Author of this content has low reputation.

စာနာမှု ပီတိ

Words
239
Reading
2 min
Listen
Play
9y

image
ကျွန်တော်တို့လူသားများဟာ အဆင့်မြင့် ဇီဝ မျိုးကွဲတဲ့ ထဲမှာပါတယ် ဘယ်သူမှ upgrade လုပ်မထားကြသော်လည်း သဘာဝတရားကြီးက စီစဉ်ဖန်တီးပေးထားသမျှ တွေကိုအကျိုး ရှိအောင် လုပ်ဆောင်နိုင်သလို အကျိုးမဲ့အောင်လဲ လူသား များကသာလုပ်ဆောင်နေကြပါတယ်။ ထပ်ပီး ကွဲ လွဲတာကလူသားချင်းချင်း ကို မတူညီတဲ့ညာဏ်ရည် ကိုခွဲ ထုတ်စရာမလိုကွဲနေပြန်ပါတယ်။ ဒီနေ့ကျွန်တော် အလုပ်ရှင် တစ်ဦးရဲ့ ဆောက်လုပ်ရေး ဆိုဒ်တစ်ခုကို ရောက်သွားပါတယ် အရင်က ကျွန်တော်ဟာ သာမန် ဆောက်လုပ်ရေးသမားတစ်ဦးဖြစ်သလို ခု လည်း ဘာမှမထူးခြားသေးပါ ဒါပေမဲ့ ပညာ ကိုတန်ဖိုးထားသင်ယူခဲ့တဲ့ အသီးညွှန့်ကို တော့စားသုံးနေရပီပေါ့။
image
ကားပေါ်ကဆင်းဆင်းခြင်းမှာဘဲ ဦးလေး တစ်ယောက်အရွယ်လူတစ်ယောက်က လာမေးတယ် ဆရာ ပစ္စည်းတွေ ဘယ်နားချ ရမလဲ တဲ့။ ဘဝင်တောင်လေ ဟပ်သွားသေး ငါဘာကောင်လား ဆို အတွေးက ဒါမယ့် စိတ်မကောင်း တစ်ချက်ဖြစ်သွားတယ်။ သူတို့ တွေ အတွေး မှာ ကားနဲ့ လာရင် ဆရာ လို့သတ်မှတ်နေကြတာလား ဒါကိုဘယ်သူ ကသူတို့ကို သင်ပေးထားလဲ ရိုက်သွင်းထားလဲ မှတ်ညာဏ်ထဲ ကို
ကာယ ညာဏ လုပ်သားတစ်ယောက် ဖြစ်လို့ အဆင့်တန်း ဆိုတာ တပ်ပီးခွဲခဲ့ကြတာလား။ ဦးလေးတစ်ယောက် အရွယ် ငါတူ ငါ့သား လို့ခေါ်ဦး ကျေနပ်ပါတယ် ခုကျ ဆရာ တဲ့ ဘာဆရာလဲ ကို့ဖာသာ တောင်ကို လည်ထွက်သွားတယ် ငါလဲ ဘာမှသင်ပေးထားတာ မဟုတ်။ ကျွန်တော် ထင်တယ် လူတစ်စု ရဲ့ စနက်တွေဆိုတာ ။
image
ကျွန်တော်တို့ နိုင်ငံကလဲ အခက်သား ကို့ထက် နိမ့်တဲ့သူဆို နင်းတက်ချင်သူက အများသား တကယ်ဆို ခုဏ ဦးလေး နဲ့ ကျွန်တော် နေရာမှာ သူကိုတောင် ကျွန်တော်ကဆရာ ခေါ်သင့်တာပါ သူ့လို အတွေ့ကြုံ ပညာ လုပ်သက် ပြောရရင် အကုန်သာနေတဲ့သူ တစ်ယောက်ပါ ။ ကျွန်တော် သူလုပ်နေတာ တွေ မသိဘူး သူအလုပ်လုပ်ဖို့ ပစ္စည်း လာပို့ပေးရင်းလိုက်လာတာ သူဟာ လူတော်ဆိုတာ ပြောပြချင် ဆရာ ကဆရာ ပါလို့ပြောပြချင်
