ဖက်ရှင်ဒီဇိုင်းဆန်းဆန်းများ
ကမ္ဘာတစ်ဝန်းမှာ တီထွင်ဝတ်ဆင်နေကျတဲ့ ဖက်ရှင်ဒီဇိုင်းဆန်းဆန်းတွေကို ဖော်ပြလိုက်ပါတယ်။
၁။ Denim knee-high boots
ဒူးပေါ်ထိ ဝတ်ဆင်လို့ရတဲ့ လည်ရှည်ဖိနပ်မြင့်ဖြစ်ပါတယ်။ ဂျင်းသားနဲ့ ချုပ်လုပ်ထားပြီး ခြေသလုံးလောက်ထိသာဖန်တီးကြတဲ့ လည်ရှည်ဖိနပ်တွေအကြား ဒီဖိနပ်က ထူးခြားလို့နေပါတယ်။ ဆန်းပြားတဲ့ ဒီဇိုင်းတစ်ခုဖြစ်ပါတယ်။
၂။ Oversized boyfriend shirt
ယောက်ျားဝတ်ရှပ်အင်္ကျီကို အသုံးပြုပြီး ဖန်တီးဝတ်ဆင်တဲ့ ဖက်ရှင်ဖြစ်ပါတယ်။ ကိုယ့်ချစ်သူ ကောင်လေးရဲ့ ရှပ်အင်္ကျီကို အပေါ်ကနေ ခြုံပြီး ဝတ်ဆင်တဲ့ ဖက်ရှင်ဖြစ်ပါတယ်။ အမြင်တစ်မျိုးဖြစ်ပေမယ့် ဆန်းကြယ်လှပါတယ်။
၃။ Jeans with clear knee patches
ဂျင်းဘောင်းဘီဖြစ်ပြီး ဒူးခေါင်းနေရာကို မိုးကာအသားနဲ့ အစားထိုးချုပ်လုပ်ထားပါတယ်။ ဒါကြောင့် ခြေထောက်ရဲ့ ပေါင်နဲ့ ဒူးခေါင်းအသားကို မြင်တွေ့နေရပြီး ဆန်းသစ်တဲ့ ဖက်ရှင်ပုံစံတစ်ခုဖြစ်ပါတယ်။ မိုးကာအသားကို ဒူးခေါင်းတစ်နေရာတည်းကွက်ပြီး ချုပ်လုပ်ထားတဲ့အတွက် မိုးတော့ သိပ်လုံဖွယ်မရှိပါဘူး။
၎။ Faux fur sandals
ထူးခြားတဲ့ဒေါက်ဖိနပ်တစ်ခုဖြစ်ပါတယ်။ ဒေါက်ဖိနပ်တွေကို သရေအသားတွေနဲ့သာ အလှဆင်ချုပ်လုပ်လေ့ရှိပေမယ့် ဒီဒေါက်ဖိနပ်ကတော့ အမွှေးပွတွေနဲ့ အလှဆင်ထားပါတယ်။ လှပေမယ့် သွားလာရတာ ကသိကအောက်ဖြစ်မယ့် ပုံစံဖြစ်ပါတယ်။
Written...@linnkhant
Photo..Google