Caution

Words
88
Reading
1 min
Listen
Play
8y

ရေချိုးရင်းလုပ်မိတတ်တဲ့ အမှားတချို့…
image
တစ်ကိုယ်ရေ သန့်ရှင်းဖို့နဲ့ လန်းဆန်းစေဖို့ အတွက် နေ့စဉ်ရေချိုးကြရပါတယ်…

တစ်ခါတလေမှာ ရေချိုးရင်းနဲ့ မထင်မှတ်ဘဲလုပ်မိတတ်တဲ့ အမှားတွေလည်းရှိပါတယ်။

ရေချိုးရင်း မလုပ်မိသင့်တဲ့အမှားတွေကို ပြောပြပေးလိုက်ပါတယ်

(၁) ရာသီဥတုအေးလို့ ရေပူနဲ့ချိုးတာ… ရေပူကအရမ်းပူတာနဲ့ချိုးမိရင် အသားအရေတွေ ပျက်စီးနိုင်ပါတယ်။ ရေနွေးနွေးလောက်ဆို အဆင်ပြေပါတယ်။ အဓိကတော့ ခေါင်းလျှော်တဲ့အခါ ရေနွေးပူပူ ဆံသားတွေကို မထိမိဖို့ အရေးကြီးပါတယ်။

၂) ဆပ်ပြာတိုက်တဲ့အခါ လက်နဲ့ပဲအလွယ်တကူ ပွတ်လိုက်တာ… ဒါကတကယ်တော့မကောင်းပါဘူး၊ ဂျီးတွန်းကျောက်ဖြစ်ဖြစ် ကိုယ်တိုက်တဲ့အရာတစ်ခုခု သုံးပြီး တိုက်သင့်ပါတယ်။ ဒါမှသာ ဆဲလ်သေတွေကို အလွယ်တကူ ဖယ်ရှားနိုင်မှာဖြစ်ပါတယ်

(၃) ခေါင်းလျှော်တဲ့အခါမှာ ခေါင်းလျှော်ရည်ကို သေချာပြောင်အောင် မဆေးတာ… ဒီလိုအချိန်ပေးပြီး ခေါင်းကိုရေစင်အောင် မဆေးမိရင် ခေါင်းမှာရှိတဲ့ အညစ်အကြေးနဲ့ ရှမ်ပူတွေမစင်တဲ့အတွက် ဦးရေဖျားယားယံတာ၊ အလွယ်တကူဗောက်ထတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

(၄)မလိုအပ်ဘဲနေ့တိုင်းလိုလိုခေါင်းလျှော်တာ ခေါင်း နေ့တိုင်းလျှော်ဖို့ မလိုအပ်သလို နေ့တိုင်းခေါင်း လျှော်မယ်ဆိုရင် ဦးရေကအဆီဓာတ်တွေ ခန်းခြောက်နိုင်ပါတယ်။

(၅) ရေချိုးဆပ်ပြာရည် အများကြီးသုံးတာကလည်း ရေပူနဲ့ရေချိုးသလို အသားအရေထိခိုက်တတ်ပါတယ်။ ရေချိုးဆပ်ပြာရည် သုံးတော့မယ်ဆိုရင် ရေနဲ့အနည်းငယ်ရောပြီးမှ အသုံးပြုသင့်ပါတယ်။

(၆) ရေချိုးပြီးလို့ ရေသုတ်တဲ့အခါ တဘတ်နဲ့ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်တာမျိုး မလုပ်ပါနဲ့။ ဖွဖွလေးသာ သုတ်ပေးပါ။ ရေချိုးပြီးချိန် အသားအရေက နူးညံ့တာကြောင့် အလွယ်တကူ ထိခိုက်နိုင်ပါတယ်။

Written..linkhant@linkhant
Ref..Wow Box

Caution | Ecency