ငယ်ဘဝကို တမ်းတခြင်း

Words
121
Reading
1 min
Listen
Play
8y

image
image source
မိုးလေး တဖွဲ့ဖွဲ့ရွာတိုင်း အကျ င်္ီချွတ်ကာ လမ်း
မပေါ် မိုးရေထဲ ဆော့ကစားဖို့ ရောက်နေပြီ။ရွယ်တူ
သူငယ်ချင်းများ နှင့် စိန်ပြေးတမ်း၊တူတူပုန်း၊လူဆိုးဖမ်း
စစ်တိုက် စသည့် ကစားနည်းမျိုးစုံ မမောနိုင် မပမ်းနိုင်
ကစားကြမြဲ။မိုးသည်းထန်စွာ ရွာလျှင် ပို၍ပျော်ကြ၏။
မိုးရွာ၍ အင်းအိုင်ကလေးများ ဖြစ်လျှင် အလုအယက် ခုန်ဆင်းကာ ဆော့ကစားကြသည်။မိုးခြိမ်းသံကြားလျှင်
သူ့ထက်ငါ ဦးအောင် နီးရာအိမ်ထဲဝင်ပြေးကြသည်။ပြီး
လျှင် မိုးရေထဲ ပြန်ရောက်လာကြမြဲပင်။ထိုအရာများကား
မိုးရွာတိုင်း ငယ်ဘဝ၏ ထုံးစံများတည်း။
မိုးရွာရင် မိုးရေချိုးရင်း လျှောက်ပြေးကြမည်။ထမင်းမေ့ဟင်းမေ့ ဆော့ကစားကြမည်။ထမင်းငတ်မှာ မပူဘူးလေ။အိမ်မှာ အသင့်စားဖို့ ရှိသည်ကိုး။တစ်နေကုန် ဆော့ကစားရင်း ဖျားမှာ မစိုးရိမ်မိ၊အိမ်မှာ ပြုစုပေးဖို့ ဆေးတိုက်ဖို့ အမေရှိသည်လေ။အပူအပင်သောက ဟူသည်
ကျွန်ုပ်တို့ ကလေးဘဝတွင်မရှိ။အချိန်တန်စားမည်၊သောက်မည်၊မုန့်ဖိုးတောင်း မုန့်စားမည်၊အိပ်ချိန်ကိုကား မနှစ်သက်မိပေ။အတင်းအိပ်ခိုင်းလျှင် ငိုမည်။လိုချင်တာ ရှိ
လျှင် အဖေအမေဆီ အတင်းပူဆာမည်။မဝယ်ပေးလျှင်
ငိုမည်။အငိုသန်တဲ့ ကလေးများဖြစ်ခဲ့ကြသည်လေ။ထိုအချိန်က ငိုခြင်းတို့သည် ဖြူစင်သော ငိုခြင်းများတည်း။
ကျွန်ုပ်တို့ကလေးများသည် လောကကြီးအကြောင်း
ဘာမှမသိပေ။စီးပွားရေး၊လူမှုရေး ဘာမှမသိ ဘာမှလည်းမတွေးတောမိ။ဟန်မဆောင်တတ်ကြ လွတ်လပ်စွာပြုံးကြမည်။လွတ်လပ်စွာရယ်မောကြမည်။အပူအပင်
သောက၊လောကကြီး၏ ယုတ်မာခြင်း ကောက်ကျစ်ခြင်းလိမ်လည်လှည့်ဖျားခြင်း စသည့်အရာတို့သည် ကျွန်ုပ်တို့တတွေတွင် မရှိကြသလို၊မသိလည်းမသိကြဘူးလေ။
ညအိပ်ချိန်ဆိုလျှင် အမေ၏ချော့တိတ်တေး နားဆင်မည်။အိပ်ရာဝင်ပုံပြင်များနားထောင်ကြမည်။ပုံပြင် နား
မထောင်ရလျှင် အိပ်၍ပင်မပျော်ပေ။အခုအချိန်တွင်ကား
နေ့စဉ်နှင့်အမျှ ပုံပြောခံနေရ၍ ပုံပြင်ဆိုလျှင် ကြောက်ပင်ကြောက်ရွံ့နေကြရသည်။ယခင်က ယုတ္တိမရှိသော ပုံပြင်များသည် မရိုးအောင်နားထောင်၍ကောင်းခဲ့သည်။ယခု ပုံပြင်များမှာမူ ယုတ္တိတန်လွန်း၍ ကြောင်ပင်ကြောင်နေရပါသည်။ယခုပုံပြင်များသည် မဖြူစင်ကြတော့ပေ။
ကလေးဘဝသည် အေးချမ်း၏။ကလေးဘဝ အပြုံး၊အရယ်တို့သည် အပြစ်ကင်း၏။အရာအရာ ဖြူစင်သော ဘဝသည် ကလေးဘဝပင်ဖြစ်၏။ကလေးဘဝက
အဖေ့ရိပ် အမေ့ရိပ်မှာ အပူအပင်မရှိနေနိုင်၏။သို့သော် ထိုအချိန်များသည် ဘယ်သောအခါမှ ပြန်မရနိုင်တော့ပြီ။ဒါပေမဲ့ တစ်ခါတစ်လေတော့ လည်း ပြန်မရနိုင်မှန်းသိပေမဲ့ ပြန်ထိုကလေးဘဝကိုပဲ့ ပြန်လိုချင် တမ်းတမိပါရဲ့ဗျာ။ ။
image
image source
-လေးစားစွာဖြင့်
-နွေဦးသစ်
-kyawthuyein@kyawthuyein
-MSC-252

ငယ်ဘဝကို တမ်းတခြင်း | Ecency