နှစ်သစ်ကူးချိန်

lwanwai(59)
Published in
#esteem
Words
111
Reading
1 min
Listen
Play
7y

နှစ်သစ်ကူးချိန်

ဘာလိုလိုနဲ့ နှစ်ဟောင်းကုန်လို့ နောက်နေ့ဆို နှစ်သစ် ရောက်ပြန်ပါပြီလေ။
ကျွန်တော်တို့ နှစ်ဟောင်းမှာ ဘာတွေ လုပ်ခဲ့လို့ စီးပွားရေး ၊ လူမူရေး ဘက်ပေါင်းစုံ ဘယ်လောက်ထိ အကျိုးကျေးဇူး များခဲ့သလဲ/ ကိုယ်ဘယ်လောက် ဆုံးရူံးမူတွေများခဲ့သလဲ ဆိုတာ ကိုယ်သာ လျှင် အသိဆုံးပါ။

oy05wtr2rl.jpg

တစ်ချို့က ဒီနှစ်မှာ ထီပေါက် ချဲပေါက်လို့ ဘဝတွေ တောက်ပြောင်လာခဲ့ကြတယ်။
တစ်ချို့က မိန်းမ အရက် ဖျက်လို့ ရန်ဖြစ် စကားများ ကွဲပြဲကုန်ကြတယ်။
တစ်ချို့က ဘိန်း ဖိုး ရာမ မူးယစ်ဆေးဝါး သုံးစွဲကြလို့
သေသူတွေသေ ထောင်ကျသူတွေကျလို့ ဘဝတွေပျက်နေလိုက်ကြတာ။

ဒီလိုလူတွေကြားထဲမှာ ကျွန်တော်တို့ ချစ်ခင် ကြင်နာ ကြတဲ့ သူငယ်ချင်းအပေါင်းအသင်းတွေ အကြောင်းအမျိုးမျိုးနဲ့ ကျွန်တော်တို့ အနားက ခွဲခွာသွားတဲ့အခါ ဝမ်းနဲ ခဲ့ကြရတယ်။

စီးပွားရေးအရ ကျွန်တော်တို့ အလုပ်လုပ်နေကြရပေမဲ့
စိတ်ဆင်းရဲမူတွေနဲ့ကြုံလာတဲ့အခါ ဘာမှ မလုပ်ချင်တော့ဘူး။ပျော်ရွင်စရာတွေနဲ့သာ ဇတ်လမ်းတွေထဲကလို ဇတ်သိမ်းခဲ့ကြရင် ကျွန်တော်တို့ တစ်ယောက်စီတိုင်းပျော်ရွင်နေကြမှာ အမှန်ပါပဲဗျာ။

မှတ်မှတ်ရရ ကျွန်တော် ကိုရန်နိင် aggamun@aggamun ဆုံးကတည်း စာမရေးဖြစ်တော့တာပါ။သူချစ်တဲ့ Steemit ကို စွန့်ခွာပြီးတဲ့နောက် သူ့နေရာမှာ ကျွန်တော် အဖြစ် စိတ်ထဲ ခံယူမိပြီး ကိုယ့်နောက်ဘာမှ မပါ ပါဘူးလေ ဆိုပြီး ပြစ်ထားမိခဲ့ပါတယ်။
ခုမှ နှစ်သစ်ကူးရက် ရောက်လို့ စာပြန်ရေးချင်စိတ်‌‌ေပါ်တာနဲ့ စာရေးလိုက်ရပါတယ်။
အားလုံးပဲ ကျွန်တော့်ကို မှတ်မိကြပါအုံးမယ်လို့ မှတ်ထင်ရင်း
နောင်လာမဲ့ နှစ်သစ်မှာ အားလုံးပဲ စိတ်ရဲ့လိုရာ ဆန္ဒတွေ တစ်လုံးတစ်ဝ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ။
Happy New Year ** 2020

MSC 045
Lwanwai

နှစ်သစ်ကူးချိန် | Ecency