စာဖတ်ခြင်းဖြင့်
မိမိကိုယ်ကို မြှင့်တင်၍
အိပ်စက်ခြင်းဖြင့်
မိမိကိုယ်ကို အနားယူပါ။
အလုပ်လုပ်ခြင်းဖြင့်
မိမိကိုယ်ကို ဂုဏ်ယူပြီး
ပေးကမ်းစွန့်ကြဲခြင်းဖြင့်
မိမိကိုယ်ကို ပီတိဝေဖြာပါ။
သည်းခံခြင်းဖြင့်
မိမိကိုယ်ကို ရပ်တည်ကာ
ရုန်းကန်ခြင်းဖြင့် မိမိကိုယ်ကို ထုဆစ်ပါ ။
ယုံကြည်မှုဖြင့် မိမိကိုယ်ကို လျှောက်လှမ်းပြီးတော့
ကြိုးစားမှုဖြင့် မိမိကိုယ်ကို ပန်းတိုင်ဆွတ်ခူးပါ။
ဖေးမမှုဖြင့် မိမိကိုယ်ကို ပြုပြင်ပေးနေ၍
သွန်သင်မှုဖြင့် မိမိကိုယ်ကို ဆုံးမပါ။
ပျော်ရွှင်ခြင်းဖြင့် မိမိကိုယ်ကို ချမ်းသာသုခရှာဖွေ၍
ဝမ်းနည်းခြင်းဖြင့် မိမိကိုယ်ကို မျှဝေခံစားပေးပါ။
ရင့်ကျက်မှုဖြင့် မိမိကိုယ်ကို လူကြီးဖြစ်အောင်နေ၍
အေးချမ်းမှုဖြင့် မိမိကိုယ်ကို ခေါင်းချထွက်ခွါသွားပါ။
ဒါဟာ လူ့ဘဝပါ
အဲ့ဒါကြောင့် လူပီသဖို့တော့ လိုမယ်
မိမိဟာ
သူတစ်ပါးအပေါ် ရန်ငြိုးမထားရဘူး
သူတစ်ပါးအပေါ် မယုတ်မာရဘူး
သူတစ်ပါးအပေါ် မကောက်ကျစ်ရဘူး
သူတစ်ပါးအပေါ် အမုန်းမပွားရဘူး
သူတစ်ပါးအပေါ် မရိုင်းစိုင်းရဘူး
သူတစ်ပါးအပေါ် မတိုက်ခိုက်ရဘူး
သူတစ်ပါးအပေါ် မနာလိုစိတ်မမွေးရဘူး
သူတစ်ပါးအပေါ် အလိုမတူသလိုမဆက်ဆံရဘူး
လူ့ဘဝမှာ လူတော်တစ်ယောက်ဖြစ်ဖို့ထက်
လူကေါင်းတယောက်အဖြစ်
ရှင်သန်သွားမှာပါ
မိမိကို မလိုအပ်ဘူးထင်တဲ့သူတွေ
စွန့်ပစ်သွားလည်း
မိမိကို လိုအပ်လာမယ့်သူများအတွက် အကောင်းဆုံးနေထိုင်သွားမယ်။
ဘဝထဲက ဘဝသမားများအတွက် ဘဝစာပေတစ်ရပ်ပါပဲ ။
ဖတ်မိသူတိုင်း မိမိဘဝကိုမိမိ နားလည်သဘောပေါက်ကြပါစေ ။