အပိုင်းဆက်
image source
သိပ်မကြာမှီတွင်ပင် ရေယာဉ်သည် ဆိပ်ကပ်သို့
ဆိုက်လေသည်။ကျွန်ုပ်သည် အဝတ်ထုတ်ကတစ်ဖက်၊ခွေးတစ်ကောင်ကတစ်ဖက်နှင့် ကမ်းပေါ်တက်သွား၏။ကြိုတင်အကြောင်းမကြားထားသောကြောင့်
လာရောက်ကြိုမည့်သူမရှိချေ။ထို့ကြောင့် Taxi တစ်စီး
ခေါ်ကာ ရွာသို့ထွက်လာခဲ့လေသည်။ရွာရောက်သော်
ကျွန်ုပ်အိမ်တွင် ထုံးစံအတိုင်း အိမ်ပိတ်ထားသဖြင့်
အစ်ကိုကြီးအိမ်ကို တန်းသွား၏။အစ်ကိုအိမ်ရောက်သည်နှင့် မရီးအား ခွေးလေးကိုပြလေရာ မရီးသည် အလွန်ပင်သဘောကျလေသည်။
ခွေးလေးသည် နားရွှက်ကုတ်ကုတ်၊ဝဝတုတ်တုတ်နှင့်၊ဖြူဖြူဖွေးဖွေးလေး ဖြစ်ရာ ခွေးနှင့်မတူဘဲ ဝက်
ပေါက်စလေးနှင့်တူလှပေသည်။မြို့မှ ထွက်လာကတည်း
က ဘာမှမစားလာ၍ ဆာလှသောကြောင့် ထမင်းခူးခပ်
စားလိုက်၏။ထို့အခိုက် မြင်ကွင်းတစ်ခုကြောင့် သနားဂရုဏာ သက်သွားမိပါသည်။ခွေးကလေးသည် ထမင်းစားပွဲအောက်တွင် ချထားသော ကြောင်ထမင်းပန်းကန်မှ
ထမင်းများကို အငမ်းမရစားသောက်နေလေသည်။ မနေ့ညကလည်း ထိထိရောက်ရောက်မစားထား၊ဤမနက်လည်း ဘာမှမစားထားသဖြင့် ဆာလွန်းနေသည်ထင်ပါ၏။
ကျွန်ုပ်လည်း စားလက်စပန်းကန်ထဲမှ ထမင်းနှင့်ငါးကို
နယ်၍ ထပ်ထည့်ပေးလိုက်ရာ ကုန်စင်ပြောင်သွားသည့်
အထိ စားသောက်ပစ်လိုက်လေသည်။ထိုနောက် နို့မှုန့်ထုပ်ကိုဖျော်၍ချပေးရာ ၄င်းကိုလည်း အငမ်းမရသောက်ပြန်ပါသည်။တော်တော်အစားပုတ်တဲ့ကောင်ကလေးအဖြစ် စတင်သိလိုက်ရ၏။
ထိုနောက် လူမျက်နှာများကို လိုက် ကြည့်ကာ မရင်း
နှီးသော မျက်နှာများကြောင့်ထင်ပါသည်။ဒေါင့်တစ်နေရာသို့တွားကာ ခွေအိပ်နေလေသည်။မရီးအိမ်တွင် တစ်ကိုယ်လုံး အမဲရောင်ရှိသည့် မဲငယ်ဟု ခေါ်သော ခွေးတစ်ကောင်ရှိလေသည်။ထိုခွေးသည်လည်း သေရွာပြန်
ခွေးကလေးတစ်ကောင်ဖြစ်ပါသည်။ယခင် သူနှင့်အခြား
တစ်ကောင် ရှိသေး၏။တစ်နေ့ သူတို့၂ကောင်သည် ရွာသားတစ်ဦး၏ ကန်စွန်းခင်းတွင် မြေသြဇာအဖြစ် ကျဲထားသော ပုဇွန်မှုန့်များကို သွားဖော်စားမိရာမှ အဆိပ်မိကြလေသည်။သူတို့သည်အိမ်ကိုပြန်ပြေးလာကြပြီးနောက် အဆိပ်အစွမ်းပြရာ တစ်ကောင်မှာ ကုပေး၍မမှီတော့
ဘဲ ချက်ချင်း သေဆုံးသွားချေ၏။မဲငယ်သည်လည်း မိန်းမော၍ အမြှုပ်များ တစီစီ ထွက်လျက် သေတော့မည့်အနေအထားဖြစ်နေ၏။အဆိပ်ပြေစေလောက်သော အရည်များ ကိုအတင်းတိုက်ကျွေးကာ နောက်ဆုံးအခြေအနေမထူး၍ လက်လျော့ကာ အိမ်အောက်တွင် ထား ထားလိုက်၏။တစ်နာရီခန့် ကြာသောအခါ တအီအီ အသံကြား၍ ဆင်းကြည့်ကြရာ မဲငယ်သည် ခေါင်းကလေးထောင်၍ထထိုင်နေသည်ကို တွေ့ကြရလေသည်။သေပြီအထင်နှင့် ထားခဲ့လေရာ ယခုပြန်အသက်ရှင်လာ၍ အလွန်အမင်း ပျော်ရွှင်ဝမ်းသာကြရပါသည်။ထိုအချိန်မှစ၍ ခွေးလောကတွင် သေရွာပြန်မဲငယ်ဟု အမည်တွင်လေတော့သည်။
image source
အပိုင်းဆက်မျှော်....
လေးစားစွာဖြင့်
နွေဦးသစ်
@kyawthuyein
MSC-252