Ngar Toe Ta Tway

Words
133
Reading
1 min
Listen
Play
8y

တာမျိုး လုံးဝမရှိတော့ဘူး။ သူပါပါ မပါပါ ကိုယ်ကတော့ ကိုယ့်ဘ၀အတွက် ကိုယ်တည့်တည့်လျှောက်နေတုန်းပဲ။ image

Still Rocking! ဒါမျိုးကို လိုချင်တာ။ Self power. Self confidence. Self Value.

🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃

  1. ပေးသော်လည်း ပေးတိုင်းပြန်မရတာ အချစ်လို့ ခေါ်ပါတယ်။

ခေါ်သလား မမမေးတော့ဘူး။ ခေါ်တယ်ဆိုတာ သေချာလွန်းလို့ ။ များများပေးရင် များများပြန်ရတယ်ဆိုတဲ့ logic က အချစ်မှာတော့ မသက်ရောက်ဘူးရယ်။ ကံအရမ်းကောင်းရင်တော့ သက်ရောက်မှာပေါ့။ ဒါပေမယ့် သေချာကြည့်နော်။ ကိုယ်ကသာ အကုန်ပေးပလိုက်တာ။ ဟိုက ဒါကြီးကို တန်ဖိုးကို မထားတော့တာ။ ဒီစော်က ငါဘာလုပ်လုပ်ပါကွာ၊ ငါ့ကို သူအဆုံးရှုံးမခံနိုင်ပါဘူး ဆိုတဲ့ စိတ်ကြီးက ၀င်သွားရော။ အဲ့လိုနဲ့ ခဲရာခဲဆစ်ရယူရတဲ့ အသစ်အဆန်းတွေနောက်လိုက်သွားရော။ မြောက်ပေးတာတော့ မဟုတ်ဘူး၊ အရမ်းမချစ်ပြနဲ့ ၊ အရမ်းမပေးနဲ့ ။ ပေးလွန်းရင် တန်ဖိုးမဲ့ကုန်တယ်။ ဒါ ဘယ်သူမဆိုအဲ့လိုပဲ။

🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃

  1. စည်းကမ်းရှိပါ။

စည်းကမ်းသည် လူ့ တန်ဖိုးတဲ့။ အရာရာတိုင်းမှာ စည်းကမ်းရှိရတယ်​။ RS မှာလည်း ကိုယ့်ရဲ့ အရေးပါမှုကို မဆုံးရှုံးချင်ရင် စည်းကမ်းရှိရတယ်။ ကိုယ်မကြိုက်တာတွေဆိုရင် ပြတ်ပြတ်သားသားမကြိုက်ဘူးဆိုတာကို သေချာပြောရဲရမယ်။ သည်းမခံနိုင်တာရှိရင် လုံးဝသည်းမခံကြောင်းပြောပြတတ်ရမယ်။

အားနာစရာမလိုဘူး။ ဒီ relationship မှာကိုယ်လုံးဝမလိုချင်တာကို demanding လုပ်တတ်ရမယ်။ ကိုယ့်ရဲ့ သတ်မှတ်ချက်နဲ့  စည်းကမ်းကို ပြတ်ပြတ်သားသားပြောပြထားမှ သူကလည်း ကိုယ့်အပေါ် လေးစားမှုထားမှာဖြစ်သလို ကိုယ့်ရဲ့ limit ကဘယ်လောက်အထိပဲ သည်းခံနိုင်မယ်ဆိုတာ သူသိနေဖို့ လိုတယ်။

ဒါမျိုးမှသာလျှင် ဒီ rs တစ်ခုက ပရမ်းပတာ မဖြစ်မှာ။ ဘယ်အရာမဆို ဘ၀မှာ ဘာပဲကြုံကြုံ ကိုယ့်ရဲ့ ခံယူချက်အပေါ်မှာ စိတ်ခိုင်ခိုင်မာမာထားတတ်ဖို့ လိုတယ်။ တစ်ခါတစ်လေ အသည်းမာစေချင်တယ်။
image
🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃

  1. ကိုယ့်သူငယ်ချင်းတွေကို မမေ့လိုက်ပါနဲ့ ။

တော်တော်များများဖြစ်တတ်ကြပါတယ်။ ကိုယ့်ချစ်သူနဲ့ ပဲ လုံးခြာလည်ရိုက်နေတော့ ကိုယ့်သူငယ်ချင်းတွေကိုဆိုရင် လုံးဝသတိမရတော့ဘူး၊ အပြင်ကမ္ဘာကြီးနဲ့ ဆို လုံးဝအဆက်အသွယ်ပြတ်။ ပြဿနာတတ်ပြီဆိုမှ အသည်းအသန်ပြန်လိုက်ရှာပြီး ရင်တွေဖွင့်လိုက်တွေ လုပ်ကြတော့တာပဲ။

Ngar Toe Ta Tway | Ecency