Pone Pyin Ta Bote

Words
430
Reading
2 min
Listen
Play
8y

လင်​မယား နှစ်​​ယောက်
တရားရုံးမှာ ကွာရှင်း ကြတယ်
image
ဒီ​တော့ လူပျိုကြီးဖြစ်သူ တရားသူကြီးက လက်​မှတ်​ မထိုးခင်​မှာ
အရင်​​မေးလိုက်​တယ်

" ကဲ ခင်​​ဗျားတို့က ကွာရှင်းချင်​တယ်​ ဆို​တော့ -ကွာရှင်းစာချုပ်​မှာ လက်​မှတ်​ မထိုးခင်​ အရင်​ ​မေးပါအုံးမယ်​ -

  • ဒီက အမျိုးသားက စ ​ဖြေပါ -
  • ခင်​​ဗျားက တကယ်​ ကွာရှင်း ချင်​တာလား ?"

ဤအခါ..အမျိုးသား ဖြစ်​သူက

" ဒါက​တော့ -သူ့သ​ဘောပါ -သူက မ​ပေါင်းချင်​ဘူး-ကွာရှင်းချင်​တယ်​ ဆိုရင်​ -ကျုပ်​က ကွာ ​ပေးဖို့ အသင့်​ပဲ -ဒီလိုမှ မဟုတ်​လို့ မကွာချင်​ဘူး ​ပေါင်းချင်​တယ်​ ဆိုလည်း ​ပေါင်း​ပေးလိုက်​ရုံပဲ -သူ့သ​ဘောပဲ "

တရားသူကြီးက
အမျိုးသား၏စကားကို နား​ထောင်​ပြီး ​ခေါင်းညိတ်​သည်
ပြီး​တော့ အမျိုးသမီးဘက်​ လှည့်​ကာ

" ကဲ -ခင်​​ဗျား အမျိးသားက​တော့ -ခင်​​ဗျား သ​ဘောပဲ တဲ့ -အဲ့​တော့ ခင်​​ဗျား သ​ဘောက​ကော -ဘယ်​လိုလဲ ?- ကွာရှင်းမှာလား ?"

ထိုအခါ...အမျိုးသမီးက
image
" ကျမကလည်း -သူ့အတိုင်းပဲ​လေ -သူ ကွာချင်​ ကွာမယ်​ -သူ​ပေါင်းချင်​ ​ပေါင်းမယ်​ -ဒါပဲ "

ဒီ​တော့...တရားသူကြီးက
အမျိုးသားဘက်​ ပြန်​လှည့်​၍ ​မေးပြန်​သည်

" ကဲ -သူကလည်း ခင်​​​ဗျား သ​ဘောတဲ့ -ဘယ်​လိုလဲ ?"

ဤအခါ..အမျိုးသားက စိတ်​ရှုပ်​စွာဖြင့်
တရားသူကြီးကို

" ခင်​​ဗျား မှာ -နား​တော့ ပါ ပါတယ်​​နော်​"

"​ဗျာ "

" မ ​ဗျာ နဲ့ -ကျုပ်​​ပြောတာ ရှင်းရှင်း​လေး -သူ့ သ​ဘော အတိုင်းလို့ "

" အယ်​​ဗျာ "

တရားသူကြီးက ​ခေါင်းကုတ်​၍
အမျိုးသမိးကို ​မေးပြန်​သည်

" ကဲ အစ်​မကြီး ဘာလုပ်​မှာလဲ -ခင်​​ဗျား ​ယောက်ျားက ခင်​​ဗျား
သ​ဘောတဲ့ "

ဤအခါ
အမျိုးသမိးကလည်း စိတ်​ရှုပ်​စွာဖြင့်

" ဟာ -​ရှင်​ ​ဗမာလို နားမလည်​ဘူးလား "

" အမ်​ "

" ​ပြောထားတယ်​​လေ - သူ့ သ​ဘော အတိုင်းလို့ "

" ​ဟာ​ဗျာ "

သို့နှင့်

" သူ့ သ​ဘောပါ ဆို -​ဗျာ "

.

" သူ့ သ​ဘော အတိုင်းလို့ "

ကြာ​တော့
တရားသူကြီးက စိတ်​တိုလာကာ
ခုံကို "ဘုန်း"ကနဲ ထု လိုက်​ပြီး

" ကဲ ခင်​​ဗျားတို့ ကွာရှင်းမှာလား -မကွာရှင်းဘူးလား '- ဒါပဲ​ပြော "

ထိုအခါမှ
ပြိုင်​တူ ထွက်​လာသည်

" ကွာ ရှင်းမယ်​ "

" ​အေး - ဟုတ်​ပြီ - ​ရော့ -အာ့ဆို -ဒီ ကွာရှင်း စာချုပ်​မှာ လက်​မှတ်​ထိုးကြ "

တရားသူကြီးက
ကွာရှင်းစာချုပ်​ကို ​ရှေ့ချ​ပေး​တော့
အမျိုးသမီးက အမျိုးသားဘက်​ တွန်းကာ

" ရှင်​ အရင်​ ထိုးလိုက်​ "

ယောက်ျားက ပြန်​တွန်းကာ

" မင်း အရင်​ ထိုးစမ်းပါ "

" အိုး ရှင်​ အရင်​ ထိုးပါဆို "

" ဒီမှာ -ငါ့ဘဝမှာ မင်းကို အမြဲ ဦးစား​ပေးခဲ့တာချည်းပဲ -ဒီ​တော့ မင်း အရင်​ ထိုးလိုက်​ "

" အိုး ကျမဘဝမှာလည်း -​မောင့်​ကို အမြဲ ဦးစား​ပေးခဲ့တာပဲ - ဒီ​တော့ ​မောင်​အရင်​ ထိုး "

" ချစ်​ အရင်​ ထိုးလိုက်​ပါ "

သိုနှင့်

" ​မောင်​ အရင်​ ထိုး ဆို "

.

