Author of this content has low reputation.
မှောင်ထဲ မည်းထဲ သတိရစိတ်တွေနဲ့ ငုတ်တုတ်ထိုင်
တွေးမိတွေးရာနဲ့ ငိုင်နေရင်း လွမ်းတဲ့စိတ်က အိပ်ပျက်စေခဲ့
မှုန်ဝါးဝါးအမြင်တွေ ရဲ့ စိတ်ဟာ ခန္ဓာ ကိုခွာ
အတိတ်လိုလို အရိပ်လိုလို အရူးတစ်ယောက်လိုကျွန်ုပ်
ညနက်နက်မှာ အလွမ်းတွေက ပိုပို ပြင်းထန်လာ
သောတရှင်ရဲ့လိုရာတေးမှာ ရင်ဘက်ချင်းညှိသံတွေနဲ့
ကြေကွဲဖွယ်ဆွတ်ပျံ့ အလွမ်းဓါတ်ခံဂီတမှာ
ကြယ်တွေဟာ အလိုက်သင့်ကြွေကျနေလေရဲ့
ခရေကောက်သူတစ်ယောက်သာ အရှိုက်ထိတဲ့
သတိရခြင်းတွေ သီကုံးရင်း လွင့်မျော
ချစ်သူဝေးကွာခြင်းကို ဘယ်သို့ ဖြေရမယ်
သတိရ စိတ်တွေ ကြီးစိုးနေလဲ
ရင်မှ အလွမ်း တို့က ဆက်လက်ကြီးထွားနေတယ်
MSC-227
@kyawkohtet