This content got low rating by people.

အသက်ရှည်ဖို့ ရယ်မောပါ

Words
180
Reading
1 min
Listen
Play
8y

စာအုပ်တစ်အုပ်ထဲမှာ ရယ်ဖို့မေ့နေကြတဲ့ ဗီယက်နမ်လူမျိုးတွေအကြောင်း ရေးထားတာလေး ဖတ်ခဲ့ရဖူးပါတယ်။ ဘယ်သူရေးတာလဲတော့ ကျွန်တော်လည်း မမှတ်မိ။ အချိန်ကလည်း ဆယ်နှစ်လောက်ကြာခဲ့ပြီမို့ အကြောင်းအရာကို အသေးစိပ် မမှတ်မိနိုင်တော့ပါ။ အကျဉ်းချုပ်အနေနဲ့ ပြောရရင် ဗီယက်နမ်-အမေရိကန် စစ်ပွဲကြီးဖြစ်နေကြချိန် အတော်အတွင်းမှာ အပြစ်မဲ့ဗီယက်နမ်ပြည်သူတွေ အများကြီး ဒုက္ခရောက်ခဲ့ရပါတယ်။ သန်းနဲ့ချီပြီး သေတယ်၊ သိန်းနဲ့ချီပြီး အိုးမဲ့အိမ်မဲ့ဖြစ်ကြတယ်၊ သောင်းနဲ့ချီပြီး ခြေလက်အင်္ဂါ ဆုံးရှုံးကြတယ်၊ ထောင်နဲ့ချီပြီး မိတစ်ကွဲဖတစ်ကွဲ ဖြစ်ကြတယ်။
140618093314-08-iconic-vietnam-war-restricted-horizontal-large-gallery-746x420.jpg
Images Credit - Original Source
စစ်ပွဲရဲ့ဒဏ်ကို ကာလရှည်ကြာစွာ ခံစားခဲ့ရတဲ့ ပြည်သူတွေဟာ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့တွေ့လို့ မသင်္ကာတဲ့အခါတိုင်း သူတို့ရှေ့မှာတင် အရှင်လတ်လတ် အစုလိုက်အပြုံလိုက် မီးရှို့သတ်တာတွေ၊ လှံစွပ်နဲ့ထိုးသတ်တာတွေ၊ သေနက်နဲ့ စီတန်းပစ်တာတွေကို မျက်ဝါးထင်ထင် မြင်တွေ့ပါများလာတော့ …. စစ်ကြီးပြီးဆုံးတဲ့အခါ ရင်ထဲမှာ ကြိမ်မီးအုန်းထားတဲ့ သောကမီးတွေကြောင့် ရယ်ဖို့ မေ့နေကြတယ်တဲ့။ မရယ်တတ်ကြတော့ဘူးတဲ့။ အဲဒီအစား မိသားစု ဆွေမျိုးတွေကို ချစ်သူတွေကို သတိရတဲ့အခါတိုင်း အံကြီးတွေကြိတ်ပြီး တက်တခေါက်ခေါက်နဲ့ ဖြစ်နေကြတယ်။ ကျစရာမျက်ရည်တွေလည်း မရေတွက်နိုင်အောင် ကျခဲ့ရလွန်းလို့ … ခမ်းကုန်ပြီတဲ့။
အဲဒီအခါမှာ ဗီယက်နမ်ကွန်မြူနစ်အစိုးရဟာ သူတို့ပြည်သူတွေရဲ့ အခက်အခဲတွေ၊ လက်ရှိကြုံတွေ့နေရတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ရိပ်မိသိရှိပြီး ပြည်သူတွေ ပျော်အောင်လုပ်ဖို့ အစီအစဉ်တွေ ဆွဲခဲ့ကြပါတယ်။ ဘယ်လိုအစီအစဉ်လဲဆိုတော့ အစိုးရကနေ လခပေးပြီး ခန့်အပ်လိုက်တဲ့ ရယ်စရာလူရွှင်တော်တွေ ပါဝင်တဲ့ ဖျော်ဖြေရေးအဖွဲ့တွေကို ရွာစဉ်လှည့်ပြီး ပြည်သူပြည်သားတွေကို ဖျော်ဖြေစေခဲ့တယ်။ အဲဒီနည်းနဲ့ ပြည်သူတွေ ပုံမှန်အတိုင်း ရယ်အောင်၊ ပုံမှန်အတိုင်း ချစ်အောင်၊ ပုံမှန်အတိုင်း ပျော်သွားအောင် အစိုးရက ငါးနှစ်လောက် ကြိုးစားခဲ့ရတယ်-လို့ အဲဒီစာအုပ်ထဲမှာ ရေးထားပါတယ်။ တကယ့်အဖြစ်အမှန် ဟုတ်သည် မဟုတ်သည်ကိုတော့ ကျွန်တော် တာဝန်မယူနိုင်ပါ။ ကျွန်တော် ဖတ်ဖူးတဲ့စာအုပ်ကလေးကို ပြန်ပြီး ပြောပြခြင်း ဖြစ်ပါတယ်။
ဒါကြောင့် ကျွန်တော် ပြောလိုရင်းက လူ့ဘ၀ ကျန်းမာဖို့အတွက် ရယ်မောခြင်းဟာ အမှန်တကယ် လိုအပ်ပါတယ်။ ရယ်မောခြင်းဟာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုသာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း အထောက်အကူ ပြုပါတယ်။ ဒါကြောင့်လည်း ရယ်မောခြင်းသည် အသက်ကို ရှည်စေသည်လို့-ဆိုထားတာ ဖြစ်ပါတယ်။ ရယ်မောခြင်းဟာ ဘ၀မှာ နေပျော်ဖို့အတွက် အရေးကြီးတဲ့နေရာကနေ ထောက်ပံ့မှုတွေ ပေးပါတယ်။ ဒါကြောင့် များများရယ်ဖို့ လိုပါတယ်။ များများရယ်လေ စိတ်ဖိအားတွေ ကင်းပြီး ကျန်းမာချမ်းသာလေ ဖြစ်ပါတယ်။

Images Credit - Original Source
ဒီတော့ ဘ၀မှ ကျန်းကျန်းမာမာနဲ့ ဖိအားကင်းကင်း နေချင်တယ်ဆိုရင် ရယ်ဖို့၊ ပြုံးဖို့ လိုပါတယ်။ လူသားတစ်ယောက် ဖြစ်တာနဲ့အညီ ရထားတဲ့ ရယ်ခွင့် ပြုံးခွင့်ကို ကောင်းကောင်းအသုံးချတတ်ဖို့ လိုပါတယ်။ ဒါမှလည်း လူ့ဘ၀သက်တမ်း တိုတိုလေးအတွင်းမှာ နေပျော်စွာဖြတ်သန်းပြီး ဘ၀ကို အကျိုးရှိရှိ သက်တမ်းစေ့စေ့ နေနိုင်သွားမှာဖြစ်ကြောင်း …။

အသက်ရှည်ဖို့ ရယ်မောပါ | Ecency