Author of this content has low reputation.

မြန်မာ တို့ အလှူ

Words
183
Reading
1 min
Listen
Play
9y

image

နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲ ဖြစ်သော ဆွမ်းဆန်စိမ်းလောင်းအလှူ တစ်ခု ကိုဒီ နေ့ မဟာမြတ်မုနိဘုရားကြီးမှာ ကျင်းပခဲ့ပါတယ်။ ယခုနှစ်တွင်လဲ ယခင်နှစ်များ ကဲ့သို့ အလွန်ပင်စည်ကားလှတာကိုတွေ့မြင်ရပါတယ် မြန်မာတွေဟာ စီးပွားရေး ဘယ်လောက်ပင် ချို့တဲ့ နေပါစေ လှူ ရေးတန်းရေးမှာ လက်မနှေးကြတာ မြင်ရတော့ ကိုတိုင်ပင် မလှူ နိုင်သော် ငြားလည်း ဝမ်းသာပီတိဖြစ်ရပါတယ်။ သံဃာတော်များကြွရောက်မလာခင် လှူ ရန် ဝတ္ထုပစ္စည်း များ ဝတ္တု ငွေများ အသင့်ပြင်ဆင် စောင့်ဆိုင်းနေတာကို တွေ့ရတာဖြင့် ဖော်ပြလို့မရနိုင်တဲ့ပီတိ တစ်ခုပါ။

image

လူကြီး ရော လူငယ်ပါမကျန် အလှူ တန်းမှာ ပါဝင်နေကြတာမြင်တွေ့ရမှာပါ
အလှူရှင်များဟာ ဆိုရင် မန်းတလေး မှ မြို့မိ မြို့ ဖ များပါမက နယ်မှလဲ လာရောက်လှူ တန်းကြပါတယ်။ တစ်နှစ် ကျောင်းသားလုပ်ဖူးပါတယ် အဲတုန်းက ဆို ဘုန်းဘုန်းနောက်ကလိုက်ပီ လှူ ဖွယ်ပစ္စည်းများကို သိမ်းပေးရတာပါ။ မလှူ နိုင်သော်လဲ တတ်တအား ကာယ အလှူ ပြုကြသော လူငယ်များစွာလဲ ပါရှိတာကို တွေ့ရမှာပါ။ အနယ်နယ် အရပ်ရပ်မှ ကုသိုလ်ပြု လှူ ဒါန်း လိုသူများလည်း လာရောက်လှူ ဒါန်းနိုင်ပါတယ်။
နှစ်စဉ်နှစ်တိုင်းကျင်းပနေသော အလျှောက် သံဃာဦးရေ ဟာလည်းများပြား လာသလို လှူ ဒါန်းသူ ဒကာ ဒကာမ ဟာလည်းတိုးများလာတော့ အလွန်ပျော်စရာကောင်းလှပါတယ်။

image

တချို့က မိသားစုလိုက်လာကြသလို တစ်ချို့ ကလဲ အသင်းအဖွဲ့ များ တချို့ ရောက်မှသိပီး လမ်းဘေးကနေ ဝတ္ထု ငွေ များကို လှူ ဒါန်းနေကြသည်ကိုလဲ မြင်တွေ့ရမှာပါ။မန်းတလေး မြို့ရဲ့ အကြီး ဆုံးဆွမ်းဆန်စိမ်း လောင်းပွဲ ကြီးတစ်ခု ဟု မြင်မိပါတယ်။ ဒီလိုနေမျိုးမှာ လူတိုင်းရဲ့စိတ်မှာ ပီတိ စားသုံးခြင်းဖြင့် ပြုံးပျော်နေမှာ အသေချာပါဘဲ။ သူများ၏ အလှူ ကိုမှမလှူ နိုင်တာဆိုပီးလဲ စိတ်ပျက်မယ့်သူများမတွေ့ရပါ။သာဓုသာဓုသာဓု ဟု ဘေးမှ ဆရာတော်ကြီးများအား ကြည်ညို စွာ လက်အုပ်လေးချီနေကြသောဖိုး ဖွားများကို တွေ့ရသည်မှာလဲ ပိတိဖြစ်ရပါတယ်။ ကုသိုလ် အရေးပေမို့
မအားလပ်ကြသော်လဲ ယခုလိုအချိန်တွင်တော့ လုပ်လက်စ အလုပ်များကိုပြစ်ထားခဲ့ ကြပီး တစ်တပ်တစ်အားနဲ့ ကိုတတ်နိုင်သလောက်လှု ဒါန်းနေကြတာပါ။

image
လှူဖွယ် ပစ္စည်းများ

မဟာမြတ်မု နိဘုရားကြီး ရဲ့ ဆွမ်းဆန်စိမ်း အလှူ ကိုကြုံဖူးချင်တယ် ပါဝင်ချင်တယ်ဆိုရင်ဖြင့် လာခဲ့ကြပါဦး လို့ဖိတ်ခေါ်ပါတယ်။အမြဲကြိုဆိုနေလျှက်ပါ လူအများနဲ့ စုပေါင်းပီး လှူ တဲ့ အလှူ ပေမို့ဘဝဆက်တိုင်းတွင်လဲ ရေစက်ပါပီး ကြုံ ကြဆုံကြရဦးမှာပါ။လူကြီးရောလူငယ်ပါမကျန် အားလုံးဟာ တန်းတူရည်တူ စေတနာရှင်များအဖြစ် မြင်တွေ့ရမှာဘဲဖြစ်ပါတယ်။မြန်မာ့ သားကောင်းသမီးပျိုများဟာလဲ လှလှ ပပ ဝတ်စားဆင်ယင်ပီး ယဉ်ကျေးသိမ့်မွှေ့စွာ လှူ တန်းနေတာကိုလဲ တွေ့မြင်နိုင်ပါတယ် ခင်ဗျာ။
photo from facebook
Author kyawkohtet@kyawkohtet
MSC-227

မြန်မာ တို့ အလှူ | Ecency