Author of this content has low reputation.

ရာစုသစ် နှစ်တွေ့ဆုံခြင်း

Words
248
Reading
2 min
Listen
Play
9y

နာရီတွေလည် နေ့ရက်တွေပြောင်း အပါတ်စဉ်တွေတိုးလို့ လနှစ်တွေပါ အသစ်အသစ်တွေ ဖြစ်နေခဲ့ပီ ခေတ်ကြီးလဲတိုးတက်လာတယ် နည်းပညာတွေလဲ တိုးတက်လာတယ် မတိုးတက်သေးတာက တော့ စာနာမှု နားလည်မှု ဝေဖန်ပိုင်းခြားမှု ဆိုတဲ့ လူတွေရဲ့ အသိစိတ်ပိုင်းဆိုင်ရာ လို့မြင်မိတယ် ဒါကလဲ အသစ် အသစ် ပေါ်လာတိုင်း တစ်စတစ်စ ပြောင်းလဲလာတဲ့ ရာစုသစ်ရဲ့ ပြောင်းလဲခြင်းလေလား။

(Unsupported http://www.clocklink.com/html5embed.php?clock=042&timezone=GMT0630&color=pink&size=356&Title=&Message=&Target=&From=2018,1,1,0,0,0&Color=pink)

အချိန်

အချိန်မရှိဘူးလို့ပြောကြတဲ့ လူတွေကြားကျွန်တော်လဲပါတယ် အချိန်ဆိုတာ ရှိသော်လည်း သူ့အလုပ်သူလုပ်လို့ ပုံမှန်လည်ပတ်နေတယ် မလည်ပါတ်တာ ကျွန်တော်တို့စိတ်တွေပါဘဲ လည်ပါတ်နေသော်လဲ တစ်ဦးနဲ့တစ်ဦးမတူညီတဲ့အမြင်များနဲ့ သာ ငြင်းခုန်ရင်း အချိန်တွေကုန်ဆုံးစေခဲ့ပြန်ပါတယ် " အချိန်နဲ့ ဒီရေသည် လူကိုမစောင့် " ဆိုသောစကားစုလေးတစ်ခုမှာလဲ ပြောဖို့သာကျန်နေခဲ့ပီး ဒီစကားလေး ရဲ့အဓိပ္ပါယ် မှတ်သားစရာ လိုက်နာစရာလေးတွေ ကိုမေ့လျော့ လို့နေကျပြန်ပါတယ် စည်းလုံးခြင်းသည် အင်အားဟု အတွင်တွင်ပြောနေသော်လည်း သူ့အမြင် ကို့အမြင်ကို ဖလှယ်မှုကနဲပါးပီး ကိုထင်ရာ ဇွတ်လုပ်တတ်ပြန်တာလဲ မြန်မာတွေရဲ့ အကျင့် တစ်ခုလိုဖြစ်နေပြန်ပါတယ် အချိန် ကို တားလို့မရသလို ပိုယူလို့လဲမရတာကို ကျွန်တော်တို့တွေ အားလုံး သိနားလည်တယ်ဆိုရင်ဖြင့် အချိန် တိုင်းကိုကျွန်တော်တို့ ယခုထက်ပို ပီးတန်ဖိုးထားဖို့ လိုအပ်နေပီလို့ မြင်မိပါတယ်။

