မိုးေရစက္ကေလးမ်ား & မိုးရေစက်ကလေးများ

Words
147
Reading
1 min
Listen
Play
7y

မိုးေရစက္ကေလးမ်ား

မိုးေတြ ႐ြာေတာ့မယ္
မိုးေတြ႐ြာရင္ ကြၽန္ေတာ္ေတာ့ ေတာ္ေတာ္ကိုေပ်ာ္ပါတယ္။မိုးေတြသဲေနၿပီဆို ဟိုအရင္ ကေလးဘဝေတြကို ျပန္လည္ကာ လြမ္းဆြတ္တမ္းတမိပါတယ္။
အရင္က ဒီလို မိုးေတြ႐ြာၿပီဆို မိုးထဲေလထဲ ေျပးၿပီး မိုးေရခ်ိဳးရတာ အေမာေလ
ၿပီးေတာ့ ကေလးေတြစုၿပီးမိုးေရထဲ ေဘာလံုးကန္ကာ ေျပးလြားရတာ အရမ္းေပ်ာ္စရာ ေကာင္းပါတယ္။

j17e6g21zj.jpg

ဒါေပမယ့္ ခုအခ်ိန္မွာေတာ့ ရာသီေတြ ေျပာင္းလို႔ ကြၽန္ေတာ္တို႔ ငယ္ရာမွ လူႀကီးေတြျဖစ္လာၾကၿပီ။
ဟိုအရင္လို ရာသီ ဥတုေတြလည္းမမွန္ၾကေတာ့ေပ။
မိုးရာသီ ေရာက္ေပမယ့္ မိုးေတြ မ႐ြာေတာ့ေပ။
မိုးေတြ ႐ြာတဲ့အရပ္ေတြမွာေတာ့ မိုးေကာင္းလြန္းလို႔ ေရေတြႀကီးေနၾကတာ ၾကားေနရပါတယ္။

ကိုယ္ေတြေနတဲ့ အရပ္ေဒသ ကေတာ့ ေရႀကီးဖို႔ မေျပာနဲ႕ မိုးေတာင္ ဘယ္ဆီေရာက္ေနမွန္းမသိေပ။
ခုေတာ့ အေဝးမွာ မိုးတိမ္မည္းမည္းေတြ ေရာက္လာၿပီ။
မၾကာမီ မိုး႐ြာေတာ့မည္ မိုး႐ြာ‌တာ ေပ်ာ္ေပမယ့္
ဟိုအရင္လို မိုးေရထဲ ေျပးလြားေဆာ့ကစားခ်င္ေပမယ့္ အျမင္မတင့္ေတာ့ေပ။
မိုးေတြ႐ြာေနေလၿပီ အရမ္းေပ်ာ္သည္
ဟိုးေကာင္းကင္ေပၚက မိုးေရစက္ကေလးမ်ားကို ေငးၾကည့္ရင္းႏွင့္သာ အေတြးေတြ အတိတ္ဆီ ပ်ံက်ဲ သြားျပန္သည္။

lwanwai@lwanwai
Msc 045

(Unicode)

မိုးရေစက်ကလေးများ

မိုးတွေ ရွာတော့မယ်
မိုးတွေရွာရင် ကျွန်တော်တော့ တော်တော်ကိုပျော်ပါတယ်။မိုးတွေသဲနေပြီဆို ဟိုအရင် ကလေးဘဝတွေကို ပြန်လည်ကာ လွမ်းဆွတ်တမ်းတမိပါတယ်။
အရင်က ဒီလို မိုးတွေရွာပြီဆို မိုးထဲလေထဲ ပြေးပြီး မိုးရေချိုးရတာ အမောလေ
ပြီးတော့ ကလေးတွေစုပြီးမိုးရေထဲ ဘောလံုးကန်ကာ ပြေးလွားရတာ အရမ်းပျော်စရာ ကောင်းပါတယ်။

ဒါပေမယ့် ခုအချိန်မှာတော့ ရာသီတွေ ပြောင်းလို့ ကျွန်တော်တို့ ငယ်ရာမှ လူကြီးတွေဖြစ်လာကြပြီ။
ဟိုအရင်လို ရာသီ ဥတုတွေလည်းမမှန်ကြတော့ပေ။
မိုးရာသီ ရောက်ပေမယ့် မိုးတွေ မရွာတော့ပေ။
မိုးတွေ ရွာတဲ့အရပ်တွေမှာတော့ မိုးကောင်းလွန်းလို့ ရေတွေကြီးနေကြတာ ကြားနေရပါတယ်။

ကိုယ်တွေနေတဲ့ အရပ်ဒေသ ကတော့ ရေကြီးဖို့ မပြောနဲ့ မိုးတောင် ဘယ်ဆီရောက်နေမှန်းမသိပေ။
ခုတော့ အဝေးမှာ မိုးတိမ်မည်းမည်းတွေ ရောက်လာပြီ။
မကြာမီ မိုးရွာတော့မည် မိုးရွာ‌တာ ပျော်ပေမယ့်
ဟိုအရင်လို မိုးရေထဲ ပြေးလွားဆော့ကစားချင်ပေမယ့် အမြင်မတင့်တော့ပေ။
မိုးတွေရွာနေလေပြီ အရမ်းပျော်သည်
ဟိုးကောင်းကင်ပေါ်က မိုးရေစက်ကလေးများကို ငေးကြည့်ရင်းနှင့်သာ အတွေးတွေ အတိတ်ဆီ ပျံကျဲ သွားပြန်သည်။

lwanwai@lwanwai
Msc 045

မိုးေရစက္ကေလးမ်ား & မိုးရေစက်ကလေးများ | Ecency