အတွးပင်လယ်

Words
155
Reading
1 min
Listen
Play
9y

ဟိုနေ့က ပါမေက္ခချုပ်ဆရာတော်ဘုရားကြီးရဲ့ တရားတော်တစ်ပုဒ်နာဖြစ်တယ် ...
တရားတော်ထဲမှာ ...
" မေတ္တာချစ်ဟာ သူ့အတွက် ...
တဏှာချစ်ဟာ ကိုယ့်အတွက် " တဲ့.

ဆရာတော်ဘုရားရဲ့ တရားတော်ဟာ ရှေ့ဆက်ရမယ့်ဘဝအတွက် အရမ်းတန်ဖိုးရှိပါတယ်.
ငယ်ငယ်က မသိခဲ့ဘူးလေ ' ချစ်တယ် ' ဆိုတာမှာ အချစ်အမျိုးမျိုးရှိတယ်လို့.
ကိုယ့်အပေါ် အသည်းအသန်တွေဖြစ် ငိုပြယိုပြ ဒူးထောက်ပြ ရြိုမန်တစ်တွေဆန်ပြတာကို အချစ်လို့ထင်ခဲ့ဖူးတယ်.
ခုတော့ ... ဘဝထဲက ခံစားနားလည်မိတာက ...

💯 သားသမီးဟာ မိဘရှိခြင်းမရှိခြင်းကိုမသိ ကိုယ်လိုချင်တာကိုယ်ပူဆာ (တစ်ချို့ဆိုရှိသေး ... မိဘမသေခင် မိဘပိုင်ဆိုင်မှုမိဘဆီက အမွေတောင်း အမွေခွဲ) မိဘအတွက်မသိရင် သားသမီးဟာ မိဘကို ချစ်တာမဟုတ်ဘူး. သူတို့အတ္တနဲ့ သူတို့ကိုယ်သူတို့ချစ်တာ.

💯 သူငယ်ချင်းမိတ်ဆွေစစ်ဆိုတာ သူငယ်ချင်းအတွက် ... သူ့ဘက်ကကြည့်ပေး ... သူကောင်းဖို့ သူအဆင်ပြေဖို့ ပါ. မဟုတ်ဘဲ ကိုယ့်ဖို့ကိုယ်ကြည့် ကိုယ့်ဖက်ကိုယ်ယက် အကျိုးလိုလို့ ညောင်ရေလောင်း သာချိန်မှာသာ ပေါင်းတဲ့ သာပေါင်းညာစားသူငယ်ချင်းမိတ်ဆွေတွေပေါ့.

💯 ကိုယ့်ကိုချစ်တဲ့ချစ်သူဆိုတာ ပန်းစည်းတွေ လက်ဆောင်တွေ ဒူးထောက်ပြတာတွေ ဖလန်းဖလန်းတွေ လုပ်ပြချင်လည်းပြမယ် မပြချင်လည်းမပြဘူး. သေချာတာကတော့ ပကာသနမပါတဲ့ စစ်မှန်တဲ့ ကိုယ်ချင်းစာတရား ... နားလည်မှု ...
အေးမြတဲ့ မေတ္တာတရား ...
လုံခြုံနွေးထွေးစေမှု ...
ကိုယ်သာချိန်ကိုယ့်အနားရှိချင်မှရှိမယ် ...
ကိုယ်ဒုက္ခရောက်ချိန် ...
စိတ်ပိုင်းဆိုင်ရာဖြစ်ဖြစ် ရုပ်ပိုင်းဆိုင်ရာဖြစ်ဖြစ် အကူအညီလိုချိန်မှာ ကိုယ့်အနားအပြေးရောက်လာ ကိုယ်နဲ့အတူရှိသူ ...
ကိုယ့်နာကျင်မှုကို သူ့နာကျင်မှုလိုခံစား ...
ကိုယ့်ကို နာကျင်မှုမှန်သမျှကနေ သူအနာကျင်ခံပြီး စောင့်ရှောက်ကာကွယ်ပေးတတ်သူပါ.
ချစ်ပါတယ်တို့ အရမ်းချစ်ပါတယ်တို့ အရမ်းလွမ်းပါတယ်တို့ ပါးစပ်က တစ်နေ့ အခေါက်တစ်ရာမက ပြောချင်မှပြောမယ် ...
ဒါပေမယ့် ...
' သူ ' လို့ တွေးလိုက်တာနဲ့တင် ကိုယ့်နှလုံးသားကို လုံခြုံနွေးထွေး အေးမြစေတဲ့သူပါ.

မေတ္တာချစ်တွေဟာ ဘယ်တော့မှ သစ္စာမဖောက်ဘူး.
ကိုယ့်ကိုအေးမြငြိမ်းချင်းတွေပေး ...
ကိုယ့်မျက်ရည်ဟာ သူ့အတွက်နာကျင်ရလို့ ကိုယ်မျက်ရည်ကျစေမှာမျိုး ဘယ်တော့မှမလုပ်ဘူး.
အကုသိုလ်မပေးဘူး.

တဏှာချစ်တွေကတော့ ... တစ်ခဏသာယာတယ်ထင်ရပေမယ့် ...
သူ့အတွက်သူကြည့်လို့ ...
သစ္စာတရားရှိချင်မှရှိမယ် (သူ့ကိုယ်သူချစ်လို့ သူသစ္စာဖောင်ရင် ကိုယ်နာကျင်ရမှာမတွေးဘူးလေ. သူ့စိတ်ချမ်းသာမှုကို သူရွေးချယ်တာကိုး.) ...
သေချာတာကတော့ သူကောင်းဖို့အတွက်ဆို ကိုယ့်ကိုနင်းသွားဖို့ သူဝန်လေးမှာမဟုတ်ဘူး.

ဘဝမှာ မေတ္တာချစ်တွေနဲ့ ချစ်တတ်ဖို့ ကြိုးစားရပါဦးမယ်.
image

အတွးပင်လယ် | Ecency