Author of this content has low reputation.

စာရေးရင်း ငွေရ

Words
215
Reading
1 min
Listen
Play
8y

image

မထင်မှတ်ထား သောအရာများကား တစ်ခဏမဟုတ် ချက်ခြင်းမြန်ဆန်စွာ ပြောင်းလဲ နိုင်လှပေသည်။ယခင်စာ
ရေးဆရာကြီး ပီမိုးနင်း ရေးခဲသော ကလောင်နှင့် ငွေရ
စာမျက်နှာ အနည်းငယ်ဖတ်ရှု ပီးဆက်မဖတ်ဖြစ်သေး
သော်လည်း ဖတ်ပီးသလောက်ပင် ကို အတော်တန် အသုံးကျချေသည်။ နိုင်ငံခြား စာရေးဆရာ များနှင့် မြန်မာ
စာရေး ဆရာများ ကွာခြားသည့် အချက်ကို ထောက်ပြ
ထားသည်မှာ ဟာကွက် မရှိပါချေ။ အဖက်ဖက်က ပြည့်စုံ
သည်ဟု မဆိုနိုင်သော်လည်း တင်ပြ ပုံမှာ ယခုခေတ် နှင့်
မဆိုနှင့် ဆရာကြီး တို့ ခေတ် မှာ ပင် အတွေးခေါ် လေ့လာ
လိုက်စားမှု အရေးသား ကိုကြည့်ရတာဖြင့် အံသြဘနန်း
ပင် အတော် တော်သော ဆရာကြီး တစ်ဆူပါပေတည်း။

ကိုယ်တိုင်ပင် ဘာမှ မဟုတ်သော်လည်း စာရေးပျင်းသည်
စာဖတ်လောက်သာ ဝါသနာပါသော်လည်း ယခုနောက်
ပိုင်းတွင်တော့ စာအရမ်း ရေးချင်လာသည် steemit
တွင်ပင် စာရေး ရင်း ငွေရှာ ရသည်ကို သိသော်လည်း
ယခင်က ငွေသာ လိုချင်သည် စာမရေးချင်ခဲ့ပေ။ယခု စာ
ဖတ်အား များလာပြီးနောက် မိမိ အမြင် သူများ အမြင် မတူ
ညီသည်များ ဆရာ့ ဆရာကြီး များ ပင်လျှင် စာရေး သားရာ ၌ ရှေ့နောက် မညီ ညွှတ်ပုံ များကိုကြည့် ပီး အနည်း ဆုံးတော့ ကိုယ် ဘယ်အချိန် ကဘယ် လိုတွေးခေါ်ခဲ့သည်
ဘယ်လိုလုပ် ခဲ့သည် ဘယ်လို မှားခဲ့သည် ဘယ်လိုမှန်ဖူး
သည် စသဖြင့် မှတ်တမ်း မှတ်ရာ တစ်ခုအနေ နဲ့ ကျန် ခဲ့
ဦးမည် ကိုသိသောကြောင့် စာရေး သားလိုစိတ်မှာ တစ်ဖွား
ဖွား ပေါ်ပေါက်လာ ခဲ့ချေပီ။

ဆရာကြီး ပီမိုးနင်း ပြောခဲ့ သော ကလောင်နှင့် ငွေရ ဆိုသည် မှာ ယခင်က စာရေးဆရာ များ အတွက် လောက်
သာ ပြည်တွင်း စာရေးဆရာများ အား အားပေးလှုံဆော်
ရန် စာပေချစ်မြတ် နိုးသူများ အတွက် စာရေး ဆရာ သစ်
များ ပေါ်ထွန်းလာစေရန် ရေးခဲ့ဟန် တူသည်။ သူ၏ အ
ကျိုး မြတ် တွက် ဖြစ်စေဦးတော့ စေတနာက ဘလပွ နှင့်
ပင် တန်ဖိုး တစ်ခုသတ်မှတ်ဦးတော့ တန်ဖိုးထား တတ်သူ
များအတွက် တန်ဖိုး များ ပီး တန်ဖိုး မထားတတ်သူများ
အတွက်မူ အဘယ့်မှာ အသုံးကျမည် မဟုတ်ချေ။ စာပေ တိုင်း တန်ဖိုးရှိသည်တော့ မဟုတ် တန်ဖိုး ရှိသော စာပေတိုင်းသည်လည်း ပေါ်လွင်နေမည်တော့ မဟုတ်ပေ။
မည်သို့ပင် ဖြစ်စေ တန်ဖိုးထား တတ် သူများ လက်သို့သာ ဆရာကြီး ၏ စာပေများ ရောက် ရှိပီး လူသားအကျိုး ပြု စာ
ပေများ ရေး နိုင်ကြပါစေ ဟု ဆန္တပြုရင့်း့

Author-kyawkohtet@kyawkohtet

စာရေးရင်း ငွေရ | Ecency