မယ်ကြည်တို့ ရွာကလေး😍

kyi(56)
Published in
#myanmar
Words
469
Reading
3 min
Listen
Play
8y

IMG_20180522_065703.jpg

မယ်ကြည်တို့ MSC ရွာကြီးသည် ရွာနံဘေးမှ ချောင်းကလေး ရစ်ခွေ စီးဆင်းလျက်ရှိပြီး သစ်ပင်ကြီးများ ပေါများခြင်းကြောင့် စိမ်းညို့ လျက် ရှိပေသည်။ ရွာပတ်ဝန်းကျင်တွင် လယ်ကွင်း များ စိမ်းလျက်ရှိပြီး ချောင်းကမ်း နံဘေး တွင်တော့ ထန်းတောများနှင့် ပဲ ပြောင်း နှမ်း ဝါ စိုက်ခင်းများများနှင့် စည်ဝေနေပေသည်။

FB_IMG_1526981178360.jpg

Crd-org-source

မယ်ကြည်တစ်ယောက် ဟင်းချိုချက်ရန် ဟင်းရွက် ခူးရန်အလို့ငှါ ရွာ နံဘေး ရှိ လယ်ကွင်းများဆီသို့ စက်ဘီးစီးထွက်လာခဲ့သည်..။ "ဟေ့ မယ်ကြည် ဘယ်သွားမို့တုံး” အသံကြားသဖြင့် ကြည့်မိတော့ ဟိုဘက် ရပ်ကွက်၎ မှ မယ်စု suhlaing@suhlaing ဖြစ်နေသည်။
" အေးအေ ငါ ဟင်းရွက် ခူးသွားမို့ မယ်စုရေ.. ”
"ဟုတ်လား အတော်ပဲ အေ အာ့ဆို ငါ့ဖို့ အပြန် နံနံပင်နဲနဲ နှုတ်ခဲ့ပေး ခရမ်းချဉ်သီးချက် အုပ်ဖို့အေ ”
" အေးအး မယ်စုရေ..” သူတစ်ပြန် ကိုယ်တစ်ပြန် စက်ဘီးပေါ်မှ အော်ဟစ်ရင်း မယ်စုအိမ် ကျော်လာခဲ့သည်..။ MSC ရွာကြီးတွင် နေခွင့်ရသည်မှာ ကံကောင်းလှပေသည်..။ msc ရွာသူ ရွာသားများအားလုံး မောင်ရင်းနှမကဲ့သို့ပင် တစ်ဦးအခက်ခဲ တစ်ဦး ကူညီပေးလေ့ ရှိပေသည်။ ထန်းတောနားက အဖြတ် ဆရာ ကိုသီဟ thihakoko@thihakoko ကို ထန်းပင်ပေါ်တွင် တွေ့ရပြီး ထန်းတဲ ရှေ့တွင်တော့ ဆရာ့ဇနီး ပိုး sandipoe@sandipoe ကို ကလေးလေးနှင့် တွေ့ရပေသည်..။

FB_IMG_1526969441831.jpg
Crd-org-source

မယ်ကြည် စက်ဘီးပေါ်က ဆင်းရင်း.. "ပိုးရေ..ဘာတွေ ချက်တုံး...”
"အော်..မမကြည် ဘယ်တုံးတော့... ဘာချက်ဆို ခရမ်းချဉ်သီး ချက်ထားတယ် မမတို့ဆရာအကြိုက် တမာဖူးလေး ဇီးသီးလေးနဲ့ ပြုတ်ထားတယ် မမကြည်ရေ အပြန်ကျ တမာရွက်ပြုတ်တွေ ဝင်ယူအုံး အများကြီးပဲ..."
"အေး အေး ပိုးရေ မမကြည် စက်ဘီးထားခဲ့အုံးမယ်အေ ပဲရွက်နဲနဲ သွားခူးမို့ပါအေ..”ပြောရင်း စက်ဘီးရပ်ရင်း အပ်ခဲ့ ရသည်..။ မမကြည် စက်ဘီးလေး ဝယ်ထားတာ သိပ်မကြာသေး စာရေးပြီး ရလာတဲ့ sbd လေးတွေ ဈေးကောင်းတုံး bot ပြီး ရလာတာလေး ညီမလေး chitsone@chitsone အတွက် ဝယ်ပေးထားရတာဖြစ်သည်..။

