ပထမံဂိမာန်တမ်းချင်း

Words
93
Reading
1 min
Listen
Play
8y

image
image source
နိုဝင်ဘာလ ထဲ ကူးလာပြီဖြစ်၍ မိုးရာသီ ကုန်ဆုံး
ပြီဟုဆိုရမည်လော မပြောတတ်၊ယခုရက်အတောအတွင်း မိုးမရွာသည်မှာကြာခဲ့ပြီ။ဝသန်မိုးတို့ ကုန်ဆုံးချိန်
ဟေမာန်ဆောင်း က အစားထိုးဝင်ရောက်လာပြီထင်ပါ့။
ကနဦး ၂ရက်ခန့်မျှ စိမ့်စိမ့်လေး အေးနေသည်ကိုခံစား
မိ၏။သို့သော် နောက်ရက်များတွင်ကား ထိုခံစားမှုတို့
အဘယ်အရပ်ဆီရွှေ့ပြောင်းသွားလေသည်မသိ၊နေရထိုင်ရ ပင်ပန်းလောက်အောင် တဖန်ပူပြင်းနေပါတော့သည်။ဆောင်းရာသီဆိုတော့ နှင်းစက်လေးတွေ တပေါက်ပေါက်ကျ မြှုမှုန်လေးတွေ ဝေ့ပျံလို့ နေရောင်ခြည်ဖြာကျရုံ အေးစိမ့်စိမ့်လေး ဖြစ်နေမည်မတွေးကုန်လင့်။စိတ်ကူးဖြင့်သာ ပျော်နိုင်မည်၊တကယ့်လက်တွေ့မှာကား အရိပ်ထဲနေလျှင်ပင် ပူရှိန်လွန်း၍ အဲကွန်းနဲ့ မနပ်နိုင်တဲ့ဘဝတွေမို့ အဝတ်တန်ဆာ ဗလာကျင်းနေရမည့်ကိန်းသာဆိုက်နေလေရဲ့။ဤကား ဆောင်းဥတုအမည်ခံ
ပထမံနွေဥတုတည်း။
သည်ကနေ့လည်း ထူးမခြားနားတဲ့ နွေရာသီ။ပူပြင်း
တဲ့နေရောင်တွေ အသားထက် ဆင့်ကဲကျနေသည်မို့
နဂိုက မဖြူတဲ့အသားတွေလည်း ထပ်မံညိုကုန်သပေါ့။
တစ်နှစ်တာ ဝေးကွာနေတဲ့ အပေါင်းအဖော်တွေများ ပြန်လည်ကာ ကျွန်ုပ်ကိုတွေ့ရင်ဖြင့် မှတ်မိအောင် ပြူးပြဲကြည့်ရမည်ထင့်ပါ့။ယခုတောင် တွေ့သမျှ လူ ပြောသည်က မဲလာလိုက်တာတဲ့။ စကားသံတွေနှုတ်ပိတ် တိတ်တဆိတ် သာ ပြန်ထွက်လာခဲ့ရ။အို မှောင်လာလိုက်တဲ့ငါ။ငယ်စဉ်က ပုလဲလိုဥနေတဲ့ အသားအရောင်များ ပြန်လိုချင်ပါဘိ။အရှင်နတ်မင်း ပေးနိုင်က ပေးသနားခဲ့ပါ။တော
ကြောင်လို မျက်လုံးနှစ်စုံသာ လင်းတော့တဲ့ ကျွန်ုပ်ကို
သနားညှာတာ လှည့်ကြည့်ပါဦး .အို အရှင်နတ်မင်း။
မဲလာလိုက်တာဆိုတဲ့စကားများ ကြားရင် ချောင်ထဲသာတိုးဝင် တဟင့်ဟင့်သာ ရှိုက်ငိုချင်ပါရဲ့။စိတ်ထဲတွင်ကား ကဗ္ဗည်း ထိုးခဲ့ပါပြီ။ငါ့ အသားအရေများ ပြန်ဖြူလာရင်ဖြင့်ညည်းတို့အိမ်ရှေ့ ခေါက်တုံ့ခေါက်ပြန်သာ လျှောက်ပြလိုက်မည်ဟူသတည်း။

*လေးစားစွာဖြင့်
*နွေဦးသစ်
**kyawthuyein@kyawthuyein
*MSC-252

ပထမံဂိမာန်တမ်းချင်း | Ecency