ကျွန်တော် gtalk အသုံးပြု ခဲ့ဖူးသည် 2008/2009 ဝန်းကျင်မှာ ဘာသာမတူ လူမျိုးကွဲ
တစ်ယောက်နှင့်သိကျွမ်း ခဲ့ပါတယ်။ ဘာသာမတူ လူမျိုး ကွဲ ဖြစ်တော့ စကားပြောရာ
မှာ အင်မတန်ခက်ခဲခဲ့ပါတယ် သူက ဂျပန် ကိုယ်က ဗမာ သိကျွမ်း ပုံကလဲ အဆန်း
ကျွန်တော့်သူငယ် ချင်းတစ်ယောက် ဂျပန်မှာ အလုပ်သွား လုပ်စဉ် သူနဲ့ အတူ အလုပ်
တွဲလုပ်ဖူးတဲ့ သူငယ်ချင်း ပါ သူ့နာမည်က နာကာမူတာရှီ ဆိုလား အပြည့်စုံတော့
မမှတ်မိတော့ပါ ကွန်တော်က သူ့အားအလွယ် naka ဟုသာခေါ်ပါတယ်။သူအလုပ်က
software ရေးရတာလို့ဆို ပါတယ်။ကျွန်တော့်သူငယ်ချင်းကလဲ ပညာသင်ရင်း စီးပွား
ရှာရင်းသွားတာပါ။ naka ကသူအလုပ်လုပ်တဲ့ company မှာ သူ့အမှား မဟုတ်တဲ့
အမှားတစ်ခုကြောင့်အလုပ်ထုတ် ခံခဲ့ရသူပါ အဲ့ ခေတ်က မြန်မာငွေ နဲ့ဆို သူ့လစာ
ဟာတစ်လကို မြန်မာငွေ 10 သိန်းကျော်ကြောင်း သူငယ်ချင်းကပြောပြပါတယ်။
naka ကအင်မတန် တော်တယ်ဟု ချီးကျူးထောပနာ အကြိမ်ကြိမ်ပြုခံရတယ် လို့လဲ
ဆိုပါတယ် company ကနေအလုပ်ထုတ်ခံရပီးနောက် သူဟာ ဘယ် company
ကိုမှ အလုပ်ထပ်မလျှောက်တော့ဘဲ ပြင်ပ နီးစပ်ရာ company များမှ လာအပ်သ
မျှ software များ ကိုသာရေးနေခဲ့ပါတယ်။ တနေ့မှာ သူ့သူငယ်ချင်း တစ်ယောက်
ဆီက mail တစ်စောင်ရခဲ့ပါတယ်။ mail က အလုပ်လုပ်ရန် ခေါ်တာဖြစ်ပီး အဖွဲ့
ဝင်အနေနဲ့နေရ မှာမဟုတ်ဘဲ ညွှန်ကြားချက်များကို လိုက်နာရမည် စသဖြင့်စည်း
ကမ်းပေါင်းများစွာ ပါဝင်တဲ့ mail တစ်စောင်ကို ဖတ်ပီး သူအတော်စိတ်ပျက်သွား
ပါတယ် အမှန်က naka က software ရေးပေး error စစ်ပေးရမှာပါ သူလုပ်တာကို
တော့ပြောပြလို့မရဘဲ နောက်ကွယ်ကနေသာ ဖြေရှင်းပေးရမှာ ဖြစ်ပါတယ်။ဝယ်ယူတဲ့
သဘောပါ မူပိုင်ခွင့် ဥပဒေ ဟာ သူတို့နိုင်ငံမှာ အရမ်း အရေးပါတာ သိတဲ့ naka ဟာ
ထိုအလုပ်ကို ငြင်း လွှတ်လိုက်ပါတယ်။ သူစိတ်ကူး တစ်ခုရသွားတယ် robot ကိုယ်
တိုင် ထွင်မယ်ဆိုပီး program အသေးစားလေးတွေ ရေးပီး စမ်းပါတယ် စိတ်ရောကိုယ်
ပါနှစ် လုပ်လိုက်တာ သူဟာ သာမန် ထက်အဆင့်မြင့်တဲ့ robot တစ်ခုတွက် program
