Customer

Words
154
Reading
1 min
9y
Listen to this post
~1 min

လေယာဉ်မယ်ကို ဒူးထောက်တောင်းပန်ခိုင်းတဲ့
သောက်ရမ်းဟိုက်ကလပ်စ်ဆိုတဲ့ ဘွားတော်ကြီးအကြောင်း ဖတ်ရတယ်။
အပြစ်က Economy Class မှာ စီးပြီး Business Class မှာ ဖင်ဇိမ်ခံရှာတဲ့ အဒေါ်ကြီးကို လေယာဉ်မယ်က တားမိလို့ဆိုပဲ။
သူက Economy Classမှာ စီးတဲ့အစား မဟုတ်ဘူး
လက်မှတ်မရလို့ ဆင်းစီးရတာတဲ့။
မကျေနပ်ရင် ရတဲ့နေ့ပြောင်းစီးလေ...
စည်းကမ်းက စည်းကမ်းပေါ့။

Customer is alway right.ဆိုတဲ့အတိုင်း
လေယာဉ်ပေါ်က dyရော ပြောမိတဲ့လေယာဉ်မယ်ရောကို ဒူးထောက်တောင်းပန်ခိုင်းသတဲ့။
ဟိုကလည်း တောင်းပန်ရရှာတယ်။
ဘေးက မြင်တဲ့ မခံနိုင်သူက မကျေနပ်လို့ ရေးတင်တာ။

အဟင်း
ငယ်ငယ်က လေယာဉ်မယ် ဖြစ်ချင်ခဲ့ဖူးတယ်။
အခုတော့ ဘုရားရေ... ငါသောက်သုံးမကျလို့
အရွေးမခံရတာ တော်တော်ကံသီပါလား တွေးမိတယ်။
အခုလိုအဖြစ်အပျက်မျိုးနဲ့သာ ကြုံရရင်
ကိုယ်လို မရင့်ကျက်ပုံမျိုးနဲ့က ဒီမိန်းမ ထဘီကွင်းစွတ်ခံရပြီသာမှတ်။
ဒူးထောက်တောင်းပန်ဖို့ နေနေသာသာ
အဲ့မိန်းမပါးစပ်ထဲက သွားချည်းသတ်သတ်
Business Class ပေးစီးပစ်လိုက်ပြီးလောက်ပြီ။

မလိုအပ်ဘဲ အရိုအသေပေးရတာမျိုး
မလိုအပ်ဘဲ အရိုအသေပေးခံရတာမျိုးတွေ သိပ်မုန်းတယ်။
ဘဏ်ထဲဝင်သွားလို့ ခါးလေးကိုင်း နှုတ်ဆက်ရင်
ရုပ်တည်ကြီးနဲ့ ဝင်သွားရမှာ အားနာတယ်။
ဆိုင်ထဲဝင်သွားလို့ မင်္ဂလာပါဆိုရင် အားတုံ့အားနာနဲ့
မင်္ဂလာပါ ပြန်ပြောရတယ်။
မလိုအပ်တဲ့ ယဉ်ကျေးပျူငှာမှုတွေကို အလာ့ဂျစ်ဖြစ်တယ်။

ဘဝမှာ သူတပါးကို Service ပေးရတဲ့ အလုပ်မျိုး တစ်ခါမှ မလုပ်ခဲ့ဖူးတာ ကံတရားကို ကျေးဇူးတင်မိတယ်။
လူတွေပဲ... ဘယ်သူမှ အမြဲမမှန်နိုင်ဘူး။
အဲ့တော့ Customer အမြဲမှန်တယ်ဆိုတဲ့ အတွေးမျိုးနဲ့
ခေါင်းလာနင်းရင်တောင် သီးခံရမယ်ဆိုရင်တော့
ဆောရီးပါ။

လူတိုင်းမှာ အခြေခံမာနဆိုတာလေး ရှိတယ်။
စွာနေ ထက်နေ မြက်နေမှ မဟုတ်ဘူး...
ပုံမှန်အေးဆေးနေတဲ့လူတွေမှာလည်း ကိုယ့်ရေချိန်နဲ့ကိုယ် မာနဆိုတာလေးတော့ ရှိတယ်။
ကိုယ့်မာနကို အထိပါးမခံသလို သူတပါးမာနကို ထိပါးပြီး ကိုယ့်မာနကို အရောင်တင်သူတွေကိုလည်း ရွံတယ်။

စိန်နားကပ်ကြီး ပြူးနေအောင်ဝတ်ပြီး
LVပုဝါကြီး ခြုံပြလိုက်တာနဲ့
အဆင့်အတန်းဆိုတာ နေရင်းထိုင်ရင်း ရှိသွားတာ မဟုတ်ဘူး။
လူကို လူလို ဆက်ဆံမှ၊ လူလိုကိုယ်ချင်းစာတတ်မှ
လူဖြစ်တာ....

သေရင်လည်း ကိုယ့်နောက် ဘာမှမပါဘူး။
၃ပေ၆ပေကျင်းတောင် မသေချာတာချင်းအတူတူ
ရှင်တို့ဖင်ကထွက်တဲ့ဟာတွေက ရွှေဖြစ်နေလို့
အဲ့လောက် ဘဝင်မြင့်နေရတာလား။
ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ မသေတော့ဘူးများ
မှတ်နေလို့ အဲ့လောက်ဘဝင်တံခွန်ထူနေတာများလား။

မွေးကတည်းက အမြင့်ကြီးမှာမွေးပြီး
ပြုတ်ကျသေသွားရမယ့် ဟာတွေ....
🤣🤣🤣

Customer | Ecency