womens-26-inch-columbia-1952-beach-cruiser-bicycle--08867982.zoom.jpg

ရွာမှထွက်ပြီး မကြာခင် ပဲခင်း တွေ တမျှော်တခေါ် မြင်ရပါလေသည်..။ မျက်စိတစ်ဆုံးပင်..။ မည့်သည့်အခင်းမဆို ခူး၍ ရသည်..။ ကုလားပဲပင်၏ ထိပ်ဆုံးအညွန့် လေးများ ခူးလိုက်သည်။ ခူးသည့်နေရာမှ အတက်ပြန်ထွက်ပြီး အပင်သီးအားကောင်းသောကြောင့် မည်သူခူးခူး မငြိုငြင်ကြချေ။ အပွင့်ပါသော အညွှန့်အား မည်သူကမျှ မခူးကြပါ..။ သူ့အခင်း ကိုယ့်အခင်း ကိုယ်ချင်းစာစိတ် ရှိကြရမည်။ မကြာခင် ပဲရွက်တစ်အိတ် ပြည့်သွားပြီ။ တစ်နေရာခူးလျှင် တစ်ဆုပ်ရပြီး ၄ ၊ ၅ နေရာ ရွှေ့ပြီးနောက် တစ်အိတ်အပြည့်ရလေပြီ..။

FB_IMG_1526969325957.jpg
Crd-org-source

နဲနဲ ပိုခူးခဲ့ပြီး suhlaing@suhlaing နှင့် sandipoe@sandipoe ကို နဲနဲ ခွဲပေးရမည်..။ ပဲရွက်ခူးပြီးနောက် မယ်စု မှာသည့် နံနံပင် သတိရပြီး အနီးနား ရှာရလေသည်။ ဟိုမှာတစ်ပင် ဒီမှာတစ်ပင် နှင့် သုံးလေးပင်နှုတ်ခဲ့သည်..။ တစ်ထွေးကြီး စားပါလေ့..။ လှည်းသံကြား၍ ကြည့်မိတော့ မယ်ကြည်တို့ အိမ်နားနီးချင်း nanhtike@nanhtike လယ်ထဲ ကပြန်လာပြီထင်သည်..။

10361_BG_S22_-_Old_man_riding_bullock_cart.jpg
Crd-org-source

"ငနန်း နင်နောက်ကျနေရော ဘာတွေ ရိတ်လာတာတုံး..”
"နောက်ကျဆို မမရေ နေ့ခင်း တစ်ထောက်နားရင်း အိပ်ပျော်သွားရော ဗျ ဟီး😁😁 ရိတ်လာတာက ပြောင်းဖူးတွေဗျ မမအိမ်စားဖို့ ယူသွား ဟို ချစ်ဆုံးမ စားရအောင် ခုမှ ရိတ်လာတာ နုနုလေးတွေ မမ ခန ကျွန်တော် ချိုးပေးမယ် ” ဟု ပြောရင်းဆိုရင် တဗျောင်းဗျောင်းနှင့် ချိုးပေးပြီး လေးငါးဆယ်ဖူးခန့် စုစည်း ပေးလိုက်သည်..။ ထို့နောက် "သွားပြီ မမရေ မိန်းမမျှော်နေရော့မယ် ပြီး ဆရာသီဟ ထန်းတဲ လာရအုံးမှာဗျ သွားပြီဗျို့ ..ဟဲ့.. ဟဲ့..” နှင့် သူ့နွားများအား မောင်း၍ သွားလေသည်..။ဟုတ်ပြီ ပြောင်းဖူးနုနုလေးများအား ဓားနှင့်လှီးပြီး ဆီနဲနဲနှင့် လိမ့်ကျော်ပြီး နံနံလေးအုပ်လိုက်ပါက ဂွတ်ရှယ်ပဲ မယ်ကြည့် ညီမလေး အကြိုက်ပေါ့..။

fresh_corn-583dfbd65f9b58d5b170c933.jpg
Crd-org-source

တွေးရင်း ဟင်းတစ်ခွက်ရလေပြီ..။ နေတောင် နဲနဲ ညိုလာပြီ ပြန်မှပဲ အတွေးနှင့် အခင်းထဲမှအထွက် ဟိုးက စိုက်စိုက်နှင့် လာနေတာ ဘယ်သူပါလိမ့်..နီးလာတော့ အော် မယ်ကြည့် အိမ်နီးချင်း phyozawooburmes@phyozawooburmes ပါလား..။ "ဟဲ့သားသား နောက်ကျနေပါရော ဘာလုပ်နေလို့တုံး”
"အော်...မမ သား ငါးဖမ်းနေတာမမရေ ကနေ့ ချောင်းထဲက ငါးတွေ ပုစွန်တွေ မိခဲ့တာဗျ ”ဟု ဆိုပြီး သူ့ဖမ်းလာသော ပလိုင်းဖွင့်ပြလေသည်..။
" တယ်ဟုတ်ပါလားဟဲ့ ”
"ဟုတ်တယ်မမရေ မမတို့အိမ်စားဖို့ နဲနဲ ယူသွား”ဟုဆိုပြီး ခွဲပေးပြန်လေသည်..။ ငြင်းရမှာ အားနာနာနှင့် ငါးနှင့် ပုစွန် နဲနဲ ယူထားလိုက်ရပြန်သည်😉..။