တစ်ခု ပီးသွားခဲ့ပါတယ်။ coding အနေနဲ့ အလုံးစုံ ပြည့်ဝ ပီးစီးသွား ချိန် robot ဆင်ဖို့
သူငွေကြေး တစ်စွန်းတစ်စ ထက်မက များစွာ လိုအပ်လာတော့ ကျွန်တောl့် သူငယ်ချင်း
ကို naka ကတိုင်ပင်ပါတယ် သူ့ project ကိုရှင်းပြတယ်ပီးနောက် ရံပုံငွေ ရှာခိုင်းပါ
တော့တယ်။တကယ်တော့ မလွယ်ကူလှဘူးဆိုတာ naka သိတယ် သူဟာ software
engineer လောကမှာ နာမည်ပျက်ထားဖူးတော့ တော်ယုံ နဲ့ အဆင်မပြေနိုင်ဘဲဖြစ်
နေမှန်း သူကြိုးစားပီး ချပြသော်လည်း အချည်းနှီးသာ လိုအပ်သည့် ကုန်ကြမ်း များ
နှင့် ပြင်ဆင် တပ်ဆင်ဖို့ တွက် အချိန်အားဖြင့် နှစ်ရှည် ယူရမှာမို့ သူ့ project မှာဘယ်
သူဋ္ဌေးကမှာ invest မလုပ်ချင်ကြပါဘူး။ မအောင်မြင်ခဲ့ရင် ဆိုတဲ့ တန်ပြန် မေးခွန်း
များနှင့် ဆုံးရှုံးခဲ့ ရင် ဘယ်သူအာမခံပေးမလဲ ဆိုတဲ့ မေးခွန်း ကိုသာ ထပ်တလဲလဲ
naka ကြားနေခဲ့ရပါတယ် ။ပြည်တွင်း မှာ သူ့လုပ်ငန်း project ကိုမည်သူမှရင်းနှီး
ထည့်ဝင်လုပ်ကိုင် လိုချင်းမရှိသောကြောင့် naka ကျွန်တော်သူငယ်ချင်း ကိုအားကိုးပီး
တိုင်ပင် ရံပုံငွေ ရှာဖို့ အကူညီတောင်းခဲ့ပါတယ်။ကျွန်တော့်သူငယ်ချင်း လဲ ဘာစိတ်ကူး
ပေါက်သည်မသိ ဂျပန်စာ ကို တစ်လုံး တစ်ပါဒ မျှပင် နားမလည်သော ကျွန်တော်နဲ့
မိတ်ဆက်ပေးခဲ့ပါတယ်။ naka ကလာနှုတ်ဆက်တော့ ပထမ ကြောင်သွားသည်
ဂျပန်စာတွေ နာမည်က Eng လိုဘဲရေးထားသဖြင့် Gtalk မှာ request လုပ်သဖြင့်
ဒီတိုင်းသာလက်ခံလိုက်သည်လေ ကျွန်တော်မှာ မြန်မာ စာပင်ဖြောင့်အောင်မရိုက်
တတ် e လိုရေးခိုင်းသည် သူ e လိုပြန်နှုတ်ဆက်သည် ကျွန်တော် အလုပ်အတော်
ရှုပ်သွားသည် ကံကောင်း သည် memory stick ထဲ တွင်အမြဲ ဆောင်ထားသော
translater portable software လေး အကူညီဖြင့် အပြန်လှန်စကားပြောဖြစ်ကြသည်။
ပထမ တော့ မိတ်ဆက်ယုံသာ သူဘယ်သူ ကိုဘယ်သူ သူဘယ်က ကိုယ်ဘယ်က
ဒီလောက်နှင့်ပင် ညကျ သူငယ်ချင်းနှင့်တွေ့တော့မေးကြည့်လိုက်တော့ ဟုတ်ပါသည်
သူ့သူငယ်ချင်းဖြစ်ကြောင်း သူလဲ မကူညီနိုင်သောကြောင့် ကျွန်တော့် ဆီ လွှဲ လိုက်
