Author of this content has low reputation.

မူမပိုင် တဲ့ ငှက်

Words
49
Reading
1 min
Listen
Play
9y

ငှက်ကလေး ရေ နင်လည်း

အတောင်ညောင်းလှရော့မယ်

ငါ့အကိုင်း ငါ့အခက် ငါ့သစ်ရွက်

ခဏတာ ခို နားပီး အားအင် ဖြည့်လော့

မပူပါ နဲ့ အဆွေ ငှက်ငယ် အားအင် ပြည့်ဖြိုး

ခွန်အား တိုး ပီ ဆိုရင် ဖြင့် ပျံ လို ရာသို့

ဆက်လက် ပျံသန်းပါ ငါဟာ နင့်အတွက်

လှောင်အိမ် မဟုတ် ချေချ ယာယီ ခိုနား စေဖို့ သစ်ပင်

ကဲ့သို့သာ အဆွေ ငှက်ငယ်

ချုပ်တည်း မထားပါဘူး ပျံလိုရာ သို့ ပျံသန်းလော့

စိတ်လွတ် ကိုယ် လွှတ်ပျံ သန်းလော့

မူမပိုင် တဲ့ ငှက် | Ecency