" ချစ်​ အရင်​ ထိုး -"

ကြာ​တော့
တရားသူကြီး ​ပေါက်​ကွဲ လာပြန်​သည်
ထို့​ကြောင့်​ စားပွဲကို "အုန်း"ကနဲ ထုလိုက်​ကာ
အော်​လိုက်​သည်

" ​ဟေ့လူ​တွေ - ခင်​​ဗျားတို့ -ကွာရှင်းကြအုံးမှာလား ?"

ထိုအခါ
အမျိုးသားက ဆတ်​ကနဲ မတ်​တတ်​ ထ ရပ်​လိုက်​ပြိး
တရားသူကြီးကို ​​စေ့​စေ့ကြည့်​၍

" ခင်​​ဗျားက ဘာလဲ! - ကျုပ်​တို့ လင်​မယားကို ကွာရှင်း ​စေချင်​​နေတာလား ?"

အမျိုးသား၏စူးစူးရဲရဲ အကြည့်​​ကြောင့်
တရားသူကြီးလည်း လန့်​သွားကာ

" အယ်​ ဟုတ်​ဘူး​လေ ​ဗျာ -ခင်​​ဗျားတို့ပဲ ကွာရှင်းဖို့ ဆိုပြီး လာတာ​လေ "

ထိုအခါ
အမျိုးသမီးလည်း ဆတ်​ကနဲ မတ်​တတ်​ ထရပ်​ လိုက်​ပြန်​ပြီး

" အိုး ဒါ​တော့ -လင်​မယားချင်း စိတ်​အခန့်​မသင့်​လို့ ​ ဖြစ်​တာ​လေ - "

" ဂျာ"

" တကယ်​ဆို -ရှင်​က တရားသူကြီးပဲ -ကွဲမယ်​ ဆိုရင်​​တောင်​ -မကွဲပါနဲ့ကွာ ဘာညာ ဆိုပြိး တရားချရမှာ​လေ -မဟုတ်​ဘူးလား ?"

" အယ်​လည်​လည်​ "

အမျိုးသမီးစကားကို အမျိုးသားကလည်း
ထောက်​ခံသည်

" ဟုတ်​ပ ချစ်​ရယ်​ -ဘယ်​လို​ကောင်​လဲ မသိဘူး-သူများ လင်​မယားကို ကွဲ​စေချင်​​နေတာ "

" ဟာ မဟုတ်​ဘူး​လေ​​ဗျာ "

" ဘာ မဟုတ်​ဘူးလည်း -ရှင့်​နာမည်​ ဘယ်​သူလဲ ​ပြောစမ်း "

" ဘာ ဘာလုပ်​မလို့လဲ ?"

" ဘာလုပ်​ရမှာလဲ - တိုင်​မလို့ -လွှတ်​​တော်​ထိ တက်​တိုင်​မလို့ "

" ဟာဂျာ "

တရားသူကြီးမှာ
တ​နေကုန်​ ​ဈေးဦးမ​ပေါက်​ရတဲအထဲ
ဂွကျကျ လင်​မယား​ကြောင့်
ခြေမကိုင်​မိ လက်​မကိုင်​မိ ဖြစ်​​နေရရှာသည်

ထိုအခါမှ
အမျိုးသားဖြစ်​သူက သနားသွားသည်​ထင်

" လာပါ ချစ်​ရယ်​ - ဒီလို အိမ်​​ထောင်​​ရေးအ​ကြောင်းနားမလည်​တဲ့​ ကောင်​​တွေကို ​ပြော​နေလည်း အပိုပဲ -လာ ​မောင်​တို့ အိမ်​ပြန်​ကြရ​အောင်​ "

" အင်းပါ ​မောင်​ရယ်​ -

  • ဟွန်း​နော်​ -​မောင်​ ဝင်​​ပြောလို့ သိလား "

" တိန်​ "

အမျိုးသားနဲ့အမျိုးသမီးမှာ
တစ်​​ယောက်​ပခုံး တစ်​​ယောက်​ဖက်​ကာ
မောင်​ရယ်​ ချစ်​ရယ်​နဲ့ ပြန်​ထွက်​သွားကြ​တော့သည်

တရားသူကြီးမှာ​တော့

" ဒီ​နေ့ ကံမ​ကောင်းပါလား ​ဗျာ "😬😬

လူချွန်​​တော်

တရားသူကြီးကို စိတ်​ညစ်​​အောင်​မလုပ်​ကြပါနဲ့..😂😂
ရယ်​​မောခြင်းဖြင့်​အသက်​ရှည်​နိုင်​ကြပါစေ..
image

Pone Pyin Ta Bote | Ecency