လူတစ်ယောက် ၏ ဘဝ မှာ နိဒါန်း နှင့် နိဂုံး ဆိုသော အစ နှင့် အဆုံး ဟူ၍ နှစ်မျိုးသာ
ရှိသော်လည်း သူ၏ ကြားထဲ တွင် များစွာသော ခေါင်းစဉ်တပ်စရာများ သော နိဒါန်း
ပေါင်းများစွာ နိဂုံး ပေါင်းမှားစွာ နှင့်ပင် ခေါင်းစဉ်တူ ပုံစံကွဲ များစွာ ရှိသလို ပုံစံ
တူခေါင်းစဉ်ကွဲ များစွာလဲ ရှိနေပေသေးသည်။ မည်သို့ပင်ဖြစ်စေ နိဒါန်း နှင့် နိဂုံး
ကြားမှာ တိုတောင်းလှသည် ထင်ရသောလဲ ရှည်လျှား ပွေလီ ရှုပ်ထွေး သော လူ့လော
ကသို့ရောက်လာလျှင် လူကဲ့သို့ကျင့် ရပေမည် ။လူကဲ့သိုနေရပေမည် လူကဲ့သို့ သွား
လာနေထိုင်စကားပြောရပေလိမ့်မည်။ဝမ်းတစ်ထွာ အတွက် အလုပ်လုပ်ရမည်။
လူတောတိုးရန် ဝတ်စားဆင်ယင် ပြင်ဆင်ဖို့ အလုပ်လုပ်ရမည် သွားလမ်းသာလို့
ပြန်လမ်းဖြောင့် ဖြူးဖို့ စဉ်းစား ဆင်ခြင် တွေးတော့ပြင် ဆင်ရပေမည်။
လူရယ်လို့ဖြစ် စဉ် ကိုနှစ်ခု ခွဲ ထုတ်လို့သာ ရသည် ယောက်ကျားလေး မိန်းကလေး
ဟုသာ ဒါထက်ထူး ပြီးရူးကြ သူများကတော့ ယောက်ျားဘဝ မှ မိန်းမ ဖြစ်ချင်ကြသည်
မိန်းမ ဘဝ မှယောက်ျား အဖြစ်ကို လိုချင်ကြသည် အပေါ်ယံ ခြုံလွှာတွေ မည်သို့ပင် ဖုံး
စေကာမှု သူတို့ ပင်ကို ယောက်ျားဖြစ်သည် မိန်းမ ဖြစ်သည် ဟူသော ပညတ် တစ်ခု
ကိုတော့မူ ပြစ်ခါ ဖယ်ထုတ်မေ့ထား လို့မရပေ ဖွဲ့စည်းတည်ဆောက်ထားသော ခန္ဓာ
ကိုယ် အချိုးအဆစ် အဖု အထစ် သဘာဝကဖန်တီးပေးထားပြီးသားလဲဖြစ်သည်။ စိတ်
၏ အားနည်းသော အပိုင်း အားသာသော အပိုင်း တချို့ က လှူံဆော် မှု လွန်ကဲလွန်း
သဖြင့် ယောက်ျားမိန်း မိန်းမကျား များဖြစ်လာခဲ့လေသည်။ အစပိုင်း တွင် လူ့ပါတ်ဝန်း
ကျင်အသိုင်း ဝိုင်း မှလက်မခံသောကြောင့် ပုန်းလျိုး ဝှက်လျိုး ဖြင့် ခြောက်ကြ စိုကြသော်
လည်း ယခုအချိန် တွင်တော့ ပါတ်သတ်ရာ အကြီးအကဲ တို့ ၏ အားပေးလှုံ ဆော်မှု
များ ကြောင့် စိတ်လွတ်ကိုယ် လွတ် ဘဝအစစ် ကိုပင်ပြောင်းလဲ နိုင်ပီ ဖြစ်သည်မှာ
လဲ အံမခန်း ဆေးပညာ တိုးတက်မှု တစ်ခုကိုမြင်နိုင်လေသည်။
တချို့ ကကောင်းသောအရာကိုဖန်တီး သည် တချို့ ကဆိုးသောအရာကို ဖန်တီးသည်
ထိုသူတို့ ၏ အစပထမ ဦးဆုံးရည်ရွယ် ချက် အများစုမှာ လူသား ကောင်းကျိုး ကမ္ဘာကြီး
ကောင်းကျိုး အတွက်ဟု သာ လူ့သဘော မနော မှာလဲ ကိုယ် ကြိုက်တာ ကိုပြု လုပ်သူ
ကိုသာလျှင်သဘောကျလေ့ ရှိပီး ကိုမကြိုက်သည့် အရာ တစ်ခု အားစကားဖြင့်စ လျင်
ပင် မကြိုက်တတ်ကြပေ။ လူသဘော မှန်သည် မှားပါသည် အလွန်ပြင်းသော အက်
ဆစ် ကိုသောက်သုံး ၍မရ တခြားသော ချေဖျက်နိုင်စရာ ရှိသည် များ လျှပ်စစ် ရရန်
bettry များမှာ အသုံးပြု နိုင်သည် အက်ဆစ် ပိုင် ဆိုင်သူ နှစ်ဦး မှာ အသုံးချ တတ်သူ နှင့်
အသုံးချ တတ်သူ အမြင် နှစ်မျိုး ကွဲ နေလိမ့်မည်။အသုံးချတတ် သူအတွက် အက်ဆစ်
သည် တတ်ဖိုး ရှိပစ္စည်း တစ်ခု ဟု လက် ခံနိုင်သော်လဲ အသုံး မချတတ်သော သူအဖို့
ထိုအက်ဆစ်သည် အန္တရာယ်ပေးမည့် ပစ္စည်း သက်သက်သာလူလူဖြစ်သော်လည်း
စဉ်းစားတတ် ပုံခြင်း မတူ သည့်သဘော ကိုပြခြင်း ဖြစ်သည်။ ထို့ကြောင့်စိတ်ဓါတ်ကွာ
သည် ဖြတ်သန်းပုံ ခြင်း မတူ ၍ အမြင် ကွဲ သည် ကိုယ်က အကောင်းမြင် နေဦး သူက
အဆိုးမြင်ခြင် မြင်နေ နိုင်ပီး ကိုကအဆိုး မြင်နေချိန် တစ်ဦး တစ်ယောက်က အကောင်း
မြင်နေနိုင်သည်လေ။ လူသဘာဝ လူမနော အကြောင်း ကို ရှေး စာတော် ကြီးများလဲ
ရေးသားဖူး သော်လည်း ယခု တိုင် စိန် ကဲ ရွှေ ကဲ ထက် လူကဲ ခတ် ဖို့ရန် မှာ အင်
မတန် ခက်ခဲနေတုန်းပင် ရှုပ်ထွေး လွန်းလှပေသည် ဒီသံသရာမှာ ငါသည် လည်း
ဘယ်အချိန် ထိ ကျင်လည်နေဦးမလဲ ငါဘာတွက် လူဖြစ်နေတာ လဲ ဟု တွေးရင်းးးးးး
Author-@kyawkohtet
MSC-227