေကို ဖတ်ချင်ပေမယ့် လွမ်းဆွေးသောလှိုင်းတွေကူးစက်စေလို့ နောက်ဆို ရှောင်ကျဉ်တော့တယ်။ယောင်္ကျားဖြစ်ပြီး အသည်းနုတယ်လို့ဘဲဆိုဆို ခံစားစရာရှိရင်တော့ အပြည့်အဝ ခံစားပစ်လိုက်တာဗျ။ ပန်ထွာဘုရင်မတို့၊ဒိုင်းခင်ခင်နှင့် မောင်ဖေငယ်ဇာတ်လမ်းတို့ ဆိုရင် လွမ်းမောဖွယ် သနားဖွယ်ရသပေးတဲ့ ဇာတ်လမ်းလေးတွေပါ။ ရေးသားတဲ့သူတွေကလည်း တော်ရှာပါတယ်။ ဖြစ်ရပ်မှန် အကြောင်းအရာလေးတွေကို ကျောထောက်နောက်ခံထားပြီး သံဇဉ်လေးတွေထည့်လိုက်တော့ ပိုပြည့်စုံသွားတာပေါ့။
ဝတ္ထုရေးနည်း သင်ကြားပြီး ရေးဘို့တော့ စိတ်ကူးရှိတယ်။ အနုပညာဆိုတာ ဖန်တီးမှုကို ဦးတည်ပြောတာပါ။ စာရေးသားခြင်းမှာ အနုပညာ ပိုဖြစ်စေတာက ရသစာပေပါ။ ကိုယ်ဖန်တီးတာလေးတော့ ချပြချင်တယ်။ ဒါကြောင့်ရသစာပေဘက်ကို တဖြည်းဖြည်းပြောင်းကြည့်မယ်လို့ တွေးမိတာပါ။ ကိုယ့်အသက်အရွယ်နဲ့ အချစ်အနုအရွ လေးတွေ ရေးမယ်ဆိုတော့ တစ်မျိုးကြီးဗျ။ ကိုယ်ကလည်း ခုမှစ ရေးတာဆိုတော့ မကျွမ်းကျင်ဘူးလေ။ ကိုယ့်ခံစားချက်ရေးသလို ထင်ကြမှာလည်း စိုးရိမ်တယ်။ဦးယုဇန post ကိုဖတ်လိုက်ရတော့ တော်တော်အားရှိသွားတယ်။ အနုပညာ ဖန်တီးတာဘဲ ကြီးတယ် ငယ်တယ် မရှိပါဘူး။ စာဖတ်ပရိတ်သတ်ကို ရသတစ်ခုခု ပေးနိုင်ဘို့ အဓိကပါ။ တစ်ခုတော့ ကြိုပြောထားမယ်နော်။ မဟော်က လွမ်းအောင်လည်း ချွဲတတ်တယ် ၊ယုံအောင်လည်း ပျော်တတ်တယ်၊ ပြီးမှယုံအပ်လို့ ပုံအပ်မိတယ်တော့ မဖြစ်စေနဲ့ ။တားမှာ ခလေးနှစ်ယောက်နဲ့ မိန်းမရှိတယ်။ဟား ဟား ခုလိုရေးကြည့်တာကို တစ်မျိုးကြီး။မရေးတာဘဲ ကောင်းမလားမသိ။ တစ်ဖြည်းဖြည်းစမ်းလျှောက်ကြည့်ရမှာဘဲ။
" အလွမ်းမိုးလေး တိတ်စေချင်"
အို နှောင်းငယ်....
အလွမ်းတစ်ခု
မိုးရေတစ်စက်
ခိုင်းနှိုင်းငြားသော်
ပြည်မြန်မာကြီး
ရေကြီးနေတာ
မင်းလေးကြောင့်လို့
မပြောရက်ပါ
ချစ်နှမ နှောင်းငယ်ရယ်.....
အလွမ်းမိုးတွေ
ဆွံ့အသွားအောင်
မောင်ကြီးဆီကို
ပြန်လာပါတော့
သနားစဖွယ်
ပြည်မြန်မာကြီး
ရေဘေးကင်းအောင်
ကူညီလှည့်ပါ
ချစ်နှမ နှောင်းငယ်ရေ.....။
တစ်ပုဒ်တော့ လွှတ်လိုက်ပြီဗျို့။မကြိုက်ရင် ကျွန်တော်ရေးတာဟုတ်ဖူး၊ ကြိုက်ရင် မဟော် ရေးတာ။ နောက်ဆုံတွေ့ကြစို့ ချစ်လှစွာသော စာဖတ်ပရိတ်သတ်တို့ရေ။
MSC- 228
@mahaw