brown-shrimpjpg-8697123004da8455_large.jpg
Crd-org-source

မယ်ကြည်တော့ ကနေ့ စိုင်ကော်လို့ ခြုံပေါ်ရောက်လေပြီ...။ လာခူးတာက ပဲရွက်၊ ပြောင်းဖူးနှင့် ငါးပုစွန်အရောလေးပါ ရလေပြီ..။ ပဲရွက် ဟင်းချို ၊ ငါးနှင့်ပုစွန်ရော ရေချိုချက် ၊ ပြီး ပြောင်းဖူးနုနုကြော် တွေးရင်းနှင့်ပင် ဗိုက်ဆာလာပြီ..။ အမြန်ပြန်ချက်မှ ဖြစ်လေတော့မည်..။ sandipoe@sandipoe တို့အား ပဲရွက် တစ်ဆုပ်ပေးပြီး သူပြန်ထည့်ပေးလိုက်သော တမာရွက် ပြုတ်အထုတ်လေး စက်ဘီးမှာချိတ်လို့ စက်ဘီးစီးပြန်လာခဲ့လေသည်..။

FB_IMG_1526993033189.jpg
Crd-org-source

ရွာအဝင် ဘုန်းကြီးကျောင်းတွင် mahaw@mahawmgmglatt@mgmglattnyinyiwin@nyinyiwin တို့ တရားဓမ္မ ဒူးတိုက်ဆွေးနွေးနေကြတာ ဝင်နှုတ်ဆက်ပြီး ပြောင်းဖူးပြုတ်ပြီး ပို့ခိုင်းလိုက်မည်ဟု ဝင်ပြောခဲ့သည်..။
စက်ဘီးစီးလာရင်း ဟိုရှေ့နားက ဗေဒင်ဆရာ sawlwin@sawlwin က မယ်ကြည်အား.လှမ်းနှုတ်ဆက်သည်။
"မယ်ကြည် ဘယ်ကပြန်လာသတုံးကွဲ့”
"ဟုတ် ကိုစောရေ မယ်ကြည် ပဲရွက် ခူးလာတာ ”
"မယ်ကြည်ရာ ဟင်းချိုချက်ဖို့များ ရွာပြင်ထွက်မနေနဲ့ ငါ့အိမ်စည်းရိုး တောဆူးပုတ်တွေ ကင်းပွန်ရွက်တွေ နုနေတာဟ လာခူးချေ”
ဟုတ်သား ကိုစောပြောမှပဲ သူ့အိမ်စည်းရိုး ကြည့်မိသည်...။ အရွက်တွေများ နုရွန်းနေလေသည်..။နောက်ရက် လာခူးမယ် ကိုစောရေ..ဟု ကြိုတင် ဗိုကင် လုပ်ခဲ့လေသည်။ အင်မတန် စေတနာကောင်းသော 😊ကိုစောပါပေ..။

FB_IMG_1526993225845.jpg
Crd-org-source

အိမ်ရောက်တော့ မချစ်ဆုံး chitsone@chitsone နှုတ်ခမ်းကြီးစူပြီး ထိုင်နေရာက" အာ့မမ ဘယ်သွားနေတေမတိ ခေးစောင့်နာ ကြာလှပြီ ”
" အေးပါ ညီမလေးရယ် ညည်းထမင်း ကောင်းကောင်း စားမြိန်အောင် မမ ပဲရွက် ခူး ပြန်လာတာပါအေ..ကဲ ဒီနံနံပင်တွေနဲ့ ပဲရွက်တွေ မမစု ဆီ ပို့ချည်အုံး ပြီးပြန်လာခဲ့ ကြုံရာလူနဲ့ ဆော့မနေနဲ့အုံး”
"ဟုတ် မမ ” ဆိုပြီး ဝှစ်ကနဲ ပြေးထွက်သွားလေသည်..။ မယ်ကြည်လဲ အချိန်မဆိုင်းပဲ မီးဖိုထဲ အမြန်ဝင် ချက်ရချေတော့မည်..။ ညီမလေးပြန်လာလျှင် ထမင်းအတူစားကြပြီး ပြောင်းဖူးပြုတ်လဲ ပို့ခိုင်းရအုံးမည်..။ အော် ဘာလိုလိုနဲ့ မိုးရာသီရောက်တော့မယ် အိမ်ခေါင်မိုးကို ခိုင်ခိုင်မာမာ မိုးရအုံးမည်။ သူများ အိမ်တွေ ခိုင်ခံ့ကြတာ ကြည့်ပြီး မိမိအိမ် လဲ မိုးနိုင်အောင် စာကြိုးစားရေးရအုံးမည်။ မယ်ကြည်တို့ MSC ရွာသို့ အလည်တခေါက် လာကြစေချင်ပါသည်..။

FB_IMG_1526979948339.jpg
Crd-org-source
Author kyi@kyi
MSC 050

မယ်ကြည်တို့ ရွာကလေး😍 | Ecency