အလုပ်ပြုတ်နည်းလေးတွေ့လို့ မလာပါတယ်
ချောင်ခိုပါတဲ့ ကောင်းလိုက်တဲ့ ခေါင်းစဉ် ဖတ်ကြည့်ပါဦး
သူဌေးမမြင်သောနေရာတွင် ချောင်ခို ပြီးနေပါ။ အလုပ်ကို ခိုကပ်ပါ။ စိတ်ရော ခန္ဓာပါ သက်သာအောင် ဖြစ်သလိုနေပါ။
မန်နေဂျာ ရှေ့မှာ အလုပ်လုပ်ချင်ဟန်ဆောင်ပါ။ အဲ့လောက်ဆို ပြုတ်လောက်ပြီ
နောက်တစ်ခုကတွက်ကပ်ပါတဲ့
ကိုယ့်အလုပ်ကိုသာ ကိုယ်လုပ်ပါ။ အပို လုံးဝမလုပ်ပါနှင့်။ ခိုင်းရင် မကြားဟန်ဆောင်ပါ။ မဖြစ်မနေလုပ်ရမည်ဆိုလျင်လည်း အချိန်ဆွဲလုပ်ပါ။ ပြဿနာဖြစ်အောင်လုပ်ပါ။
လုပ်ဖော်ကိုင်ဖက် အချင်းချင်း သူလုပ်ကိုယ်လုပ် ငြင်းခုန်ပါ။ ဒါလဲ သေချာပေါက် အလုပ်ပြုတ်မှာဘဲ
အဆိုးဆုံးကတော့ အလုပ်သမားစိတ်မွေးပါတဲ့ ဒါတော့တွေးစရာပေါ့
ရသမျှ တောင်းဆိုပါ။ အသေးအမွှားက စ မရရအောင်တောင်းပါ။ ရပိုင်ခွင့် တစ်ဆုံးနှိုက်ပါ။ မိမိတို့သည် အလုပ်သမားများဖြစ်သည့်အလျောက် အလုပ်ရှင် ရှုံးသည်မြတ်သည်
ပဓာန မဟုတ် မိမိတို့ အတွက်သည်သာ အဓိကဖြစ်သည်။ ခွင့်မှန်သမျှ ရနိုင်သမျှ ယူပါ။ ဒီလိုသာလုပ်ရင်တော့ အလုပ်မပြုတ်ခင် ခေါင်းပြုတ်သွားနိုင်တယ်