တောက်ပတဲ့အနာဂတ်ဖြစ်ဖို့ဒါတွေကိုဖယ်ထုတ်လုပ်ပါ…
ဘဝမှာအောင်မြင်ဖို့ဆိုရင် အလေ့အကျင့်အသစ်တွေ နဲ့ စွမ်းရည်သစ်တွေ ထပ်ပြီးတိုးပွားအောင်လုပ်နိုင်မှဖြစ်မယ်လို့ အချို့လူတွေကထင်တတ်ကြပါတယ်။
တစ်ခါတလေတော့လည်း အသစ်တွေကိုထပ်ဖြည့်တာတဲ့ ကိုယ့်မှာရှိနေတဲ့ မကောင်းတဲ့အရာတွေကို ဖယ်ထုတ်လိုက်တာက အောင်မြင်မယ့်လမ်းကြောင်းပေါ်ကို ရောက်သွားစေနိုင်ပါတယ်။
တချို့အရာတွေက ချက်ချင်းဖယ်ဖို့ခက်ပြီး အချိန်ယူရတာလေးတွေလည်း ရှိပါတယ်။
(၁) အောင်မြင်တဲ့လူအများစုဟာ သူတို့စပ်ဆိုင်တဲ့လူတွေအပေါ်မှာ ဘယ်တော့မှ အပြစ်မြင်လေ့မရှိကြပါတယ်။ သူတစ်ပါးကို အပြစ်တင်ဖို့လွယ်ကူပေမယ့် အပြစ်မမြင်ဖို့ခဲယဉ်းပါတယ်။
(၂) အရာရာတိုင်းကို ခြေလှမ်းတစ်ဆင့်ချင်းတစ်ဆင့်သာ လျှောက်လှမ်းပါ။ ပြည့်စုံတဲ့လူရယ်လို့ မရှိပါဘူး။
(၃) အကြောက်တရားတွေကို ဖယ်ရှားပါ။ အောင်မြင်ချင်တယ်ဆိုရင် ကြောက်နေလို့တော့ မဖြစ်ပါဘူး။ ကြုံတွေ့လာမယ့်အရာမှန်သမျှ ရဲရဲရင့်ရင့်ရင်ဆိုင်ဖို့ ကြိုးစားပါ။
(၄) ဘာမဆို ထိန်းချုပ်တတ်တဲ့အကျင့်ကို ပြင်ပါ။ အရာရာတိုင်းလည်း မထိန်းချုပ်နိုင်သလို ထိန်းချုပ်ဖို့ဆို တာလည်း မဖြစ်နိုင်ပါဘူး။ ထိန်းချုပ်နေတာကိုက စိတ်ဖိစီးမှုဖြစ်စေနိုင်ပါတယ်။
(၅) ပုံသေကားချပ်အတိုင်း တွေးခေါ်တတ်တဲ့အလေ့အကျင့်တွေကို ဖျောက်ပစ်ပါ။ အရာရာကို အဘက်ဘက်က တွေးခေါ်ပြီး ဆင်ခြင်သုံးသပ်တတ်ပါစေ။
(၆) ကိုယ့်အနားမှာရှိနေတဲ့ မကောင်းမြင်ဝါဒီသမားတွေကို ဘဝမှာဖယ်ထုတ်လိုက်ပါ။ သူတို့အပေါ်မှာလည်း အရေးစိုက်မနေပါနဲ့။
Written..@linkhant
Photo..Google