ဒါပေမဲ့ ပြောမထွက်ခဲ့ပါဘူး။ တစ်ဖက်ကအတွေးတစ်ခုကျန်နေသေးလို့ပါဘဲ။ ခုလောလောဆယ် ပြောချင်တာက သူတို့ သူတို့ တွေ ကိုမနှိမ်ချ ကြစေချင် တတ်နိုင်ရင်ကူညီပေးကြပါ။ ကိုက ဘယ်လောက်တန် ဝတ်ထားလို့အပေမခံဘူးလား။ အိမ်သာတက်ရင်ရော စဉ်းစားစရာပါ။ကျွန်တော် ချွေးစက်တွေကြားက အပြုံး တစ်ခု ရဲ့ ပီတိ လေးဟာ အတော်ငြိမ်းချမ်းတာကို တွေ့ရပါမယ်။ အလွန်ဖြစ်တောင့်ဖြစ်ခဲရတောင့်ရခဲတဲ့အခြေနေတွေရှိတယ်။ကျွန်တော်ကိုယ်တိုင် အဲ့ပီတိလေးတွေ စားသုံးဖူး လိုသိနေတယ်ဗျ။ခင်ဗျားတိုတွေလဲ လုပ်ကြည့်ပါလား သူတို့လိုအပ်တာ ငွေကြေး ဆိုတာထက် စာနာမှု နားလည်မှုလေးတွေ လဲ လိုအပ် တယ်ဆိုတာ ခင်ဗျား တို့သိလာလိမ့်မယ်။ ကျွန်တော်တို့တွေလဲ လိုချင်ကြတာဘဲ လေ သူတို့ကိုလဲပေးလိုက်ပါ ကျွန်တော် အာမခံတယ် ငွေမကုန်ဘူး ခင်ဗျား အတွက် ရတဲ့ ပီတိက ခဏနေ သေသွားမယ်ဆိုရင်တောင် ကောင်းရာမွန်ရာရောက် ဖို့အာမခံတယ်ဗျာ။
image
လူတိုင်းစိတ်ချမ်းသာမှုကိုတော့လိုချင်ကြတာပါဘဲ ဘယ်သူမှ လူပင်ပန်းတဲ့ချိန် စိတ်ပင်ပန်းတဲ့ဒဏ်ကိုမခံနိုင်ကြဘူး တချို့ ပြောပြချင်သော်လည်း ပြောမထွက်ကြဘူး လူသားအချင်းချင်း ကူညီရိုင်းပင်းကြမယ် ဆိုရင်ဖြင့် ကျွန်တော်ထင်တယ် လောကကြီးက ထင်တာထက်ကိုအရမ်းလှပနေတော့မှာ ဆိုတာဘဲ။ သစ်ပင်စိုက်သူ ရှိသလို ခုတ်တဲ့သူလဲရှိနေမှာပါဘဲ သစ်တစ်ပင်ကောင်းရင် ငှက်တစ်သောင်းခို နိုင်တယ်လို့ရှေးလူကြီးသူမတွေပြောတာလဲကြားဖူးကြမှာပါ။လူတစ်ဦး တစ်ယောက် တစ်ခုခု ကိုလုပ်တယ်ဆိုတာဟာလဲ အကျိုးမဲ့ မဖြစ်ရင်အကောင်းဆုံးဖြစ်မှာပါ။ ကိုယ့်လုပ်ဆောင်ချက်ဟာ ဘယ်အရာမဆို အဆိုးကို ဦးမတည်ဖို့သာအဓိက ပါ မျှော်လင့်နေမယ် မနက်ဖြန် ကျွန်တော် ပီတိတွေစား သုံးချင်လို့ပါ့ 
Photo from google
Author kyawkohtet@kyawkohtet
MSC-227

စာနာမှု ပီတိ | Ecency