ရောက်တတ်ရာရာအတွေးများ (၁)

Words
89
Reading
1 min
Listen
Play
8y

image
image source
ဝေ့ကနဲ တိုက်ခတ်လာသော လေပြေနုနုသည်
ပြတင်းပေါက်ကို ဖြတ်ကျော်လာကာ ကျွန်ုပ်အိပ်စက်နေသော အိပ်ရာထက်သို့ ဖြန်းကနဲ လာရောက် ကျောခင်းလိုက်လေရာ ပူအိုက်လှသော ရာသီဥတုကို အကျ င်္ီမပါ အပေါ်ပိုင်းဗလာ ဖြင့် ခံတုနေသော ကျွန်ုပ် ရိုးတွင်းချဉ်ဆီ ထိ စိမ့်ဝင်ကာ သည်းသီးမွှေးညင်းများ ခြေဖျားမှသည် ဆံပင်မွှေးထိ ထောင်တက်သွားပါတော့သည်။
ခေတ္တအိပ်စက်နေခဲ့သော မိုးနတ်မင်းသည် လူ့လောက
သို့ တဖန်ဆင်းသက်ရန် လေနတ်သားကို စေတမန်အဖြစ် စေလွှတ်လိုက်လေပြီ။ကောင်းကင်ကြီးသည် ချက်ချင်းဆိုသလို ငိုတော့မဲ့ ကလေးငယ်တစ်ယောက်၏မျက်နှာလို အုံ့ဆိုင်းညို့မှိုင်းလာ၏။မကြာလိုက်သော မိနစ်ပိုင်း
လေးမှာပင် မိုးနတ်မင်းသည် သေးငယ်လှသော မိုးစက်
မိုးမွှားကလေးများ အသွင် ဖန်ဆင်းလျက် ကမ္ဘာမြေပေါ်
သို့ ဆင်းသက်လာပါတော့သည်။
မိုးစက်တို့သည် တစ်စက်ပြီးတစ်စက် ဆက်တိုက်
ကျဆင်းနေဆဲ။လေနတ်သား၏ သယ်ဆောင်မှုမှာ မိုးစက်ကလေးတွေ ဝေ့ကာ ဝိုက်ကာဖြင့် ယိမ်းနွှဲ့ကခုန်နေသယောင်။တစ်ထွာခန့် သစ်နုပင်လေးထက်မှ သစ်ရွှက်လေးများသည် မိုးစက်ထိမှန်၍ ခေါင်းငိုက်စိုက်ကျသွားကြ၏။အိမ်ပြတင်းပေါက်ဆီမှ လှမ်းကြည့်နေသော ကျွနုပ်ကို မိုးစက်တို့သည် မထိတထိ လာရောက် စနောက်နေကြ၏။တခဏက ပြာလဲ့တောက်ပနေသော ကောင်း
ကင်ကြီး ယခု မဲမှောင်သွားလိုက်တာ..အို ဘာဆိုဘာမှတောင်မမြင်ရတော့ပါလား။ကနဦး ပူပြင်းသောအရှိန်အဟုန်ဖြင့်ထွန်းတောက်နေသော နေမင်းကြီး အဘယ်အရပ်ဆီများ ကြွမြန်းသွားပါလိမ့်။ဘာဖြစ်ဖြစ် ကျေနပ်မိတာတော့အမှန်ပင်၊ဝန်းကျင်တခွင် စိမ်းလန်းစိုပြည်စွာဖြင့် ထိုကနေ့အတွက်လည်း အေးမြခြင်းကို ခံစားရသောကြောင့်တည်း။ ။

*လေးစားစွာဖြင့်
*နွေဦးသစ်
**kyawthuyein@kyawthuyein
*MSC-252