needed

Words
31
Reading
1 min
Listen
Play
8y

image
နွမ်းကြေနေတဲ့နှလုံးသားမှာ...
အလွမ်းတွေဝေနေတာအချိန်တိုင်းပါပဲ...
မျှော်လင့်ခြင်းမိုင်တိုင်တွေနောက်....
ခြေရာကောက်နေခဲ့ ရင်း....
တဟင်း..ဟင်း..ချနေရတဲ့ သက်ပြင်း....
နေတစ်စင်းလို....
ပူလောင်လွန်းလှတယ်....။

ငါ့ နှလုံးသားကိုချည်နှောင်ခဲ့တဲ့...
မင်းရဲ့ သံယောဇဉ်နှောင်ကြိုးတွေ...
ပြေလျော့လို့ ကုန်လေပြီလား....
စိုးရိမ်စိတ်တွေကြားထဲမှာ....
ငါ့ အိပ်ပျက်ညတွေလည်းများခဲ့ပါပြီ...။

နေတတ်သလို နေချင်ပေမယ့်...
အနေခက်စေတဲ့မင်းကြောင့်
ငါ.. မနေတတ်အောင်ပါပဲ...။

ရူးသွပ်တယ်ဆိုချင်ဆိုပါတော့...
ရူးမတတ်ဖြစ်နေတဲ့ ငါ့ အတွက်...
မင်း…
ငါ့ အနားကိုဆက်ဆက်...
ပြန်လာဖြစ်အောင်ပြန်လာခဲ့ပါတော့.

needed | Ecency