image

photo from google

နေရာ

အလုပ်ခွင်ရောက်သူတိုင်း နေရာ တစ်ခုကို လိုချင်ကြတယ် ။ မြင့်လေ လစာကြီးလေ တာဝန်ကြီးလေ ဆိုတာကိုတချို့ ကသိသော်လည်း တချို့ က လိုချင်တက်မက်မှု လောဘ သာရှိကြပါတယ် ရောက်တဲ့ နေရာကိုပင် တာဝန်ကျေအောင် မထမ်းဆောင်နိုင် ဘဲ ငါ့အဆင့် ငါ့ပညာ နဲ့ ဒီထက်မြင့်တဲ့နေရာမှာ ရှိနေသင့်တာဆိုသောစိတ်ကြီး ဝင်မှု တစ်ခုကြောင့် ကို့ရဲ့တန်ဖိုးကို ကိုယ်တိုင်ချနေသလိုဖြစ်ပီး အလုပ်ခွင်စွမ်းဆောင်ရည်တွေ တဖြည်းဖြည်းကျဆင်းလာပါတော့တယ်။ အဲ့ဒီနောက် အသေးစားကိုယ်ပိုင်လုပ်ငန်း လုပ်သူတို့ချို့မှာလဲ အထက်ပါစိတ်မျိုး အခြေခံလေးတွေပါလာပီး မတူညီသောအမြင် ရှုထောင့်ကနေ တစ်မျိုး တွက်ချက်ကြပြန်တယ်။ ဒီအလုပ်လုပ်ဖို့ ဒီနေရာ ရမှ အဆင်ပြေမယ်။ ခုနေရာက အဆင်မပြေပါဘူး ဟိုနေရာလေးကတော့ဖြင့် လူသွားလူလာများတယ် ဒီနေရာကတော့ဖြင့်ချောင်ကျတယ် စသဖြင့် လွဲမှားတဲ့ အတွေးတွေ နဲ့ သာ အချိန်ကုန်ပီး နေရာ လိုက်ရွေးနေကြရင်ဖြင့် ချိန်တွေကမစောင့် သလို လိုချင်တဲ့နေရာကလဲ ရဖို့ ပိုဝေးသွားဖို့ဘဲ ရှိပါတော့တယ်။နေရာမရွေးရဘူး မဆိုလိုပါ ရတဲ့ နေရာလေးကိုအကျိုး ရှိအောင်လဲ အသုံးချသင့်သလို အခြေနေ အချိန်ခါ တိုက်ဆိုင်ရင်ဖြင့် ပိုမြင့်မားသော နေရာ ရာထူး ကို ရဖို့ လူတိုင်းဘဲ ကြိုးစားသင့်ပါတယ်။

image

photo from google

စိတ်

လူတော်တော်များများဟာ ခံစားချက် ကိုဦးစားပေးကြတယ် မထိန်းချုပ်နိုင်ကြပါဘူး။ သူတို့ထက်တမှုထူးခြားပီး အောင်မြင်လာသူတွေ ဟာ စိတ်ခံစားချက်ကို သူများထက်ပိုပီး ထိန်းချုပ်နိုင်သလို အောင်မြင်မှု ကိုလဲ သူတို့ဘဝ မှာ အကြိမ်ကြိမ် အရယူနိုင်ကြပါတယ်။ သူတို့တွေဟာ အလုပ်တစ်ခုလုပ်ဖို့ အချိန် လဲ မလိုသလိုနေရာလဲ မလိုပါဘူး သူတို့ရဲ့ လုပ်ချင် ကိုင်ချင်စိတ်ကသာ ဦးဆောင်ပီး လုပ်သင့်သော မလုပ်သင့်သောအရာများကို အစီစဉ်တကျ step by step တစ်ဆင့်ခြင်း စက္ကန့်မလပ် သွားနေပါတယ်။ ဒီအရာဟာ စိတ်ရဲ့ ဦးဆောင်မှု နောက်ကို လိုက်နိုင်တာဖြစ်ပီး သူ့တို့ရဲ့ အတွေ့ အကြုံ အသိအမြင် မတူ ကွဲလွဲ တဲ့ အယူဆတွေ ကိုသုံးသပ်အသုံးချပီး သူတို့ဘဝ ကိုအောင်မြင်မှုဆီ ခေါ်ဆောင်သွားတာဘဲ ဖြစ်ပါတယ်။ အချိန်ကို စောင့်နေသောသူ နေရာကိုရှာဖွေ နေသောသူ စိတ်ကို မထိန်းချုပ် နိုင်သောသူ တို့ဟာ ဘဝမှာ အောင်မြင်ဖို့ ပိုမို နည်းပါးနေတယ်ဆိုတာကို
အောင်မြင်သူတိုင်းလဲ သိကြပါတယ်။ ကျွန်တော့်စာဖတ်သူလည်း အချိန် နေရာ စိတ် ဒီသုံးခုကို အကျိုး ရှိအောင် အသုံးချနိုင်ကြပါစေဟု ဆန္ဒ ပြုရင်းယခုစာလေးကို အဆုံးသတ်လိုက်ပါတယ် ဆက်လက်တင်ပြပေးသွားပါမည် ကျေးဇူးတင်ပါတယ်ခင်ဗျ။

Author kyawkohtet@kyawkohtet
MSC-227

ရာစုသစ် နှစ်တွေ့ဆုံခြင်း | Ecency