ကြောင်း တတ်နိုင်ရင် ကူညီပေးပါရန် ပေါ့။ သေပီလေ ကို့မှာ ရံပုံငွေ ကူရှာပေးရမယ့်
အခြေနေ တစ်ရပ်ပေါ်လာတယ်။စဉ်းစားစမ်း စဉ်းစားစမ်း ဘာမှမရှိ ကိုတောင်ယောင်
ချာချာ naka အကြောင်းသူငယ်ချင်းပြောပြတော့ သနားပီး ကူညီချင်မိသော်လည်း
သေချာပါသည် ကျွန်တော် လုံးဝ မကူညီ နိုင်ပါဘူး ကျွန်တော့်အနေနဲ့ ဘာအင်အား မှ
လဲမရှိ အသိုင်းဝိုင်း ကြည့်ဦး ခြောက်တိခြောက်ကပ် ကျွန်တော် အာမတော့မခံ နိုင်ပါ
ရှာကြည့်ပေးပါမယ်ဆိုပီး blog တွေ မှာ လိုက်တင်သည် ဘာမှမဘာ ခဲ့ပါဘူး
comment လေးတောင်မရခဲ့ပါ မတတ်နိုင်ဘူးလေ ကိုလဲ တတ်နိုင်သလောက် လုပ်
ပေးပီးလေပီ တစ်လလောက်အတွင်း naka နဲ့ 7 ကြိမ်လောက်စကားပြောဖြစ်ခဲ့သည်
သူ့ပုံစံက စိတ်ပျက် အားငယ်မသွား ဘဲ software တွေ ကိုသာ နေ့စဉ် အသစ်အသစ်
တွေ ထပ်ပေါင်းထည့်နေခဲ့ကြောင်း ပြောပြပါသည်။ သူထုတ်လုပ်ချင်တဲ့ စက်ရုပ်အမျိုး
စားတစ်ခုမှာ လူသားတစ်ဦးကဲ့သို သွားနိုင်လာနိုင် အလုပ်လုပ်နိုင်အောင်ပင် မှတ်
ညာဏ်ကို ထည့်သွင်း ထားပေးမှာ မဟုတ်ဘဲ record စနစ်နဲ့ သင်ယူ ပီး တိုးတက်
အောင်လုပ်ဖို့စိတ်ကူး ထားသည် အန္တရာယ် များသော လုပ်ငန်းခွင် ကယ်ဆယ်ရေး
စသောနေရာ များတွင် အဓိက အသုံးပြု ရန်ဟုလည်းပြောပြပါသည်။ naka နဲ့ တစ်လ
လောက် သာသိကျွမ်းခဲ့သော်လည်း အတော် ခင်မင် မိခဲ့ပါသည် နောက်ပိုင်း တွင်
သူဌေးတစ်ဦး မှ ထောက်ပံပေးလို့ သူ့ project ကို စတင်ရန် ပြောင်းရွှေ့သွားသည်
ဟုသာ သိလိုက်ရသိ လိုက်ရသည်။ ဤမျှကျွမ်းကျင် သောပညာ ရှင် နှင့်သာ သိကျွမ်း
ခဲ့ပါသော်လည်း မကူညီနိုင် ခဲ့သလို ဘာပညာ မှလဲ မယူနိုင်ခဲ့ပါ။ကျွန်တော် နှင့် naka
ရဲ့ အကြောင်းမှာ ဤမျှသာ naka အကြောင်း သာရေးနေရသည် ဘာခေါင်းစဉ်တပ်
ရမှန်းမသိသေးပါ naka တစ်နေရာမှာ မင်းအောင်မြင် နေပါလိမ့်မယ် လို့ယုံကြည်ပါ
တယ် မင်းပညာတွေ ကို လိုအပ်နေတဲ့ ကမ္ဘာကြီး ရဲ့ နေရာတွေတိုင်းမှာကောင်း
ကောင်းအသုံးချနိုင်ပါစေ လို့ ဆန္တပြု ရင်းး. . . . . . . . . . . . . . . . . .
Author-@kyawkohtet
MSC-227